ယူကရိန်းရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက်က နယ်မြေ ၄ ကို ရုရှားက သူ့ပိုင်နက်ထဲ ထည့်သွင်းခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာပဲ နယ်မြေတခုဖြစ်တဲ့ Donetsk ဒေသက အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ လိုင်မန် မြို့ (Lyman) ကို ယူကရိန်းတပ် တွေက ပြန်လည် သိမ်းပိုက်ခဲ့တဲ့ အတွက် ရုရှားတပ်တွေ ဆုတ်ခွါ ပေးလိုက်ရပါတယ်။
ထိုင်း ဝန်ကြီးချုပ် Prayut Chan -ocha ကို ရာထူးမှာ ဆက်လက် ထမ်းဆောင်ခွင့်ပြုလိုက်တဲ့ အခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မကြေနပ်ကြတဲ့အတွက်ကြောင့် ဘန်ကောက်မြို့တော် ရဲ့ လမ်းတွေပေါ်မှာ စနေနေ့က ဆန့်ကျင်ဆန္ဒပြကြပါတယ်။
မြန်မာပြည်ထဲ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးခိုလှုံလာတဲ့ ကရင်ကျောင်းသူကျောင်းသား ၁၀၃ ယောက်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ခြမ်းဆီ ပြန်ပို့လိုက်ပါတယ်။
အာဖရိကနိုင်ငံတခုဖြစ်တဲ့ Burkina Faso မှာ လွန်ခဲ့တဲ့ (၈) လက အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် Paul Henri Damiba ကို ဖြုတ်ချပြီး၊ စစ်တပ်က အာဏာပြန် သိမ်းလိုက်တဲ့အကြောင်း ဘာကီနာ ဖာဆို စစ်တပ်က ဗိုလ်ကြီး Ibrahim Traore က သောကြာနေ့ ညနေမှာ ကြေညာခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ဥရောပရဲ့ အကြီးဆုံး နျူကလီးယား စွမ်းအင်စက်ရုံ Zaporizhzhia ညွှန်ချုပ်ကို ရုရှားတပ်တွေက သောကြာနေ့ ညနေ ၄ နာရီလောက်မှာ ဖမ်းသွားတယ်လို့ ယူကရိန်း နျူကလီးယားကုမ္ပဏီ Energoatom ဥက္ကဋ္ဌက ဒီနေ့ ပြောပါတယ်။
မလေးရှားနိုင်ငံက လေကြောင်းလိုင်းတွေရဲ့ ဘေးကင်းမှုအဆင့် သတ်မှတ်ချက်ကို အမေရိကန်ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) က တိုးမြှင့်ပေး လိုက်တာပါတယ်။
Hurricane မုန်းတိုင်း Ian ဟာ အမေရိကန် ပြည်ထောင်စု တောင် Carolina ပြည်နယ် ကုန်းတွင်းပိုင်းကို သောကြာနေ့က ဝင်ရောက် တိုက်ခတ်နေပါတယ်။ မုန်တိုင်းနဲ့အတူ ရေကြီးတာတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့် သမိုင်းဝင် Charleston မြို့ကိုလည်း ခြိမ်းခြောက်နေပါတယ်။
ရုရှားတပ်တွေရဲ့ မစ်စိုင်းဒုံးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရမှုတွေ ရှိနေကြောင်းနဲ့ ဒီလို တိုက်ခိုက်နေမှုတွေကို လျှော့ချဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကတောင်းဆိုလိုက်ကြောင်း အတွင်းရေးမှုးချုပ်ပြောခွင့်ရ Stephane Dujarric က ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားအစိုးရ လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေရဲ့ မိသားစုတွေနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး အပါအဝင် ယူကရိန်း ကို ရုရှားကျူးကျော်မှုမှာ ဆက်နွှယ်နေကြတဲ့ လူပုဂ္ဂိုလ်ပေါင်း ၁ ထောင်ကျော် နဲ့ စီးပွားရေး ကုမ္ပဏီတွေကို အမေရိကန် ပြည်ထောင်စုက သောကြာနေ့က ပိတ်ဆို့ ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ် ။
