ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပွဲမတိုင်ခင် ထောင်ဂဏန်းတွေချီတဲ့ နိုင်ငံခြားသား အခြေခံလုပ်သားတွေကို မြို့ထဲအိမ်ယာတွေကနေ ရှင်းထုတ်နေပါတယ်။
ဖိလစ်ပိုင်ကို သောကြာနေ့က ဝင်ရောက်တိုက်ခတ်တဲ့ အပူပိုင်းမုန်တိုင်း Nalgae ကြောင့် သေဆုံးသူ ၄၅ ယောက်ထက်မနည်း ရှိသွားပါပြီ။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့အိမ်ထဲအထိ လူတယောက်ဝင်ပြီး ခင်ပွန်းသည်ကို ရိုက်နှက်တိုက်ခိုက်ခံခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
နိုင်ငံတော်လျှို့ဝှက်အက် ဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုနဲ့ ထောင်ဒဏ် ၃ နှစ်ချခံထားရတဲ့ NLD အစိုးရ လက်ထက် စီမံဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း အောက်တိုဘာ ၂၈ ရက် သောကြာနေ့က ပြန်လွတ်လာပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ အောက်တိုဘာ ၂၄ တနင်္လာနေ့ညက ဆိုင်ကလုံး စီထရမ်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးတဲ့နောက် ပြိုလဲသွားတဲ့ တဲအိမ်တွေကြေား စစ်တကောင်းမြို့ခံတွေ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ရှာဖွေနေကြတာဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အနည်းဆုံး ၂၄ဦးသေဆုံးပြီး လူ ၁သန်းလောက် ဘေးကင်းရာရွှေ့ပြောင်းခဲ့ရပါတယ်။
အီတလီနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်းမာရီယိုဒရာဂီနဲ့ သူ့နေရာကိုဆက်ခံမယ့် ဝန်ကြီးချုပ်သစ် ဂျီယိုဂျီယာမယ်လိုနီတို့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရောမမြို့မှာကျင်းပခဲ့တဲ့ ရာထူးလွှဲပြောင်းပေးအပ်ရေးအခမ်းအနားမှာ တွေ့ရတာဖြစ်ပါတယ်။
အစိုးရကို ရေနံနဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှုလိုင်စင်နဲ့ သဘောတူညီချက်အသစ်တွေ ဆက်မထုတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ Just Stop Oil ဥတုရာသီအရေးတက်ကြွလှုပ်ရှားမှုအဖွဲ့က လန်ဒန်မြို့မှာရှိတဲ့ မက်ဒမ်တူးဆော့ပြတိုက်က တတိယမြောက်ချားလ်စ်ဘုရင်ရဲ့ ဖယောင်းရုပ်ထုကို ကိတ်မုန့်နဲ့ ပေကျံအောင်သုတ်လိမ်းလိုက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
Last Generation လို့နာမည်ပေးထားတဲ့ ဥတုရာသီအရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့က အဖွဲ့ဝင် ၂ဦးဟာ ဥတုရာသီကာကွယ်ရေးနဲ့ ရုပ်ကြွင်းလောင်စာထုတ်ယူမှုကို ဆန္ဒပြတဲ့အနေနဲ့ ၂၀၂၂ခုနှစ် အောက်တိုဘာ ၂၄ရက်နေ့က ဂျာမနီပြတိုက်တခုမှာရှိတဲ့ ပန်းချီဆရာကြီးမိုနေးရဲ့ ပန်းချီကားတချပ်ကို အားလူးပြုတ်ထောင်းအဖတ်တွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။
ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ရဲ့ တပ်မဟာ ၉ နယ်မြေ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည တေးဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သား ၅၀ ထက်မနည်း သေဆုံးတဲ့အကြောင်း KIO ကချင်လွတ်လပ်ရေးအဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါ ကြီးထွားလာမှုတွေကြောင့် လုံခြုံရေးအခြေအနေ ဆိုးရွားလာနေတာကို တန်ပြန် လုပ်ဆောင်နိုင်ရေး ရည်ရွယ်ပြီး ဂျပန်နဲ့ သြစတြေးလျအစိုးရအကြား စစ်ရေး၊ ထောက်လှမ်းရေးနဲ့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို မနေ့ အောက်တိုဘာလ ၂၂ ရက်နေ့က လက်မှတ် ရေးထိုးလိုက်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက်ရှိ Bandarban ခရိုင်အတွင်းကို လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် မိသားစု ၃၀ လောက်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
မက္ကဆီကိုနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေအလာများတဲ့ ပစိတ်ဖိတ်သမုဒ္ဒယာ ကမ်းရိုးတန်းတလျှောက်ကို ပြင်းအားအဆင့် ၄ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖို့ရှိတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးဌာနက အရာရှိနေတွေဟာ မနေ့စနေနေ့မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
လက်ရှိ တရုတ်သမ္မတ Xi Jinping ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် တတိယသက်တမ်း ဆက်လက်ထမ်းဆောင်မှာ ဖြစ်ပြီး၊ သူ့ မူဝါဒ ထောက်ခံသူတွေက ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တွေ ဖြစ်လာကြပါတယ်။
⏯တရုတ်နိုင်ငံမှာ သီတင်းတပတ်ကြာ ကျင်းပနေတဲ့ ပြည်သူ့ကွန်ဂရက်ညီလာခံနောက်ဆုံးအစည်းအဝေးပြန်မစခင် သမ္မတဟောင်းဟူကျင်တောင်းကို ညီလာခံခန်းမကြီးထဲကနေ လူနှစ်ယောက်က လာခေါ်ထုတ်သွားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ သီတင်းတပတ်ကြာ ကျင်းပနေတဲ့ ပြည်သူ့ကွန်ဂရက်ညီလာခံမှာ သမ္မတ Xi Jinping ခေါင်းဆောင်နေရာ ဆက်ယူနိုင်မယ့် ပါတီဖွဲ့စည်းပုံကို ဒီနေ့ ပြင်ဆင်အတည်ပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF) က အမည်မည်းစာရင်းသတ်မှတ်ပြီး အရေးယူလိုက်တဲ့အပေါ် မြန်မာစစ်ကောင်စီဘက်ကတော့ ဒါဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာလို့ တုံ့ပြန်ပါတယ်။
အီတလီနိုင်ငံမှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ဂျော်ဂျီယာ မီလိုနီ (Giorgia Meloni) ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်က ဗလီကြီးတခုရဲ့ အမိုးအခုံး ၂၀၂၂ခုနှစ် အောက်တိုဘာ၂၀ရက်နေ့ မီးလောင်ပြီး ပြိုကျသွားပါတယ်။
၁၉၈၆ မှာ ရေတံခွန်နဲ့ အနီးဝိုက် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲဝင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့အံ့ဘွယ်နေရာတခုထဲ စာရင်းသွင်းခံရတဲ့ အီဂွာဆူးဧရာမရေတံခွန်ကြီးမှာ ရေက နဂိုထက် ၁၀ ဆ ပိုများနေပါတယ်။ အီဂွာနားမြစ်ရေခန်းတဲ့အထိ မိုးမရွာပဲမိုးခေါင်ခဲ့ပြီးမှ အခုလို အကြီးအကျယ်ရေတက်တဲ့ထိ မိုးရွားသွန်းခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်နဲ့ တောင်ကိုရီယားတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာကို မြောက်ကိုရီးယားက အထူးဒေါသထွက်နေပါတယ်။ မြောက်ကိုရီးယားက အခုတလောမှာလည်း ဒုံကျည်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ဒေသတွင်းတင်းမာမှု မြင့်မားနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်