အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ဒက်ထရွိုက်ကားပြပွဲအတွင်း ၂၀၂၂ စက်တင်ဘာ ၁၅နေ့က လေပေါ်ပျံနိုင်တဲ့ မော်တော်ဆိုင်ကယ်ကို အမေရိကန်မှာ ပထမဆုံးအနေနဲ့ မိတ်ဆက်လိုက်ပါတယ်။ XTURISMO hoverbike လို့ခေါ်တဲ့ ဒီဆိုင်ကယ်ဟာ မိနစ် ၄၀ကြာပျံသန်းချိန်နဲ့ ၁နာရီ ၆၂မိုင်နှုန်းအထိမောင်းနှင်းနိုင်ပါတယ်။
လန်ဒန်မြို့ ဝက်စ်မင်စတာခန်းမမှာထားရှိတဲ့ ဘုရင်မကြီးအဲလိစ်ဇဘက်ရဲ့ရုပ်အလောင်းကို နောက်ဆုံး ဂါရဝပြုဖို့ ထောင်ပေါင်းများစွာသော လူတန်းကြီးထဲ စက်တင်ဘာ ၁၆ရက် သောကြာနေ့က ကမ္ဘာကျော်အင်္ဂလန်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းကိုလည်း တွေ့ခဲ့ရပါတယ်။
ဘဏ်မှာအပ်ထားတဲ့ စုငွေအရေးတကြီးပြန်လိုအပ်တဲ့ အမျိုးသမီး ဘဏ်က ငွေပြန်မထုတ်ပေးလို့ သေနတ်နဲ့ ဘဏ်ကို အနုကြမ်းစီး ငွေထုတ်သွားခဲ့ပါတယ်။ မိသားစုကျန်းမာရေးစရိတ် အရေးပေါ်လိုအပ်ချိန်မှာ ငွေ ပြန်မပေးတာဖြစ်ပါတယ်။ တလကို ဒေါ်လာ ၂၀၀ ပဲ ထုတ်ခွင့်ပေးတာက တရက်စာ ဆေးထိုးခတောင် မလောက်ဘူးလို့ သူက ပြောပါတယ်။
ယူကရိန်းနိုင်ငံအလယ်ပိုင်းက အကြီးဆုံးမြို့၊ ယူကရိန်းဝန်ကြီးချုပ် မွေးရပ်မြေ ခရီဗီရိဗ်မြို့ကို ရုရှားတို့က ၂၀၂၂၊ စက်တင်ဘာ ၁၄ က ဒုံးကျည် ၈ စင်းတဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မြို့နားက ရေလှောင်ကန်ကိုလည်း ဒုံးကျည်နဲ့ပစ်ခတ်လို့ အနီးပတ်ဝန်းကျင်ဒေသ ရေဘေးသင့်နေရတာပါ။
ကွယ်လွန်သူ အဲလိဇဘတ်ဘုရင်မကြီးရုပ်ကလာပ် ထည့်သွင်းထားတဲ့ ခေါင်းတလားကို လူအများလာရောက်ကြည့်ရှု ဂါရဝ ပြုနိုင်အောင် ဝက်စ်မင်စတာလွှတ်တော်မှာ ၂၀၂၂၊ စက်တင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ၄ ရက်ကြာ ထားရှိပေးထားပါတယ်။ လူပေါင်း ၇ သိန်းခွဲလောက် လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ကားကြိုက်သူပါလို့ သူ့ကိုယ်သူ ရည်ညွှန်းတတ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၂၊ စက်တင်ဘာ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့တုန်းကတော့ အမေရိကန်ကားစက်ရုံတွေရှိတဲ့ ဒထရိုက်မြို့ ကားပြပွဲကိုသွားရောက်ခဲ့တာပါ။ ၁၉၆၇ ထုတ် ကော်ဗက် စတင်းဂရေးပြိုင်ကားတစင်းပိုင်ထားတဲ့ သမ္မတဘိုင်ဒန်က နောက်ဆုံးပေါ်ကော်ဗက်ကားကိုလည်း သဘောကျခဲ့ပါတယ်။
ဆွစ်ဇာလန်ကနေ ဘူဂေးရီးယားနိုင်ငံပင်လယ်နက်ဒေသထိ မိုင် ၁,၀၀၀ ခရီးကို ဓာတ်ငွေ့မီးပုံးပျံစီးပြီး သွားခဲ့ကြသူက ဝီလ်လှန်မ် အိုင်မာစ်နဲ့ ဘန်ဂျမင်အိုင်မာစ်တို့ သားအဖပဲ ဖြစ်ပါတယ်။ သူတို့က ဥရောပမှာ ၂၀၂၂ စက်တင်ဘာလမှာ ကျင်းပတဲ့ ဓာတ်ငွေ့လောင်စာသုံး မီးပုံပျံစီးပြိုင်ပွဲမှာ ယှဉ်ပြိုင်အနိုင်ရခဲ့တာပါ။
ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်ရဲ့ ရုပ်အလောင်းဟာ အင်္ဂါနေ့က လန်ဒန်မြို့ရှိ Buckingham နန်းတော်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ဥရောပတိုက်၊ ဂျော်ဂျီယာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက လူ့သွားတချောင်းရှာဖွေ တွေ့ရှိမှုက အာဖရိကဒေသပြင်ပ တနေရာမှာ ရှေးအကျဆုံးလူသားတွေ နေထိုင်ခဲ့ကြတဲ့ သမိုင်းရဲ့ သက်သေဖြစ်တယ်လို့ မနုဿဗေဒပညာရှင်တွေက ပြောကြပါတယ်။
