မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးဟာ အလွန်အရေးကြီးတဲ့ ကိစ္စရပ်တခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုဟာ အလွန်အရေးပါကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံ Udmurtia ဒေသရဲ့ မြို့တော် Izhevsk က စာသင်ကျောင်းမှာ တနင်္လာနေ့က သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ကလေး ၁၁ ဦးအပါအဝင် အနည်းဆုံး ၁၅ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီဒေသမှာ ပစ်ခတ်မှုဖြစ်ခဲ့တာ ၁၅ လအတွင်း ဒါဟာ စတုတ္တအကြိမ် ဖြစ်ပါတယ်။
ယူကရိန်းကို နျူးကလီးယားနဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ ရုရှား အနေနဲ့ ကြီးမားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်က သတိပေးထားကြောင်း သမ္မတ Joe Biden ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး Jake Sullivan က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ရေဘေးဒဏ်သင့် ပါကစ္စတန်ကို ဒေါ်လာ ၂ ဘီလျံ လောက် အကူအညီပေးမယ့် အကြောင်း ကမ ္ဘာ့ဘဏ်က ပြောဆိုလိုက်ပြီး အခုအချိန်ထိတော့ အများဆုံး ကူညီထောက်ပံ့ရေး ကတိကဝတ် ဖြစ်ပါတယ်။
တရားဥပဒေ စိုမိုးမှု မရှိတဲ့ မြန်မာနိုင်ငံရဲ့ အရှေ့ဖက်ခြမ်းမှာ အခြေစိုက်တဲ့ နိုင်ငံတကာ ရာဖဝတ်မှုဂိုဏ်းတွေက Methamphetamine စိတ်ကြွဆေး အမြောက်အများကို လာအိုနိုင်ငံကနေတဆင့် တင်ပို့နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဌာန UNODC က ပြောဆိုလိုက်ပါတယ်။
ရုရှားမှာ ယူကရိန်းစစ်ပွဲအတွက် အရန် စစ်အင်အား စုဆောင်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး မြို့ကြီး ပေါင်း ၃၃ မြို့မှာ လူပေါင်း ၈၀၀ နီးပါးဖမ်းဆီးခံထားရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုကပြောပါတယ်။
ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပန အခမ်းအနားကို တက်ရောက်ဖို့ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးကို ဖိတ်ကြားတဲ့အတွက် မြန်မာ သံရုံးဝန်ထမ်းဟောင်းတစ်ယောက်က စနေနေ့က ဝေဖန်လိုက်ပါတယ်။
အီတလီနိုင်ငံမှာ ဒီနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါလီမန်ရွေးကောက်ပွဲ ကျင်းပနေပြီး အီတလီနိုင်ငံသားတွေဟာ စတင်မဲပေးနေကြပြီ ဖြစ်ပါတယ်။ အစှနျးရောကျ လကျယာဝါဒီအစိုးရဖွဈလာဖို့ ဦးတညျနပေါတယျ။
မြန်မာနိုင်ငံအပါအဝင် ယူကရိန်းနဲ့ ကင်မရွန်းနိုင်ငံတွေမှာ ငြိမ်းချမ်းရေးရဖို့ ဆုတောင်းတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဒီနေ့ပြောကြားလိုက်ပါတယ်။
ကာရစ်ဘီယန်ပင်လယ်ထဲမှာ အပူပိုင်းမုန်တိုင်း Ian ဟာ အားကောင်းလာနေပြီး လာမယ့်ရက်တွေအတွင်း အင်အားပြင် ဟာရီကိန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာနိုင်တာကြောင့် ဖလော်ရီဒါပြည်နယ်တခုလုံးကို အရေးပေါ်အခြေအနေအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis က ကြေငြာလိုက်ပါတယ်။
မြောက်ပိုင်း ပြုံးယမ်းပြည်နယ် တေချွန်းဒေသ (Taecheon area) ကနေ ဒေသစံတော်ချိန် မနက် ၆ နာရီ ၅၃ မိနစ်မှာ တာတိုပစ်ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei နဲ့ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ဟစ်ပြီး၊ သူ့ရဲ့ရုပ်တုကို သူ့မြို့ Mashhad မှာ ဆန္ဒပြသူတွေက မီးရှို့လိုက်ကြတာကို လူမှုမီဒီယာတွေမှာ တွေ့ရပါတယ်။
တူရကီနိုင်ငံ၊ Istanbul မြို့တော် ရှိ အီရန် ကောင်စစ်ဝန်ရုံး အပြင်ဖက်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမျိုးသမီးတဦးဟာ သူရဲ့ဆံပင်ကိုဖြတ်ပြီး ဆန္ဒပြနေတာကို ကျန်တဲ့ ဒါဇင်နဲ့ ချီရှိကြတဲ့ အမျိုးသမီးတွေက အော်ဟစ်အားပေး ထောက်ခံနေကြပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်ဟောင်း အုန်းသွင်နဲ့ သားမက်ဖြစ်သူကို ရန်ကုန်နေအိမ်မှာ ပစ်သတ်ခဲ့တယ်လို့ ရန်ကုန်က မြို့ပြပြောက်ကျားတပ်ဖွဲ့တခုက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သန်းနဲ့ချီ ခိုလုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးပြဿနာဟာ နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေတာမို့ ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့နိုင်ရေး ကုလသမဂ္ဂက ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ကုလသမဂ္ဂမှာ သောကြာနေ့က ထပ်မံတိုက်တွန်း ပြောဆိုပါတယ်။
ကမ္ဘာ့တင်းနစ် အကျော်အမော်တယောက်ဖြစ်တဲ့ Roger Federer ဟာ သောကြာနေ့က သူ့ရဲ့ နောက်ဆုံးကစားပွဲကို ကစားပြီး ကြေးစားတင်းနစ်ကစားသမားအဖြစ်ကနေ အနားယူသွားပါပြီ။
အိန္ဒိယနိုင်ငံမှ ဆန်ကွဲနဲ့ အခြားကောက်ပဲသီးနှံများ တင်ပို့မှုကို ပိတ်ပင်ထားတဲ့အတွက် ဆန်ကုန်သည်တွေဟာ သူတို့ရဲ့တင်ပို့မှုကို မြှင့်တင်ဖို့ အခြားရွေးချယ်စရာ နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ လစ်လပ်နေတဲ့ ဗဟိုဘဏ် ဒုဥက္ကဌ နောက်တနေရာအတွက် လူသစ်အစားထိုး ခန့်အပ်လိုက်ပေမဲ့၊ ငွေကြေးမူဝါဒတွေ ပြန်ပြောင်းဖို့က ပိုအရေးကြီးတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ မနေ့က ခန့်လိုက်တာကနေ ဘာတွေ မျှော်လင့်နိုင်ပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ သောကြာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အပြင်ဘက်မှာတွေ့ဆုံပြီး၊ အထူးသဖြင့် တင်းမာမှုတွေရှိနေချိန်မှာ နှစ်နိုင်ငံဆက်သွယ်ရေး လမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်ထားဖို့ ဟာ အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်