အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ မနေ့ စက်တင်ဘာလ (၁၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့ US Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲမှာ ကမ္ဘာ့ အဆင့်နံပတ် (၁) ပိုလန်နိုင်ငံသူ Iga Swiatek က ပြိုင်ဘက် တူနီးရှားနိုင်ငံသူ Ons Jabeur ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရပြီး၊ အမျိုးသမီးတဦးချင်း ချံပီယံဆုကို ဆွတ်ခူးသွားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးအတွက် အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ ဘုရင်မကြီး ဒုတိယမြောက် Elizabeth ကွယ်လွန်သွားတဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် နိုင်ငံတော်ဈာပနအခမ်းအနားကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဗြိတိန်သမိုင်းမှာ ရဲအင်အားအများဆုံး အသုံးပြုတဲ့လုံခြုံရေး အစီအစဉ်တရပ် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက နိုင်ငံအရှေ့မြောက်ပိုင်းမှာ အဓိက မဟာဗျူဟာမြောက် ထိုးစစ်ကြီးကို ဆင်နွှဲခဲ့ရာ အရေးပါတဲ့ Izyum မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှားတပ်သား ထောင်ပေါင်းများစွာဟာလည်း Oskil မြစ်တဖက်ကမ်းကို ဆုတ်ခွာသွားကြတယ်လို့ ယူကရိန်းဖက်က စနေနေ့က ကြေညာပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၇ ဦး ကို ကယ်တင်နိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ မြန်မာရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို မြန်မာအစိုးရထုတ် သတင်းတွေမှာ ဖော်ပြပါတယ်။
ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိစ်ဇဘက် ကွယ်လွန်သွားပြီးတဲ့နောက် တတိယမြောက် ချားလ်စ်ဘုရင်ကို ဒီကနေ့ လန်ဒန်မြို့က စိန့်ဂျိမ်းစ် နန်းတော်မှာ အခမ်းအနားနဲ့ တရားဝင် တင်မြှောက်လိုက်ပါတယ်။
ဗြိတိန်ဘုရင်မကြီး Queen Elizabeth ရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ Joe Biden က တက်ရောက်မယ်လို့ အတည်ပြုလိုက်ပါတယ်။
တတိယမြောက်ချားလ်စ်ဘုရင်နဲ့ မိဖုရားကမ်မီလာတို့ဟာ စက်တင်ဘာ ၉ ရက် သောကြာနေ့က လန်ဒန်မြို့ကိုပြန်ရောက်ပြီးနောက် ဘာကင်ဟမ်နန်းတော်ရှေ့ လူထုကိုလိုက်လံနှုတ်ဆက်နေတာဖြစ်ပါတယ်။
ဗြိတိန် တော်ဝင် မင်းသား Charles ဟာ ဘုရင် အရိုက်အရာ ဆက်ခံဖို့ ဘ၀ တလျှောက်လုံး ပြင်ဆင်လာခဲ့သူပါ။
ဗြိတိန်ရဲ့ နန်းသက် အရှည်ဆုံး ဖြစ်တဲ့ အသက် ၉၆ နှစ် အရွယ် ဘုရင်မကြီး ဒုတိယမြောက် Elizabeth ဟာ ကြာသပတေးနေ့မှာ ကွယ်လွန်ခဲ့ပြီးနောက်မှာတော့ ကမ ္ဘာတလွှားက ခေါင်းဆောင်တွေထံက ဝမ်းနည်းကြောင်း သတင်းစကားတွေပါးခဲ့ကြပါတယ်။
ဘုရင်မကြီးဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို နှစ်ပေါင်း ၇၀ ကြာ တည်ထောင်နိုင်ခဲ့ပြီး၊ အမေရိ ကန်ပြည်ထောင်စုကိုလည်း အကြိမ်ရေအတော်များများ လာရောက်လည်ပတ်ခဲ့ဖူးပါတယ်။
သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ဟာ ကြာသပတေးနေ့မှာပဲ ကွယ်လွန်သွားပါတယ်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း တောတောင်ထူထပ်တဲ့ဒေသမှာ စက်တင်ဘာ ၅ ရက်နေ့က ပြင်းထန်တဲ့ ငလျင်တခုလှုပ်သွားခဲ့ပြီးနောက် အသက်ရှင်ကျန်နေသူတွေ ကယ်တင်နိုင်ရေး အချိန်လုလုပ်နေကြရပါတယ်။ လမ်းပန်းပြတ်တောက်နေတဲ့ နေရာတွေက လူတွေကိုလည်း ရရာနည်းနဲ့ ကယ်တင်နိုင်ဖို့ လုပ်ဆောင်နေတာပါ။
အားပြင်းတိုက်ဖွန်းမုန်တိုင်းနဲ့ ရင်ဆိုင်ရပြီး လူတချို့ပျောက်ဆုံးနေခဲ့တဲ့ ကိုရီးယားနိုင်ငံမှာ နာရီပေါင်းများစွာ ကြာပြီးချိန်မှာတော့ လူ ၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ မြေအောက်ကားပါကင်မှာ ပိတ်မိနေသူ ၂ ဦး အသက်ရှင်ရက်ကယ်နိုင်ပြီး ကျန်သူတွေတော့ သေဆုံးသွားတာပါ။
ရုရှားသမ္မတပူတင်ဟာ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းသွားမပြောခင်တရက်မှာတော့ နိုင်ငံအရှေ့ပိုင်းက ၁၄ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့နေရာကို လာရောက်သွားတာပါ။ သမ္မတပူတင်က ကမ္ဘာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေအပေါ် သူ့သုံးသပ်ချက်ကို ပြောကြားသွားပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဟာ မြောက်ကိုရီးယားဆီကနေ သန်းနဲ့ချီတဲ့ ရော့ကတ်ဒုံးတွေ၊ လက်နက်ကြီး ကျည်ဆံတွေ ဝယ်ယူဖို့ စီစဉ်နေကြောင်း မကြာသေးခင်ကပဲ ကန့်သတ်အဆင့်ကနေ လျှော့ချလိုက်တဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
ပြင်းထန်တဲ့မုန်တိုင်းကြီးတွေနဲ့ ရင်ဆိုင်ရလေ့ရှိတဲ့ တောင်ကိုရီးယားနိုင်ငံကို တိုင်ဖုန်းမုန်တိုင်းတခု ဝင်တိုက်ခတ်သွားပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းမှာ မုန်တိုင်းဒဏ်ခံခဲ့ရပြီး မြေအောက်ကားရပ်နားရာမှာ ရေဝင်ပြီး လူတချို့ ပျောက်ဆုံးနေပါတယ်။
ဗြိတိန်နိုင်ငံမှာ ကွန်ဆာဗေးတစ်ခေါင်းဆောင်သစ် ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရပြီးနောက်တရက်မှာပဲ ဘုရင်မကြီးက အတည်ပြုပေးပါတယ်။ ဘုရင်မကြီး သူ့နန်းသက်တလျှောက် ဝန်ကြီးချုပ်တွေ ခန့်အပ်တာ ဒီတခေါက် ၁၅ ဦးမြောက်ဖြစ်ပါတယ်။ Originally published at - /a/6733020.html
နောက်ထပ်ကြည့်ရှုရန်