အင်ဒိုနီးရှားနိုင်ငံမှာ လောင်စာဆီဈေးမြင့်တက်ပြီး ငွေကြေးဖောင်းပွမှုတွေဖြစ်နေတာကြောင့် အစိုးရအနေနဲ့ အရေးယူကိုင်တွယ်ဖို့ ထောင်နဲ့ချီတဲ့ပြည်သူတွေ မြို့တော် ဂျကာတာမှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
ရုရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာစစ်ကောင်စီ အကြီးအကဲဟာ ဗလာဒီဗော့စတော့မြို့ က အရှေ့ဖျား စီးပွားရေးဖိုရမ်မှာ ရုရှားသမ္မတနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရက ဗွီအိုအေကို အတည်ပြုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရဘူးဆိုရင် မြန်မာနိုင်ငံကို နောက်တခေါက် မသွားတော့ဘူးလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump ရဲ့ ဖလော်ရီဒါပြည်နယ် Mar-a- Lago အပန်းဖြေစံအိမ်ကနေ သိမ်းဆည်းသွားခဲ့တဲ့ ထောင်နဲ့ချီတဲ့ အထောက်အထားတွေထဲက တချို့ကို ပြန်ပေးသင့်မသင့် စီစစ်ဖို့ လွတ်လပ်တဲ့ အထူးစစ်ဆေးရေး အရာရှိခန့်အပ်ရေး သမတဟောင်းရဲ့ တောင်းဆိုချက်ကို ပြည်ထောင်စု တရားသူကြီးတဦးက ခွင့်ပြုလိုက်ပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မှာ တနင်္လာနေ့က အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး အနည်းဆုံးလူ ၂၁ ဦးသေဆုံးခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာန က ကြေညာပါတယ်။ Sichuan ပြည်နယ်မှာ အဲဒီနေ့ နေလည်ပိုင်းလောက်က ပြင်းအား ၆ ဒသမ ၈ အဆင့် ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်သစ်အဖြစ်ခန့်အပ်နိုင်ဖို့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး Liz Truss ကို ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ပါပြီ။
ပါကစ္စတန်နိုင်ငံမှာ ရေဘေးဒဏ် အဆိုးဝါးဆုံး ခံစားခဲ့ရတဲ့ Sindh ပြည်နယ်မှာ ဝမ်းလျှောရောဂါနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်နေတယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး Azra Pechuho က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီး ဖြုတ်ချခံရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်တဲ့ ကိစ္စကို ဥရောပ သမဂ္ဂ EU က တနင်္ဂနွေနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ မဆင်မခြင် ပစ်ခတ်မှုနဲ့ ဝေဟင် ပိုင်နက် ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ဘင်္ဂလားဒေရှ့် ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဌာနက တနင်္ဂနွေနေ့မှာ ဆင့်ခေါ် ကန့်ကွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေက တနင်္ဂနွေနေ့မှာ ဖော်ပြကြပါတယ်။
တရုတ်နဲ့ ဂျပန်နိုင်ငံတို့ကို ဝင်ရောက်တိုက်ခတ်နေတဲ့ တိုင်ဖုန်းမုန်တိုင်း Hinnamnor ကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ကူးတို့လုပ်ငန်းတွေ ရပ်ဆိုင်းထားရပြီး ဂျပန်နိုင်ငံမှာလည်း စာသင်ကျောင်းတွေပိတ်၊ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းလိုက်ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လောင်စာဆီဈေးသက်သာအောင် အစိုးရကပေးနေတဲ့ အမတော်ကြေးကို လျှော့ချလိုက်တဲ့အတွက် နိုင်ငံတဝန်းက လောင်စာဆီဈေးတွေ စနေနေ့က ၃၀% တက်သွားပါတယ်။
ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနဲ့ တိုက်နေတဲ့စစ်ပွဲမှာ နောက်ထပ်အကူအညီတွေ လိုအပ်နေပြီး၊ ဂျာမနီနိုင်ငံအနေနဲ့ ယူကရိန်းကို နောက်ထပ်လက်နက်တွေ ကူညီပံ့ပို့ဖို့ ယူကရိန်းဝန်ကြီးချုပ် Denys Shmygal ဟာ ဒီနေ့ပန်ကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကနေ ဆန်တန်ချိန် နှစ်သိန်း ဝယ်ယူသွားမှာဖြစ်တယ်လို့ The Straits Times သတင်းက ဒီနေ့ ဖော်ပြလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ချုံဖွန်ပြည်နယ်ထဲမှာဖြစ်ပျက်ခဲ့တဲ့ လူကုန်ကူးမူတွေကို စစ်ဆေးနေရာ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့က ဌာနဆိုင်ရာဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေတာကို တွေ့ရတဲ့အတွက် ထိုင်းဒုရဲချုပ်ကိုယ်တိုင် စစ်ဆေးမူတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အမေရိကန် အာကာသ အေဂျင်စီ NASA ရဲ့ လကမ္ဘာ စူးစမ်းရေး ဒုံးပျံလွှတ်တင်မဲ့ အစီအစဉ်ဟာ စနေနေ့က လောင်စာဆီ ယိုစိမ့်မှုကြောင့် ဒုတိယအကြိမ် ထပ်မံ ရွှေ့ဆိုင်းလိုက်ရပါတယ်။ အဲဒီလို အနေအထားကြောင့် ဒီဒုံးပျံကို ဘယ်အချိန်မှာ ပြန်ပြီးလွှတ်တင်မယ်ဆိုတာကို NASA အဖွဲ့က ချက်ချင်းမပြောသေးပါဘူး။
အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ် Baltimore မြို့ မှာ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေ နဲ့ CDM ခေါ် စစ်ကောင်စီနဲ့ မပူးပေါင်းရေး ဆန့်ကျင် လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေကို ကူညီဖို့အတွက် ရန်ပုံငွေရှာ ဈေးရောင်းပွဲကို စနေနေ့က ပြုလုပ်နေကြပါတယ်။
သီရိလင်္ကာနိုင်ငံကို သောကြာနေ့ညက ပြန်လည်ရောက်ရှိလာတဲ့ သမတဟောင်း Gotabaya Rajapaksa ဟာ နိုင်ငံရေး လှုပ်ရှားသူတချို့ ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ တရားရင်ဆိုင်ရနိုင်တယ်လို့ နစ်နာဆုံးသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေကပြောဆိုပါတယ်။
ဒေသတွင်း တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံးအစင်း ၆၀ နဲ့ ဝေဟင်ကနေ ဝေဟင်ကိုပစ်တဲ့ မစ်ဇိုင်းဒုံးကျည် အစင်း ၁၀၀ အပါအဝင် စစ်ပစ္စည်းကိရိယာ ဒေါ်လာ ၁.၁ ဘီလီယံဖိုး ရောင်းဖို့ဖြစ်နိုင်တဲ့ အစီအစဉ်တရပ် အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုပေးလိုက်ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းက ကွယ်လွန်သွားခဲ့တဲ့ တချိန်က ဆိုဗီယက်ယူနီယံ ခေါင်းဆောင် မီခေးလ် ဂိုဗာချော့ဗ် (Mikhail Gorbachev) ကို နောက်ဆုံးအကြိမ် ဂါရဝပြုဖို့အတွက် သူ့ကိုလေးစားချစ်ခင်သူ ထောင်နဲ့ချီ ဒီကနေ့ တန်းစီခဲ့ကြပါတယ်။
ကမ္ဘာကျော် အမေရိကန်တင်းနစ်ချန်ပီယံ Serena Williams ဟာ မနေ့က သူ့အတွက် နောက်ဆုံးပွဲစဉ် ကစားအပြီးမှာပဲ တင်းနစ်လောကကနေ အပြီးတိုင် အနားယူ နုတ်ဆက်သွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်