လာအိုနိုင်ငံကနေ အင်တာနက် အွန်လိုင်းက လိမ်လည်တဲ့ဂိုဏ်းတွေရဲ့ အကျပ်ကိုင် ခိုင်းစေခံနေရပြီး ထွက်ပေါက်မရှိ ဖြစ်နေကြတဲ့ မလေးရှားနိုင်ငံသား ၇ဝဝ လောက် ရှိနိုင်တယ်လို့ မလေးရှား အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေက ပြောလိုက်ပါတယ်။
ယူကရိန်းမြို့ကြီးတွေကို ရုရှားက ဒုံးကျည်နဲ့ဆက်လက်တိုက်ခိုက်နေချိန်မှာပဲ ကိယက်ဗ်မြို့ မြို့လည်ခေါင်က မှန်တံတားတစင်းအနီးကို ၂၀၂၂ အောက်တိုဘာ ၁၀ရက် မနက်ရုံးတက်ချိန်မှာ ဒုံးကျည်တံစင်းထိမှန်ခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်က မိုးကြီးပြီး မြစ်ရေချောင်းရေတွေ လျှံတက်ကာ မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး ၅၀ ကျော်ပျောက်ဆုံးနေတယ်လို့ ဒုသမ္မတ Delcy Rodriguez ကတနင်္ဂနွေနေ့တုန်းက ပြောဆိုပါတယ်။
အီရန်နိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုအတွက် တာဝန်ရှိသူတွေကို ဥရောပသမဂ္ဂအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်အရေးယူဖို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က တနင်္ဂနွေနေ့တုန်းက တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
ယူကရိန်း နိုင်ငံ အရှေ့တောင်ပိုင်းက Zaporizhzhia မြို့အတွင်း ရုရှားဘက်က ညပိုင်းမှာ မစ်ဇိုင်း ဒုံးတွေနဲ့ တရစပ် ပစ်ခတ်တိုက်ခိုက်တာကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိကြောင်း ယူကရိန်း အာဏာပိုင်တို့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့နေရာမှာ ယူကရိန်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေလည်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတယ်လို့ ယူကရိန်းဘက်က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံက နေ့ကလေးထိန်းကျောင်းမှာ အသတ်ခံလိုက်ရတဲ့ ကလေးတွေအတွက် ဝတ်ပြုဆုတောင်းပွဲကိုတော့ အဲဒီ နေ့ကလေးထိန်းကျောင်း အပြင်ဘက်မှာ မိသားစုဝင်တွေ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တရက်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်တာနဲ့အညီ ဗုဒ္ဓဘာသာဝင်တွေ အတော်များများဟာ ဘုရားသွားပြီး၊ ဝတ်ပြုဆုတောင်းတာတွေ လုပ်ခဲ့ကြပါတယ်။
အီရန်နိုင်ငံရဲ့ နိုင်ငံတော်ပိုင် ရုပ်မြင်သံကြားစနစ်ထဲကို တက်ကြွလှုပ်ရှားသူတွေက ဒီဂျစ်တယ်နည်းလမ်းနဲ့ ဝင်ရောက်ကြကာ၊ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ မျက်နှာပေါ်မှာ ပစ်မှတ်ကြက်ခြေခတ်နဲ့ မီးတောက်တွေ တင်လိုက်ပြီး၊ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲ ကို စက္ကန့်အတော်ကြာအောင် ထောက်ခံလိုက်ကြပါတယ်။
ကိုရီးယားကျွန်းဆွယ်ကနေ အမေရိကန် လေယာဉ်တင်သင်္ဘော ပြန်လည်ထွက်ခွါသွားပြီးတဲ့နောက် မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် ၂ စင်းကို သန်းခေါင်ကျော်အချိန်မှာ စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။