ယူကရိန်းကို ၇ လကျော်ကြာ စစ်ဆင်နေချိန်မှာပဲ ရုရှား သိမ်းယူထားတဲ့ ယူကရိန်းဒေသ လေးခု ရုရှားနဲ့ တရားဝင် ပေါင်းစည်းတဲ့ အခမ်းအနား မော်စကိုမြို့တော်မှာ ဒီကနေ့ ကျင်းပပါတယ်။
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာသိန်းနဲ့ချီ နေရပ်စွန့် ထွက်ပြေးရတာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေခံရတဲ့အထိဖြစ်ခဲ့တာမှာ Facebook လူမှုကွန်ယက်မှာ တာဝန်ရှိတဲ့အတွက် လျော်ပေးသင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။
တာဝန် ဆိုင်းငံ့ခံထားရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း Prayut Chan-o-cha ဝန်ကြီးချုပ်တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ခွင့်ရှိတယ်လို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒီနေ့ သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
စစ်ကောင်စီက လက်နက်တွေ ဝယ်နေတဲ့ အမေရိကန်ဒေါ်လာတွေ ထပ်မရနိုင်အောင် နည်းမျိုးစုံနဲ့ တားဆီးပေးဖို့ တက်ကြွလှုပ်ရှားသူတွေက အမေရိကန်အစိုးရကို တောင်းဆိုနေကြသလို အမေရိကန် လွှတ်တော်အမတ်တွေကလည်း ပါဝင်တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အန္တရာယ် ကြီးလွန်းလှတဲ့ ဟာရီကိန်း Ian ဟာ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်လာကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်းဌာနက ပြောပါတယ်။
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြားက DMZ အပစ်ရပ်ဇုံကို အမေရိကန် ဒုသမ္မတ Kamala Harris သွားရောက်ဖို့ စီစဉ်ထားချိန် မတိုင်ခင် နာရီပိုင်းကလေးမှာပဲ မြောက်ကိုရီးယားက ဒီသီတင်းပတ်ထဲ ဒုတိယအကြိမ်အဖြစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် မြန်မာစစ်အာဏာပိုင်တွေ တရားစွဲထားတဲ့ အလှမယ် ဟန်လေး ဟာ ထိုင်းလေဆိပ်မှာ သောင်တင်နေခဲ့ပြီး အခုနောက်ဆုံး ကနေဒါနိုင်ငံကို ရောက်ရှိသွားပါတယ်။
ယူကရိန်းအပေါ် ကျုးကျော်မှုနဲ့ ပတ်သက်လို့ ရုရှားရဲ့ ဝါဒဖြန့်ချီမှုတွေကို အနောက်ဥရောပမှာ ဖြန့်ချီဖို့ ရုရှားနိုင်ငံက မြစ်ဖျားခံလာတဲ့ ဒါဇင်နဲ့ချီတဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာသစ်တွေနဲ့ ရာနဲ့ချီတဲ့ အကောင့်အတုတွေကို ဖော်ထုတ် နိုင်ခဲ့ကြောင်း Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကုမ္ပဏီက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ချင်းခရစ်ယန် ဘာသာဝင်တွေနဲ့ လူနည်းစု ဘာသာဝင်တွေ အပေါ်ဖိနှိပ်နေတဲ့ မြန်မာစစ်ကောင်စီကို အရေးယူဒဏ်ခတ်ဖို့ မေရီလန်းပြည်နယ်အခြေစိုက် CAM ချင်းတိုင်းရင်းသားအဖွဲ့အစည်းက ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို (TPS) ယာယီအကာအကွယ်ပေး နေထိုင်ခွင့်ပြုထားတာကို နောက်ထပ် ၁ နှစ်ခွဲ သက်တမ်း တိုးလိုက်ပါတယ်။
တနင်္လာနေ့က အဆုံးသတ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ၂ နှစ် ဆက်တိုက်အဖြစ် မြန်မာနဲ့ အာဖဂနစ္စတန်နိုင်ငံတို့က ကိုယ်စားပြု တက်ရောက်တာ မရှိခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်