လန်ဒန်အမျိုးသားပြတိုက်မှာ ပြသထားတဲ့ ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး (Van Gogh) ရဲ့ “Sunflowers - နေကြာပန်းများ" ဆိုတဲ့ ပန်းချီကားကို ခရမ်းချဉ်သီးရည်နဲ့ ပစ်ပေါက်ခဲ့ကြတဲ့ အမျိုးသမီးငယ်နှစ်ဦးကို ပန်းချီကား ပျက်စီးအောင်လုပ်မှုနဲ့ တရားစွဲထားတဲ့အကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တာ တနှစ်ကျော် ၂ နှစ်နီးပါး ရှိလာတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဆက်ကြုံနေရပြီး စီးပွားရေး ကျဆင်းမှုနဲ့အတူ လူသားဘေးဒုက္ခ အကျပ်အတည်း သိသိသာသာ ပိုပြီး ဆိုးလာနေတယ်လို့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်း IFRC က သတိပေးလိုက်ပါတယ်။
အီရန်မှာ သီတင်းပတ် ၅ ပတ်ကြာလာတဲ့အထိ လူထုဆန္ဒပြပွဲကြီးတွေ မရပ်တန်းဆက်ဖြစ်နေတဲ့အပေါ် အံ့သြခဲ့ရပြီး၊ ရဲရင့်တဲ့ အီရန်အမျိုးသမီးတွေ၊ အီရန်နိုင်ငံသားတွေနဲ့အတူ သူ ရပ်တည်နေပါတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်ပါတယ်။
မနက်ဖြန် အောက်တိုဘာလ ၁၆ ရက်နေ့မှာ စတင်ကျင်းပမယ့် တရုတ်ပြည်သူ့ကွန်ဂရက်ညီလာခံမှာ ပါတီဖွဲ့စည်းပုံကို ပြင်ဆင်သွားမယ်လို့ ပါတီ ပြောခွင့်ရက ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။ ဘယ်လို ပြင်ဆင်မှုတွေ လုပ်သွားမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
လာမဲ့ အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲကို ရန်သူတွေက ဖျက်လုပ်ဖျက်ဆီး လုပ်လာမှာကို အင်တာနက် အွန်လိုင်းကနေ သုတေသီ ပညာရှင်တွေက ခြေရာခံ ရှာဖွေနေကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ မြှင့်တင်ဖို့ ကြိုးစားမှု တစိတ်တပိုင်းအနေနဲ့ အမေရိကန် ပြည်ထောင်စုကနေ ဒေါ်လာသန်း ၁ဝဝ အကူအညီပေးလိုက်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mary Kay Carlson က သောကြာနေ့က ပြောပါတယ်။
တရုတ်နိုင်ငံမှာ ၅ နှစ်တကြိမ် ကျင်းပတဲ့ ကွန်မြူနစ်ပါတီညီလာခံမတိုင်ခင် ရက်ပိုင်းအလို အောက်တိုဘာ ၁၃ရက် ကြာသပတေးနေ့က ပေကျင်းမြို့ မှာ ရှားရှားပါးပါး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတခုဖြစ်ခဲ့ပြီး သမ္မတရှီကျင့်ဖျင်နဲ့ နိုင်ငံရဲ့ ကိုဗစ်-၁၉ မူဝါဒကိုဝေဖန်တဲ့ စာသားပါ စာတန်းတွေကို တံတားတခုပေါ်ကနေ ချိတ်ဆွဲပြခဲ့တာပါ။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာဟာ ပါကစ္စတန်နိုင်ငံ ဒါဒူဆင့်ဒ်ပြည်နယ်က ရေဘေးသင့်ဒုက္ခသည်တွေကို အောက်တိုဘာ ၁၂ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လအတွင်း ရွာသွန်းတဲ့ မုတ်သုန်မိုးကြောင့် သူမရဲ့ အမိမြေ ပါကစ္စတန်မှာ အကြီးအကျယ်ရေကြီးခဲ့တဲ့အတွက် လူ ၃၃သန်း ထိခိုက်ခဲ့ပြီး ၁၇၀၀ ကျော် သေဆုံးခဲ့တာပါ။
ထိုင်းနိုင်ငံ ဒေသအများစုမှာ ရေဘေးနဲ့ ကြုံနေရပြီး ဒီနှစ်က အခြေအနေ အဆိုးဆုံးမဟုတ်ပေမဲ့ အစိုးရကတော့ ရေဘေးကူညီထောက်ပံ့မှုအတွက် ဒေါ်လာသန်း ၆၀၀ ကျော် သုံးဖို့ ပြင်ထားပါတယ်။ ရွာတွေ ထောင်နဲ့ချီရေဘေးသင့်နေပြီး ဆည်တွေလည်း လျှံကျခါနီးဖြစ်နေလို့ တချို့နေရတွေမှာ ဆည်တွေ ဖောက်ချနေရတာပါ။