အဲလိဇဘတ်ဘုရင်မကြီး ဆုံးပါးသွားတာကြောင့် နိုင်ငံတကာက ဝမ်းနည်းမှုသဝဏ်လွှာတွေပါးကြ၊ ဘုရင်မကြီးကို အောက်မေ့ဂုဏ်ပြုမှုတွေ ပြုလုပ်နေကြတာမှာ တောင်ဖရိကနိုင်ငံ ကိတ်ပ်တောင်းမြို့ခံတွေလည်း ပါဝင်ပါတယ်။
ရုရှားကသိမ်းပိုက်ထားတဲ့ ကာကိဗ်ဒေသ အရှေ့မြောက်ခြမ်းကနေရာတချို့မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ စက်တင်ဘာ ၁၁ရက်နေ့က ယူကရိန်းစစ်သားတွေ ယူကရိန်းအလံစိုက်ထူနေတာကိုတွေ့ရတာပါ။
ရုရှားအပေါ် နိုင်ငံတကာက အရေးယူ ပိတ်ဆို့တာတွေကို ပြစ်တင်ရှုတ်ချကြောင်း မော်စကိုမြို့တော်ကို သွားရောက်ခဲ့တဲ့ တရုတ်ထိပ်တန်း လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်၊ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်လည်း ဖြစ်တဲ့ Li Zhanshu ကပြောဆိုခဲ့ကြောင်း တရုတ်အစိုးရသတင်း ဌာနဖြစ်တဲ့ Xinhua သတင်းဌာနဖေါ်ပြပါတယ်။
ပါကစ္စတန်နိုင်ငံမှာ မုတ်သုန်မိုးကြောင့် ရေကြီးမှုဒဏ်သင့်နေတဲ့ တောင်ပိုင်း Sindh ပြည်နယ်ကို အကူအညီ ပစ္စည်း တန်ချိန်များစွာ တင်ဆောင်သွားတဲ့ အမေရိကန် စစ်တပ် လေယာဉ် နှစ်စင်း တနင်္ဂနွေနေ့မှာ ဆိုက်ရောက်သွားပါပြီ။
တနင်္လာနေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC ရဲ့ လနဲ့ချီ ကြာမြင့်မယ့် ညီလာခံ အစီအစဉ်ထဲမှာ ထည့်သွင်းဖေါ်ပြထားခြင်း မရှိပေမယ့်လည်း ဒီကြားနာပွဲမှာ ရှင်ကျန်း မွတ်ဆလင်ကိစ္စဟာ အဓိက လွှမ်းမိုးနေနိုင်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။
အဆိုးရွားဆုံး ပဋိပက္ခတွေကနေ လွတ်မြောက်ရေး အတွက် နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင် ဆောင်ရွက်မှုတွေနဲ့ အတူ အစိုးရ ပြုပြင်းပြောင်းလဲမှု စတင်ပြီး အဂတိ လိုက်စားမှုကို တိုက်ဖျက်ကြဖို့ သီရိလကာၤ ကို ရောက်နေတဲ့ အမေရိကန် သံတမန်က သီရိလကာၤ အာဏာပိုင်တွေကို တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ရဲ့ ဈာပနာအခမ်းအနားကို လန်ဒန်မြို့က Westminster ဘုရားကျောင်းမှာ စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ Kharkiv ဒေသမှာ နယ်မြေတွေကို သိသိသာသာ ဆက်ပြီးတော့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနက ပြောလိုက်ပါတယ်။
ပါပူဝါ နယူးဂီနီနိုင်ငံအရှေ့ပိုင်းမှာ ဒီကနေ့ ပြင်းအား ၇.၆ ရှိတဲ့ ငလျင်လှုပ်သွားခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး အဆောက်အဦးတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ပျက်ဆီးသွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ဟာ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှု ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ Muifa တိုင်ဖုန်းမုန်တိုင်းဟာ ဒီနေ့မှာတော့ ဂျပန်နိုင်ငံတောင်ပိုင်းက ကျွန်းတွေနားကို ချဉ်းကပ်လာနေတာကြောင့် ဒေသခံတွေအနေနဲ့ ခိုလှုံစရာနေရာတွေကို ရှာထားကြဖို့ အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်