ထိုင်းနိုင်ငံမှာ နိုင်ငံရဲ့ ၄၀% နီးပါး ရေဘေးသင့်နေချိန် မိုးထပ်များနိုင်ပြီး ရုတ်တရတ် ရေကြီးရေလျှံမှုတွေဖြစ်မယ်လို့ အောက်တိုဘာ တတိယပတ်မှာ တာဝန်ရှိသူတွေ သတိပေးချက် ထုတ်ပြန်ရပါတယ်။ ပြည်နယ် ၇၇ ခုထဲက ၅၉ ခုမှာ အိမ်ခြေပေါင်း ၄ သိန်းခွဲ ရေဘေးသင့်နေတယ်လို့ ထိုင်းပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ယူကရိန်း အရှေ့ပိုင်းမှာ သိမ်းပိုက်ခံ နေမြေတွေကို ယူကရိန်း တပ်ဖွဲ့တွေက ပြန်လည် သိမ်းယူလာနေတဲ့ အချိန်မှာဘဲ ယူကရိန်း နိုင်ငံတွင်း ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားရာ ဒေသတွေထဲက ဒေသ ၄ ခုကို ရုရှားသမ္မတ Vladimir Putin က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
ဒီနှစ်အတွက် ဥရောပရဲ့ ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ရုရှားရဲ့ ကျုးကျော်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေသူတွေအဖြစ် ယူကရိန်း ပြည်သူတွေကို ဥရောပပါလီမန်က ချီးမြှင့်လိုက်ပါတယ်။
ဗြိတိန်က အရေးပေါ်ရဟတ်ယာဉ်ဆေးဘက်အကူတဦးဟာ Iron Man စတိုင်ဝတ်စုံကို မိုးပြင်းလေပြင်းကြားထဲ ပထမဆုံးအကြိမ်စမ်းသပ်ပျံသန်းခဲ့ပါတယ်။
ယူကရိန်း နိုင်ငံတဝှမ်းက မြို့တွေကို ရုရှားတပ်ဖွဲ့တွေက အင်္ဂါနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး စွမ်းအင်စက်ရုံတွေကို ထိမှန်ကာ သိန်းချီတဲ့ ယူကရိန်း ပြည်သူတွေအတွက် လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်တောက်နေပါတယ်။
ရုရှား နိုင်ငံက ဆိပ်ကမ်းမြို့ Yeysk က လူနေရပ်ကွက် တခု အတွင်း ရုရှားစစ်လေယာဉ်တစင်း ပျက်ကျခဲ့တာကြောင့် သေဆုံးရသူ ၁၄ ဦးထိ ရှိလာခဲ့ပြီး လေယာဉ် ပျက်ကျမှုကြောင့် လူနေအိမ်ယာ အဆောက်အအုံ တခုမှာ အကြီးအကျယ် မီးလောင်ခဲ့ရပါတယ်။
၂၀၂၂ခုနှစ် အောက်တိုဘာ ၁၇ရက် တနင်္လာနေ့က ရုရှားနဲ့ ယူကရိန်းကြား အကျဉ်းသားလဲလှယ်ရေးအစီအစဉ်တခုပြီးစီးဆောင်ရွက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကျဉ်းသား စုစုပေါင်း ၁၁၀ကို နှစ်ဘက် ဖလှယ်ခဲ့တာဖြစ်ပြီး ယူကရိန်းအမျိုးသမီး ၂ဦးကတော့ ရုရှားမှာပဲ နေထိုင်ဖို့ဆုံးဖြတ်ကြောင်း ဆိုပါတယ်။
ရုရှားနဲ့ ခရိုင်မီးယားဒေသ ဆက်ထားတဲ့ တံတားကို ဖောက်ခွဲပစ်လို့ဆိုပြီး ယူကရိန်းမြို့တော်ကို ရုရှားက တိုက်ခိုက်နေတာမှာ ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်နဲ့ ပစ်မှတ်ကို အသေခံဝင်တိုက်တဲ့ ကာမီကာဇီတိုက်ခိုက်မှုမျိုး အီရန်ထုတ်ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ယူကရိန်းကပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီညီလာခံ စတင်ကျင်းပတဲ့ ၂၀၂၂ အောက်တိုဘာ ၁၆ရက် တနင်္ဂနွေနေ့က ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ တရုတ်အစိုးကို ဆန္ဒပြနေချိန် ဆန္ဒပြသူတဦးကို ကောင်စစ်ဝန်ရုံးထဲက လူတချို့ထွက်လာပြီး ရိုက်နှက်ခဲ့ပါတယ်။