ဗင်နီဇွဲလားနိုင်ငံမှာ စနေနေ့ မိုးကြီးမြေပြိုမှုကြောင့် သေဆုံးသူ တရာထိ ရှိနိုင်တယ်လို့ ဘေးသင့်ဒေသတွေကို လာရောက်ခဲ့တဲ့ သမ္မတနစ်ကလက်စ်မဒူရိုက ပြောပါတယ်။ ၂၀၂၂၊ အောက်တိုဘာ ၈ ရက်၊ စနေနေ့က ၈ နာရီအတိုင်းအတာအတွင်း မိုးရေချိန်လက်မ တလစာ ရွာသွန်းခဲ့တာပါ။
အချိန်အတော်ကြာ မထုတ်ပြန်နိုင်ဘဲ ဖြစ်နေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေး မဟာဗျူဟာ တရပ်ကို သမ္မတအိမ်ဖြူက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နယူးဇီလန်နိုင်ငံက Chatham ကျွန်းစုရဲ့ ဝေးလံခေါင်ဖျား ကမ်းခြေ ၂ နေရာမှာ အခုရက်ပိုင်းအတွင်း Pilot အမျိုးအစား ဝေလငါး အကောင် ၅၀၀ လောက် သောင်တင်ပြီး သေဆုံးနေတာ တွေ့ရပါတယ်။
အမေရိကန်ရဲ့ ကာလရှည် မဟာမိတ် ဖြစ်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံက ရေနံထုတ်လုပ်မှု လျှော့ချရေး သဘောတူညီလိုက်တဲ့ အတွက် အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန် အစိုးရနဲ့ လွှတ်တော် အမတ်တွေက ဒီသီတင်းပတ် အတွင်းမှာ ဖိအားပေးနေကြပါတယ်။
ကားလား၊ လေယာဉ်လား၊ ဒရုန်းယာဉ်တခုပါလား။ ကားနဲ့တူတဲ့ ဒရုန်းယာဉ်တခုဆိုတာတော့ သေချာပါတယ်။ ရိုးရိုးဒရုန်းယာဉ်ထက်လည်း အရွယ်ပိုကြီးတာပဲ ကွာပါတယ်။ မောင်းသူမဲ့ ဒီယာဉ်ပျံမှာ လူလိုက်ပါစီးနင်းလို့ရပါတယ်။ ဒီယာဉ်ကို တက္ကဆီဆွဲစားဖို့ တရုတ်ကုမ္ပဏီတခုက ရည်ရွယ်စမ်းသပ်နေပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ မနှစ်ကအထိ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ လေတပ်အခြေစိုက်စခန်းကို ဖန်လုံအိမ်စိုက်ပျိုးခင်းကြီးအဖြစ်ပြောင်းလိုက်ပါတယ်။ ဖန်လုံအိမ်စိုက်ပျိုးခင်း ဖွင့်ပွဲအခမ်းအနားကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် တက်ရောက်ခဲ့တာပါ။
မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO ရဲ့ အချိန်အတော်ကြာကတည်းက စီစဉ်ထားတဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို ရှေ့သီတင်းပတ်မှာ စတင်မယ့်အကြောင်း အတွင်းရေးမှူးချုပ် Jens Stoltenberg ကပြောပါတယ်။
ရုရှားက ယူကရိန်းမြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်နေတဲ့အချိန်မှာပဲ ၂၀၂၂ အောက်တိုဘာ ၁၀ရက်နေ့က ယူကရိန်းနိုင်ငံ နီပရိုမြို့မှာ နေရာတချို့ ဒုံးကျည်ထိမှန်သွားတဲ့ မြင်ကွင်းကို မော်တော်ကားတစီးပေါ်က ကင်မရာကနေ မှတ်တမ်းရရှိထားတာဖြစ်ပါတယ်။
ငှက်သေးသေးတကောင်ရဲ့ ဥတလုံးအရွယ်ရှိတဲ့ ပန်းရောင်လက်လက်ဖြာ စိန်တုံးတတုံး ဒေါ်လာသန်း ၆၀ နီးပါးနဲ့ ဟောင်ကောင်မှာ ဆော်သဘီလေလံဂေဟာက ရောင်းချလိုက်ပါတယ်။ ၂၀၂၂၊ အောက်တိုဘာ ၇ ရက်မှာ ဟောင်ကောင်မှာ ကျင်းပသွားတဲ့ လေလံပွဲမှာ အာရှဘက်က ဝယ်လက်များတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးတွေ အဆက်မပြတ် စမ်းသပ်ပစ်ခတ်ခဲ့တာဟာ တောင်ကိုရီးယားရဲ့ မဟာဗျူဟာကျတဲ့ ပစ်မှတ်တွေကိုတိုက်ခိုက်တဲ့ သရုပ်ဖေါ်စစ်ရေးလေ့ကျင့်မှုရဲ့ တစိပ်တပိုင်းဖြစ်တယ်လို့ တနင်္လာနေ့မှာ မြောက်ကိုရီးယား အစိုးရသတင်းဌာနကပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်