မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက စိုးရိမ်စရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အကြီးအကဲက အထွေထွေ ညီလာခံ အဖွင့်မိန့်ခွန်းမှာ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေအတွက် အမေရိကန်က နောက်ထပ် ဒေါ်လာ ၁ သန်းပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။
အမေရိကန် သမ္မတ Joe Biden အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဗုဒ္ဓဟူးနေ့ နံနက်ခင်း မိန့်ခွန်း ပြောဖို့ ရှိပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အထိ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့အပေါ် မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
Hurricane မုန်တိုင်း Fiona ဟာ အမေရိကန်ပိုင် Puerto Rico ကျွန်းကို အားပြင်းစွာနဲ့ တိုက်ခတ်ခဲ့ပြီးနောက် တနင်္လာနေ့က Dominican Republic နိုင်ငံကို ဆက်လက် ဝင်ရောက်သွားပါတယ်။ Puerto Rico အုပ်ချုပ်ရေးမှူးက မုန်တိုင်းကြောင့် တကျွန်းလုံး အကြီးအကျယ် ပျက်စီးကုန်တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်ကျွန်းကို စနေနေ့၊ စက်တင်ဘာ ၁၇ ရက်နေ့က လှုပ်သွားတဲ့ ငလျင်က ပြင်းအား ၆.၈ ရှိတယ်လို့ ထိုင်ဝမ် မိုးလေဝသဌာနက ပြောပြီး အမေရိကန်ဘူမိတိုင်းတာရေးဌာနကတော့ ပြင်းအား ၇.၂ ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။ ငလျင်ကြောင့် တောင်တိုပြို၊ လမ်းတံတားတွေ ပြတ် ဖြစ်ခဲ့ပါတယ်။
ဗြိတိန် ဘုရင်မ ဒုတိယမြောက် Elizabeth ဟာ သိက္ခာရှိပြီး၊ ဂုဏ်သရေနဲ့ ပြည့်စုံသူ၊ တာဝန်ကို ဦးစားပေးထမ်းရွက်သူ အဖြစ် အမေရိကန် သမ္မတ Joe Biden ကပြောဆိုလိုက်ပါတယ်။
ယူကရိန်းတပ်တွေ ရုရှားလက်က ပြန်လည်သိမ်းပိုက်ခဲ့တဲ့ အရှေ့မြောက်ဒေသက Izium နဲ့ တခြားမြို့တွေမှာ စစ်ပွဲအတွင်း သေဆုံးသူတွေရဲ့ အလောင်းတွေကို တနင်္ဂနွေနေ့တုန်းက ယူကရိန်းတာဝန်ရှိသူတွေ လိုက်လံရှာဖွေခဲ့ပါတယ်။
Puerto Rico ကုန်းတွင်းပိုင်းကို တနင်္ဂနွေနေ့မှာ ဟာရီကိန်း မုန်တိုင်း Fiona ဝင်ရောက် တိုက်ခတ်နေပြီး ကျွန်းတခုလုံး လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
အာမေးနီးယား အပေါ် အဇာဘိုင်ဂျန်ရဲ့ လတ်တလော တိုက်ခိုက်မှုဟာဆိုရင် ဥပဒေနဲ့ ဆန့်ကျင်ပြီး အန္တရာယ် ကြီးမားလှကြောင်း အာမေးနီးယားကို ရောက်ရှိနေတဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က တနင်္ဂနွေနေ့မှာ ပြောဆို ရှုတ်ချလိုက်ပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံမှာ ဆယ်ကျော်သက်ရွယ် မိန်းကလေးတွေကို ကျောင်းပြန်တက်ခွင့်ပေးဖို့ တာလီဘန်တွေကို ကုလသမဂ္ဂက တနင်္ဂနွေနေ့တုန်းက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်သမ္မတ Joe Biden က ရုရှားသမ္မတ Vladimir Putin ကို ဖျက်အားပြင်း လက်နက် Weapons of Mass Destruction (WMD) တွေကိုအသုံးမပြုဖို့ ထပ်မံသတိပေးလိုက်ပါတယ်။
အမေရိကန်သမတ ဂျိုးဘိုင်ဒင်ဟာ ဗြီတိန်ဘုရင်မကြီး ရဲ့ ဈာပနအခမ်းအနားတက်ဖို့အတွက် ဗြိတိန်နိုင်ငံကို စနေနေ့ က ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဗြိတိန်ဘုရင်မကြီး Elizabeth II ရဲ့ ဈာပဏအခမ်းအနားဟာ တနင်္လာနေ့မှာကျင်းပမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ကွယ်လွန်သွားတဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်ကို နောက်ဆုံးအကြိမ် ဂါရဝပြုခွင့်ရဖို့အတွက် ဗြိတိန်နိုင်ငံသားတွေသာမက တော်ဝင်မိသားစုကို အလေးထားတဲ့ နိုင်ငံရပ်ခြားကပြည်သူတွေပါ လန်ဒန်မြို့ကို လာရောက်နေကြပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်လို့ ကလေးငယ်တချို့အပါအဝင် သေဆုံးသူ ၁၃ ဦးထက်မနည်းရှိတဲ့အကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မလေးရှားနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ တသားတည်း ရပ်တည်နေကြောင်း ပြသသွားမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ဒီကနေ့ ပြောပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်း Kyushu ကျွန်းမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြီးတခု မနက်ဖြန် တနင်္ဂနွေနေ့ ဝင်ရောက်နိုင်ဖွယ် ရှိနေတာကြောင့် ဒေသခံတွေ နေရာကနေ ရွှေ့ပြောင်းကြဖို့ ဂျပန်မိုးလေဝသဌာနက ဒီကနေ့ တိုက်တွန်းနေပါတယ်။
သောကြာနေ့က မြန်မာဖက်က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာ လူငယ်တဦး သေဆုံးပြီး အနည်းဆုံး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က မြန်မာနိုင်ငံနဲ့ ပတ်သက်လို တံခါးပိတ်ဆွေးနွေးခဲ့ပြီး ဒီဆွေးနွေးပွဲမှာ လက်ရှိအခြေနေတွေကို အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က တင်ပြခဲ့ပါတယ်။
အီရန်နိုင်ငံမှာ မွတ်ဆလင် အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ခေါင်းစီးပုဝါ မဝတ်ဆင်တဲ့အတွက် ဖမ်းဆီးခံရတဲ့ အသက် ၂၂ နှစ် အရွယ် အမျိုးသမီးငယ် Mahsa Amini သေဆုံးသွားတဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ ဝိုင်းဝန်း ကန့်ကွက်ရှုံ့ချမှုတွေ ဖြစ်ပေါ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်