နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို နောက်ထပ်ဖိအားတွေပေးကြဖို့ နိုင်ငံတကာအသိုင်းဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စီးပွားရေး နှီးနှောဖလှယ်ပွဲတခု တက်ရောက်ဖို့ ရှေ့သီတင်းပတ်ထဲ ရုရုားနိုင်ငံကို သွားရောက်မယ့်အကြောင်း နိုင်ငံပိုင်သတင်းမီဒီယာမှာ ဒီကနေ့ ဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီနဲ့ ဒီသီတင်းပတ်ထဲ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့က ၂ ဖက်ဆွေးနွေးမှုတွေကို ညှိနှိုင်းဖို့ အချိန်ယူဦးမယ်လို့ ပြောလိုက်ပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်း တင်ပြထားပါတယ်။
ဒေသတွင်း ပြိုင်ဖက် တရုတ်နိုင်ငံ ရဲ့ကြီးထွားလာတဲ့ ရေတပ် အင်အားကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက ပထမဆုံး ပြည်တွင်းမှာ ထုတ်လုပ်တဲ့ လေယာဉ်တင် သင်္ဘောကို ရေချလိုက်ပါတယ်။
ယူကရိန်းအပေါ် ကျုးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကို ဝင်ငွေဖြတ်တောက်ဖို့ ရည်ရွယ်ပြီး၊ ရုရှားနိုင်ငံကထွက်တဲ့ ရေနံတွေကို ဈေးနှုန်းတွေ ကန့်သတ်ဖို့နဲ့ တချိန်တည်းမှာ စက်သုံးဆီဈေးနှုန်းတွေ မတက်ဖို့ လောင်စာဆီမပြတ်အောင်လုပ်ဖို့ အစီအစဉ်တရပ်ကို ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့က သဘောတူလိုက်ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း Vicky Bowman နဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်း တို့ကို ရန်ကုန်မြို့က တရားရုံးတခုမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ်အပြစ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂက ဝေဖန်လိုက်ပါတယ်။
စက်တင်ဘာ ၁ရက်နေ့က အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနားခရစ်ခ်နာဟာ ဘွေနိုအဲရစ်စ်မြို့က သူမရဲ့ နေအိမ်အနီး အားပေးထောက်ခံသူတွေကို တွေ့ဆုံနှုတ်ဆက်နေစဉ် သေနတ်နဲ့ချိန်ရွယ်ခံခဲ့ရပါတယ်။ သေနတ်ကိုင်ထားသူဟာ လူအုပ်ထဲကနေ ထွက်လာပြီး သေနတ်နဲ့ချိန်ရွယ်လိုက်ချိန် လုံခြုံရေးက တားမြစ်ဖမ်းဆီးခဲ့ပါတယ်။
အမေရိကန် အာကာသ လေ့လာစူးစမ်းရေးဌာန NASA က အင်္ဂါဂြိုဟ်ပေါ် လွှတ်တင်ထားတဲ့ Perseverance ယာဉ်ဟာ အောက်စီဂျင်ဓာတ်ငွေ့ကို ၁ နှစ်ကျော်ကြာ ကောင်းမွန်အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီး ဆက်လက် တာဝန်ထမ်းဆောင် သွားနိုင်လိမ့်မယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ သိပ္ပံစာစောင်ထဲမှာ ဖေါ်ပြထားပါတယ်။
ကွယ်လွန်သူ ဆိုဗီယက်ခေါင်းဆောင်ဟောင်း Mikhail Gorbachev ရဲ့ ဈာပနကို အလုပ်ကိစ္စတွေအတွက် အချိန်မရတာကြောင့် ရုရှားသမ္မတ Vladimir Putin တက်ရောက်နိုင်မှာ မဟုတ်ကြောင်း သမ္မတရုံးကပြောလိုက်ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တော်ဝင်ဝေလမင်းသမီး ဒိုင်ယာနာ ကွယ်လွန်တာ ၂၅ နှစ်ပြည့်အောက်မေ့ခြင်းအဖြစ် ဗြိတိသျှအနုပညာရှင် နေသန်ဝိုင်းဘန်း ဖယောင်းတိုင်တွေနဲ့ ပုံဖော်ခဲ့ပါတယ်။ ဝေလနယ်အခြေစိုက်အနုပညာရှင်ဖြစ်ပြီး သူက သူ့အနုပညာဖန်တီးမှုတွေကို ရသမျှအရာတွေအသုံးပြု လုပ်တတ်တာပါ။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ တာဝန်ထမ်းခဲ့ပြီး၊ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကရင်ပြည်နယ်အတွင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦး ဒီကနေ့ ဘားအံ၊ တောင်ကလေး အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပါတယ်။
