ရုရှားတို့သိမ်းယူထားတဲ့ ဒွန်းညက်စ်ဒေသ မြောက်ပိုင်းကို ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်လို့ ရုရှားတွေ ထွက်ပြေးသွားပြီးနောက် ရုရှားလက်အောက်ကျရောက်နေစဉ် မြို့အခြေအနေ ဓာတ်ပုံတွေ ဗွီဒီယိုတွေ ထွက်လာပါတယ်။ ရုရှားလက်အောက် ၃ လလောက် ကျရောက်ပြီး ဒေသခံတွေ ပိတ်မိနေခဲ့တာပါ။
အာဂျင်တီးနားနိုင်ငံတောင်ပိုင်း အတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေမှော သေဆုံးနေတဲ့ Southern right အမျိုးအစား ဝေလငါးကြီး ၁၃ ကောင် သောင်တင်နေတာကို ၂၀၂၂ခုနှစ် အောက်တိုဘာ ၄ရက်က တွေ့ရတာဖြစ်ပါတယ်။ သေဆုံးရတဲ့အကြောင်းအရင်းကို သိပ္ပံပညာရှင်တွေ၊ သုတေသနပညာရှင်တွေ စစ်ဆေးနေကြပြီး အဖြေကို နောက်ထပ်၂ပတ်အကြာမှာသိရမှာဖြစ်ပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ စစ်ကောင်စီနဲ့ တိုက်ရိုက် ဆက်ဆံတာ အပါအဝင် ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးမှာ အဆိုပြုမယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ကို လေယာဉ်ဆီ အဓိကတင်ပို့နေတဲ့ ပူးမား စွမ်းအင်ကုမ္ပဏီက သူပိုင်အစုရှယ်ယာတွေကို ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီတခုကို ရောင်းချတော့မှာ ဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
အီရန်နိုင်ငံမှာ မာရှာအမီနီဆိုသူ အမျိုးသမီးတဦးကို Hijab ခေါ် ခေါင်းစည်း လျော့တိလျော့ရဲ စည်းလို့ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တဲ့အတွက် ဒီဖြစ်ရပ်အပေါ်ဆန့်ကျင်ရှုတ်ချကြောင်း ပြင်သစ်နာမည်ကြီးမင်းသမီးတွေ လူမှုကွန်ရက်မီဒီယာမှာ ကိုယ့်ဆံပင်ကိုယ်ဖြတ်ပြပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဖင်လန်နိုင်ငံအရှေ့ပိုင်း ကတ်ကာမြို့က လီနင်ရုပ်တုကို ၂၀၂၂ခုနှစ် အောက်တိုဘာ ၄ရက်နေ့က ဖယ်ရှားလိုက်ပါတယ်။ ဒီရုပ်တုဟာ ဖင်လန်မှာ ကျန်ရစ်တဲ့ ဆိုဗီယက်ခေါင်းဆောင်ကြီးလီနင်ရဲ့ နောက်ဆုံးသော ရုပ်တုကြီးတခုလည်းဖြစ်ပါတယ်။
ယူကရိန်းရဲ့ နယ်မြေ ၄ ခုကို သိမ်းပိုက်ဖို့ ရုရှားသမ္မတ Vladimir Putin က ကြိုးစားခဲ့တဲ့ နောက် ရုရှားသမ္မတနဲ့ ညှိနှိုင်းဆွေးနွေးနွေးဖို့ မဖြစ်နိုင်တော့ကြောင်း ကြေညာချက်ကို ယူကရိန်းသမ္မတ Volidymyr Zelenshyy က အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ လှေတစင်းဟာ အင်္ဂါနေ့က ဆိုးဝါးတဲ့ ရာသီဥတုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းမှာ နစ်မြုပ်သွားပြီး အနည်းဆုံး ၃ ဦး ရေနစ်သေဆုံးရသလို လူ ၂၀ လောက်က ပျောက်ဆုံးနေဆဲပဲလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှုအန္တရယ်နဲ့ စားဝတ်နေရေး အခက်အခဲတွေအတွက် ကုလသမဂဂ္ဂက စိုးရိမ်မိကြောင်း တနင်္လာနေ့က ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
