ကမ္ဘာနဲ့အနီးဆုံးဖြစ်ပြီး နေထက်လည်းကြီးတဲ့ Black hole စကြဝဠာတွင်းနက်ကြီးတခုကို အာကာသပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ လာမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေမှာ ယူကရိန်းနဲ့ မြောက်ကိုရီးယားအရေး အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးအပေါ် သက်ရောက်မှုရှိနေတဲ့ ကိစ္စရပ်အများအပြား ဆွေးနွေးသွားမှာ ဖြစ်ပြီး၊
အမေရိကန်အစိုးရသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ (၄) ရက်ပဲ လိုတော့ချိန်မှာ၊ သမ္မတဘန်ဒန်က သူ့ပါတီ အနိုင်ရနိုင်ချေ များတယ်လို့ ပြောကြားလိုက်ပါတယ်။
တရုတ်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အဂတိလိုက်စားမူ တိုက်ဖျက်ရေး ကော်မရှင်က ကြေညာပါတယ်
ကိုဗစ်ကပ်ဘေးကာလအတွင်း ထိခိုက်မှုအများဆုံး ဖြစ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်နာလန်ထူနိုင်အောင် အစိုးရထုတ်ချေးထားတဲ့ ချေးငွေတွေ ပြန်ဆပ်ရမယ့်အချိန်ကို စစ်ကောင်စီက သက်တမ်း ၁ နှစ်တိုးလိုက်ပါတယ်။
ဒီသီတင်းပတ်ထဲမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို နောက်ထပ်တရက်တိုး ဆက်လုပ်နေချိန်မှာပဲ မြောက်ကိုရီးယားကလည်း ဒုံးကျည်တွေ ထပ်ပြီးပစ်လွှတ်ခဲ့တာပါ။
ကမ္ဘာမှာ ဇီဝမျိုးကွဲအများဆုံးရှိတဲ့ မိုးသစ်တောထဲမှာတောင် ပီရာရူကူ (Pirarucu) ငါးတွေဟာ ထင်ရှားပါတယ်။ သူတို့ဟာ အလေးချိန် ၂၀၀ ကီလို (ပေါင်၄၄၀) ထိရှိနိုင်ပြီး အမေဇုန်တောထဲက သိထားသမျှ ငါးမျိုးစိတ် ၂၃၀၀ထဲမှာ အကြီးဆုံးငါးအမျိုးအစားဖြစ်ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအင်မရာခန် ဒီကနေ့ နိုဝင်ဘာ ၃ ရက် စည်းရုံးရေးခရီးစဉ်မှာ လုပ်ကြံပစ်ခတ်ခံရပြီး ခြေထောက်ကို ထိမှန်သွားပါတယ်။ အသက်အန္တရာယ်တော့မရှိဘူးလို့ သူ့လက်ထောက်တွေကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။ တခြား လူ ၄ ဦးလည်း ဒဏ်ရာရသွားပြီး သေဆုံးမှုတေော့ မရှိပါဘူး။
အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးတခုကို အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်အထိ ပြုလုပ်ကြပါတယ်။ ၂၀၁၇ ကတည်းကရပ်ထားတဲ့ အနုမြူဗုံးစမ်းသပ်မှုကို မြောက်ကိုရီးယားက ပြန်စတော့မယ်လို့ ခန့်မှန်းရတာကြောင့် ဒါကိုတားဆီးဖို့ ကန်နဲ့ တောင်ကိုရီးယား ဗျူဟာချပြင်ဆင်နေတာဖြစ်ပါတယ်။
လူ ၁၅၀ ကျော် သေဆုံးခဲ့ရတဲ့ တစ္ဆေကြီးများပွဲတော် ဖြစ်ရပ်ဆိုးကြီးနောက်ပိုင်း ပြေးရင်းလွှားရင်း ကျန်ခဲ့တဲ့ပစ္စ္စည်းတွေရယ်၊ အခင်းဖြစ်တဲ့ညက ယာယီရေခဲတိုက်လို အလောင်းတွေထားခဲ့ရတဲ့ အားကစားရုံကြီး တိတ်ဆိတ်နေပုံရယ်က အထူးခြောက်ခြားစရာကောင်းနေပါတယ်။