ရုရှားနိုင်ငံအရှေ့ဖျား ကမ်းရိုးတန်းဒေသမှာ ရုရှားက တရုတ်နိုင်ငံအပါအဝင် နိုင်ငံတချို့နဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပါတယ်။ ရုရှားလေတပ်ဖွဲ့တွေ၊ တာဝေးပစ်ဗုံးကျဲလေယာဉ်တွေ၊ ထောက်ပို့စစ်လေယာဉ်တွေ ပါဝင်တာပါ။
ဘေးအန္တရာယ်တွေ ပပျောက်စေပြီး တောင်းတဲ့ဆုနဲ့ ပြည့်စေတယ်လို့ ဟိန္ဒူဘာသာဝင်တွေ ယုံကြည်တဲ့ မဟာပိန္နဲဘုရားပွဲကို အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ကိုဗစ် ကမ္ဘာ့ကူးစက်ကပ်ဘေးကြီးကြောင့် ဒီပွဲတော်ကို ၂ နှစ်မကျင်းပနိုင်ခဲ့ဘဲ အခုမှ အရင်ကလို အကြီးအကျယ်ပြန် ဆင်နွှဲကြတာပါ။
ပါကစ္စတန်နိုင်ငံမှာ ဇွန်လကစတင်တဲ့ မုတ်သုန်ရာသီမိုးကြောင့် သမိုင်းမှာအဆိုးရွားဆုံး ရေဘေးနဲ့ ရင်ဆိုင်နေရပြီး လူပေါင်း ၅ သိန်းဝန်းကျင်အိုးအိမ်မဲ့နေရသလို လူ့အသက်ပေါင်းထောင်ချီ ဆုံးရှုံးခဲ့ရပါတယ်။ နိုင်ငံရဲ့ ၃ ပုံတပုံက ရေကြီးနေပြီး အခြေအနေက ပိုဆိုးဦးမယ်လို့ မိုးဇလဗေဒက ခန့်မှန်းပါတယ်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် မုန်သုန်မိုးဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံမှာ ၂ လကျော်ကြာ ရေဘေးသင့်သူတွေကို အကူအညီပေးဖို့ ကုလသမဂ္ဂက ဒေါ်လာသန်း ၁၆၀ တောင်းခံလိုက်ပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်ပြည်နယ်မှာ သြဂုတ်လ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ ကျင်းပတဲ့ PLA တပ်မတော် လေကြောင်းစွမ်းရည်ပြပွဲမှာတော့ တရုတ်ရဲ့ လေကြောင်းနည်းပညာပိုင်ဆိုင်မှုတွေကို တွေ့ခဲ့ရပါတယ်။ ခေတ်မီအဆင့်မြင့်လေယာဉ်တွေကို ပြသခဲ့သလို တရုတ်လေသူရဲတွေရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကိုပါ ပြသသွားပါတယ်။
အီရတ်နိုင်ငံမှာ ၂၀၂၁ အောက်တိုဘာရွေးကောက်ပွဲပြီးကတည်းက ၂ ဘက်ကြေလည်မှုမရ ဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့် အစိုးရတရပ်မဖွဲ့နိုင်ဘဲ အခုတခါ ၂ ဘက်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြန်ပါတယ်။
အီရတ်နိုင်ငံမှာ သြဇာကြီးမားတဲ့ ရှီယာ မွတ်ဆလင် ဘာသာရေးခေါင်းဆောင် Muqtada al-Dadr ဟာ နိုင်ငံရေးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပြီးနောက် Baghdad မြို့တော်မှာ တနင်္လာနေ့က သူနောက်လိုက်တွေနဲ့ ပြိုင်ဖက်အုပ်စုတွေအကြားမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ကြပြီး ၅ ဦးသေဆုံးခဲ့ပါတယ်။
လကမ္ဘာကို အာကာသယာဉ်မှူးတွေ ပြန်လည်စေလွှတ်နိုင်ရေးအတွက် အမေရိကန် အာကာသ အေဂျင်စီ NASA က တနင်္လာနေ့မှာ လူမပါဘဲ စမ်းသပ် လွှတ်တင်ဖို့ စီစဉ်ထားတဲ့ ဒုံးပျံအသစ်ဟာ လောင်စာဆီယိုစိမ့်မှုတွေနဲ့ အင်ဂျင်ချို့ယွင်းမှုကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။
၆ လကြာ ကျုးကျော်စစ်ပွဲအစပိုင်းမှာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းတောင်ပိုင်း ဒေသတွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ယူကရိန်းတပ်တွေက တန်ပြန်ထိုးစစ် စတင်ဆင်နွဲှပြီလို့ တနင်္လာနေ့မှာ ယူကရိန်းတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်