အီရန်မှာ အမျိုးသမီးတဦး ကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့ရတဲ့အတွက် မကျေမနပ်ဖြစ်ပြီး နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းနေတာကို အမေရိကန် အစိုးရက တနင်္လာနေ့က ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။
ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက ထောက်ပံ့ပို့ဆောင်ရေး အချက်အချာ ကျတဲ့ Lyman မြို့ကို အပြည့်အ၀ ထိန်းချုပ်လိုက်ကြောင်း ယူကရိန်းက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ဖက်ခြမ်းက Herat မြို့မှာ တနင်္ဂနွေနေ့တုန်းက အမျိုးသမီးတွေ ချီတက်ဆန္ဒပြတာကို တာလီဘန်တွေက သေနတ်တွေ ပစ်ဖေါက် လူစုခွဲခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုအတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲက အင်အား အပြင်းထန်ဆုံး မုန်တိုင်း တခု ဖြစ်တဲ့ ဟာရီကိန်း Ian ကြောင့် သေဆုံးရသူဟာ တနင်္ဂနွေနေ့မှာ အနည်းဆုံး ၅၁ ယောက်ထိ ရှိသွားပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ အရှေ့ဂျာဗားက ဘောလုံးကွင်း တခုမှာ စနေနေ့ညက လူအုပ်ပိတာကြောင့် အနည်းဆုံး လူ ၁၂၅ ဦး သေဆုံးခဲ့ရပြီး လူ ၁၈၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
အကြမ်းဖက်မှုကို ရတန့်ဖို့ ပုပ်ရဟန်းမင်းကြီး Francis က ရုရှားသမ္မတပူတင်ကို တနင်္ဂနွေနေ့က မေတ္တာရပ်ခံလိုက်ပြီး၊ အဓိပ္ပါယ်မဲ့ နျူကလီးယာ စစ်အန္တရာယ်ကို ရှုတ်ချလိုက်ပါတယ်။
ဂျာမနီနိုင်ငံကို တင်သွင်းတဲ့ ဓါတ်ငွေ့ရည်တွေကို ဖြန့်ဝေဖို့အတွက် ဓါတ်ငွေ့ထိန်းသိမ်း ဖြန့်ဖြူးရေးစက်ရုံကို မြောက်ပိုင်းပင်လယ် ကမ်းရိုးတန်းမှာ တည်ဆောက်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဘုရားဖူးခရီးသည်တွေ လိုက်ပါလာတဲ့ ထွန်စက်နောက်တွဲ တိမ်းမှောက်ပြီး၊ ရေကန်ထဲ ကျသွားတာကြောင့် လူ ၂၆ ယောက် သေဆုံး၊ ၁၆ ယောက် ဒဏ်ရာရသွားခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောပါတယ်။
အမေရိကန်က လွှဲပြောင်းခွင့် ပိတ်ပင်ထားတဲ့ အီရန်နိုင်ငံရဲ့ နိုင်ငံခြားရန်ပုံငွေ ဒေါ်လာ ၇ ဘီလီယံကို လွှတ်ပေးဖို့ စောင့်နေကြောင်း အီရန်နိုင်ငံတော်ပိုင် မီဒီယာတွေက တနင်္ဂနွေနေ့က ပြောကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်းအရှေ့ပိုင်းမှာ မနေ့စနေနေ့က ကစားခဲ့တဲ့ ဘောလုံးပွဲအတွင်း ပရိသတ်တွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး၊ ကွင်းထဲမှာ လူအုပ်ပိတာကြောင့် ၁၇၄ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ အကူညီတောင်းဆိုမှုကို ကမ္ဘာက လျှစ်လျူမရှုကြဖို့ စက်တင်ဘာလ ၃၀ သောကြာနေ့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံ တတိယကော်မတီ အစည်းဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်