အိုပက်နဲ့အပေါင်းပါအဖွဲ့က ရေနံထုတ်လုပ်ရေးကို လျှော့ချဖို့ ဆုံးဖြတ်လိုက်တာဟာ ကမ္ဘာ့စီးပွါးရေးအတွက် အထောက်အကူ မဖြစ်သလို၊ အမြော်အမြင်နည်းရာ ရောက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်ဒေသမှာ အမေရိကန်လေယာဉ်တင် သင်္ဘောကြီး USS Ronald Reagan ကို ပြန်လည်ချထားတာဟာ အင်မတန်ကြီးမားတဲ့ အနှုတ်သဘောဆောင်တဲ့ ဂယက်ရိုက်ခတ်စေတယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။
အိုင်ယာလန်နိုင်ငံ အနောက်မြောက်ပိုင်း Donegal ဒေသက ဓါတ်ဆီဆိုင်တဆိုင်မှာ သောကြာနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၉ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့မှာ ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက မူလတန်းကျောင်းမှာ ဓါးနဲ့ခုတ် သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတဲ့ ကလေးငယ်တွေ အပါအဝင် သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ ဒီနေ့ ဘုန်းကြီးကျောင်းတွေမှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်အမျှဝေခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ၈၆ ထပ်ရှိတဲ့ အင်ပိုင်ယာစတိတ်အဆောက်အအုံကြီးပေါ် နှစ်စဉ်ပြေးတက်နေကြအပြေးပြိုင်ပွဲတခု အောက်တိုဘာ ၆ရက်နေ့က ကျင်းပခဲ့ပြီး မလေးရှားနိုင်ငံက ဆိုဝေချင်းနဲ့ အမေရိကန်က စင်ဒီဟဲရစ်စ်တို့ အမျိုးသားနဲ့ အမျိုးသမီးကဏ္ဍအသီးသီးမှာ ပထမဆုဆွတ်ခူးရရှိသွားပါတယ်။
ရုရှားကို ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်နေချိန်မှာ ရုရှားရဲ့ အဓိက သယ်ယူပို့ဆောင်ရေး တံတားကြီး ဒီနေ့ ကားဗုံးကြောင့် မီးလောင်ကျွမ်းသွားပါတယ်။
ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို အစဉ်တစိုက် ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု အပေါ် ကြီးမာတဲ့ အန္တရာယ် သက်ရောက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ ထပ်မံ သတိပေးပြောကြားခဲ့ပါတယ်။
ယူကရိန်းရဲ့ ပင်လယ်နက်ဒေသကနေ ကောက်နှံတွေ တင်ပို့ခွင့်ဟာ နိုဝင်ဘာလကုန်မှာ သက်တမ်းကုန်တော့မှာ ဖြစ်တဲ့အတွက် နောက်တနှစ် သက်တမ်းဆက်တိုးနိုင်အောင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ကြိုးစားနေတယ်လို့ အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stephane Dujarric က သောကြာနေ့မှာ ပြောပါတယ်။
မဟာဗျူဟာ အရရော၊ သဘာဝဝန်းကျင်ဆိုင်ရာအရပါ အရေးပါတဲ့ အာတိတ်ဒေသမှာ ဥတုရာသီဖေါက်ပြန်မှုဒဏ်ကို အဆိုးဝါးဆုံးခံနေရသလို နိုင်ငံတကာအားပြိုင်မှုတွေပါ တိုးလာနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက အာတိတ်ဒေသ မဟာဗျူဟာကို သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Red Bull ချောက်ကမ်းပါးဒိုင်ဗင်ထိုး ကမ္ဘာ့ချန်ပီယံ ၆ကြိမ်ရရှိထားသူ သြစတေးလျသူ ၃၁နှစ်အရွယ် ရီယာနမ်အဖ်လန်ဟာ သူမရဲ့ နောက်ဆုံးရ ဆုတံဆိပ်အတွက် ၂၀၂၂ အောက်တိုဘာ ၄ရက်နေ့က ဆစ်ဒနီဆိပ်ကမ်းမှာ ရဟတ်ယာဉ်ပေါ်ကနေ ဒိုင်ဗင်ထိုးအောင်ပွဲခံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်