ဥတုရာသီအရေးတက်ကြွလှုပ်ရှားတဲ့ Just Stop Oil အဖွဲ့က အဖွဲ့ဝင်တွေဟာ ၂၀၂၂ အောက်တိုဘာ ၃၁ရက်နေ့က လန်ဒန်မြို့မှာရှိတဲ့ အထင်ကရအဆောက်အအုံအများအပြားကို လိမ္မော်ရောင်ဆေးနဲ့ ပက်ဖြန်းခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်အတွင်း ၂၀၂၂ အောက်တိုဘာ ၃၀ တနင်္ဂနွေနေ့တုန်းက ကေဘယ်ကြိုးတံတား ပြိုကျခဲ့တဲ့အခိုက်အတန့်ကို လုံခြုံရေးကင်မရာကနေ ဖမ်းယူရရှိထားတာဖြစ်ပါတယ်။
ဆွစ်ဇလန်နိုင်ငံမှာ ၁ မိုင်ကျော်တဲ့ ရထားတွဲရှည်ကြီးတစင်း ခုတ်မောင်းပြီး ဂင်းနစ်ကမ္ဘာ့စံချိန် တင်သွားတာပါ။ ဆွစ်ရထားလိုင်း RhB ရဲ့ ၁၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြေးဆွဲတာ ဖြစ်ပါတယ်။ ခရီးသည်တွဲပေါင်း ၁၀၀ ပါဝင်ပြီး ရထားမောင်းသူ ၇ ဦး၊ စက်ပြင် ၂၁ ဦးတို့နဲ့ ရထားခုတ်မောင်းခဲ့ရပါတယ်။
အင်္ဂလန်က ချက်စ္စတာတိရစ္ဆာန်ရုံမှာ အောက်တိုဘာ ၁၄ရက်နေ့က ရှားပါးတဲ့ ဦးချိုတချောင်းပါ ကြံ့လေးတကောင် မွေးဖွားခဲ့ပါတယ်။ အလေးချိန် ၅၀ကီလိုဂရမ် (ပေါင် ၁၁၀)ရှိတဲ့ ဒီကြံ့မလေးဟာ သူ့မိခင်နဲ့အတူ လမ်းစလျှောက်နေပါပြီ။
အီရန်နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေအတွင်း သတင်းထောက်တွေအတော်များများ ဖမ်းဆီးခံရတဲ့အပေါ် အီရန်သတင်းထောက်တွေက ဒီနေ့ ရှုတ်ချလိုက်ကြပါတယ်။
ကုလသမဂ္ဂက ကြားဝင်ညှိုနှိုင်းပေးတဲ့ သီးနှံတင်ပို့မှု သဘောတူညီချက်ကို ရုရှားက ရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီ သဘောတူညီချက်ကြောင့် ယူကရိန်းက သီးနှံ ၉ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး၊ ကမ္ဘာ့ဈေးကွက်မှာ သီးနှံဈေးကျဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။
ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ သူ့ဇနီးတို့ဟာ အီရန်ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ပြသဖို့အတွက် ကနေဒါနိုင်ငံ အိုတာဝါမြို့က အီရန်ဆန္ဒပြသူများ ထောက်ခံချီတက်ပြပွဲမှာ ပါဝင်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေကို တိုက်ခိုက်သတ်ဖြတ်တာတွေ တိုးလာပြီးတဲ့နောက်၊ ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က သံသယရှိတဲ့သူတွေကို နှိမ်နှင်းတာတွေကို စတင်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ဒစ်ဂျစ်တယ် လုံခြုံရေးအန္တရာယ် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက တယ်လီနော အသုံးပြုသူတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ တယ်လီနောက သောကြာနေ့မှာ ပြောလိုက်ပါတယ်။
ဟောင်ကောင်ကျွန်းမှာ ဒေါ်လာသန်း ၁၄၀ တန်ဖိုးရှိတဲ့ ပမာဏ အများဆုံး methamphetamine စိတ်ကြွ ရူးသွပ်ဆေးရည်တွေ ဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်