ပြင်သစ်မှာ ရေနံချက် စက်ရုံတွေရဲ့ လုပ်အားခ တိုးမြှင့်ရေး သတင်းပတ်နဲ့ချီ ဆန္ဒပြပွဲတွေကနေ အထွေထွေ သပိတ်မှောက်ကြဖို့ လှုံ့ဆော်နေကြတာနဲ့ အတူ အောက်တိုဘာလ ၁၆ ရက်နေ့ တနင်္ဂနွေနေ့မှာတော့ မြို့တော် ပါရီက လမ်းမတွေပေါ်မှာ လူပေါင်း ထောင်ချီ ချီတက်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
အီရန်နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ တဟီရန်မြို့တော်က အယ်ဗင် အကျဉ်းထောင် မီးလောင်ခဲ့တဲ့အတွက် ၄ ဦးသေဆုံးပြီး ၆၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တနင်္ဂနွေနေ့ တုန်းက အီရန်အစိုးရပိုင် ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။
ယူကရိန်းမှာ တနင်္ဂနွေနေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ထပ်ပြီး ဖြစ်ရပါတယ်။
တရုတ်အာဏာရ ကွန်မြူနစ် ပါတီရဲ့ Covid-19 အရေး ကိုင်တွယ် တိုက်ဖျက်မှုကို သမ္မတ Xi Jinping က တနင်္ဂနွေနေ့မှာ စတင်လိုက်တဲ့ ကွန်မြူနစ်ပါတီညီလာခံ အဖွင့်မိန့်ခွန်းမှာ ချီးကျူးပြောဆိုလိုက်ပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့ဟာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ကတော့ ကမ္ဘာမှာ စားနပ်ရိက္ခာကျပ်တည်းမှုကို အဆိုးရွားဆုံး ထပ်ကြုံရမယ့်ကိန်း ဆိုက်နေတယ်လို့ သတိပေးသွားပါတယ်။
ယူကရိန်းနိုင်ငံကို ပေးနေတဲ့ Starlink အင်တာနက်ကို ဆက်ပြီးပေးသွားမယ်လို့ SpaceX ကုမ္ပဏီအကြီးအကဲ ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး Elon Musk က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်တပ်ကို ပိုပြီးမြန်မြန် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့နဲ့ အမေရိကန်နဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒတွေမှာ အပြောင်းအလဲ မရှိဘူးလို့ တရုတ်သမ္မတရှီကျင့်ဖျင်က ဒီနေ့ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Liz Truss ရဲ့ မူလစီးပွါးရေး စီမံကိန်းက လွဲမှားနေတယ်လို့ထင်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ပြောလိုက်ပါတယ်။
EU ဥရောပသမဂ္ဂမှာ နိုင်ငံသစ်တွေတိုးလာတဲ့ အပြင် ၂၇ နိုင်ငံပါဝင်တဲ့ EU မှာ စစ်ရေးအရ သီးခြား လွတ်လပ်မှု ပိုရှိလာတာနဲ့ ကိုက်ညီအောင် ဖွဲ့စည်းမှုကို ပြုပြင်ပြောင်းလဲဖို့ ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholz က စနေနေ့က ဘာလင်မြို့တော်မှာ ပြုလုပ်တဲ့ ဥရောပ ဆိုရှယ်လစ်ပါတီ ကွန်ဂရက်မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၇၀၀ ကျော် ထပ်ပို့သွားမယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ လွှတ်တော်အလိုက် သီးခြားဥပဒေပြုခွင့်တွေရှိအောင် ဥပဒေမဏ္ဍိုင်အတွင်းကနေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်တဲ့အကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ မိန့်ခွန်းမှာ ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်