ပါကစ္စတန်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ကြုံနေရပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူသားချင်း စာနာမှုကူညီရေးအဖွဲ့တွေက တုန့်ပြန်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကတည်းက ရေဘေးနဲ့အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ နိုင်ငံတကာကဝိုင်းဝန်းကူညီဖို့ ဝန်ကြီးချုပ်က မေတ္တာရပ်ထားပြီး နိုင်ငံတွင်းကယ်ဆယ်ရေးကိုလည်း အားသွန်လုပ်ဆောင်နေတာပါ။
အိန္ဒိယနိုင်ငံမှာ အဆောက်အဦးဆောက်လုပ်ရင် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းတွေကို အပြည့်အဝမလိုက်နာတာ မထူးဆန်းပေမဲ့ စည်းကမ်းဖောက်လို့ ဆောက်ပြီးတိုက်တာအကြီးကြီးတွေ ဖြိုချခိုင်းတာ သိပ်မရှိပါဘူး။ အခုတော့ ပေ ၃၀၀ ကျော်မြင့်တက် မိုးမျှောအဆောက်အဦးကြီးတွေကို ဖြိုချလိုက်ပါတယ်။
ထိုင်းနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှာ ဒဏ်ရာရပြီး ရေနစ်သေတော့မယ့် လင်းပိုင်ငယ်လေး တကောင်ဟာ အခုတော့ စေတနာ့ ဝန်ထမ်း ကူညီပေးသူ အဖွဲ့တခုရဲ့ ကြိုးပမ်းမှုကြောင့် အတော်လေး သက်သာလာပါပြီ။
အမေရိကန် အာကာသသိပ္ပံအေဂျင်စီ (NASA) ရဲ့ လကမ္ဘာစူးစမ်းလေ့လာရေး အာကာသယာဉ်သစ် လွှတ်တင်မယ့် ပစ်စင်ကို မိုးကြိုးတွေ ဆက်တိုက် ထိမှန်ခဲ့ပေမဲ့ အစီအစဉ်အတိုင်း တနင်္လာနေ့မှာ ပစ်လွှတ်မှာ ဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံ Tripoli မြို့တော်မှာ စနေနေ့က စင်ပြိုင်အုပ်ချုပ်ရေးနေကြတဲ့ အဖွဲ့တွေရဲ့ တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီး အနည်းဆုံး ၂၃ ဦးသေဆုံးပြီး ၁၄ဝ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ လစ်ဗျား ကျန်းမာရေးဝန်ကြီးဌာန က တနင်္ဂနွေနေ့က ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ လူပေါင်း ၁ ထောင်ကျော် သေဆုံးခဲ့ရတဲ့ ရေဘေးဒဏ်ခံနေရသူတွေကို ကူညီဖို့ အမေရိကန် ဒေါ်လာ ၄၅ သန်း သုံးစွဲမယ့်အကြောင်း ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
အာဖဂန်နစ္စတန်ကို အမေရိကန်က အဝေး ထိန်း ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ရာမှာ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက လေကြောင်းပိုင်နက်ကို သုံးခွင့်ပြုနေကြောင်း တာလီဘန် ကာကွယ်ရေးဝန်ကြီး Mohammad Yaqoob က တနင်္ဂနွေနေ့က စွပ်စွဲလိုက်ပါတယ်။
ကွယ်လွန်သူ ဗြိတိသျှတော်ဝင်မင်းသမီး ဒိုင်ယာနာစီးခဲ့တဲ့ Ford Escort ကားကို ဗြိတိန်နိုင်ငံမှာ မနေ့ သြဂုတ်လ ၂၇ ရက်၊ စနေနေ့က လေလံတင်ရောင်းချတာမှာ ပေါင်စတာလင် ၆ သိန်းခွဲ ရရှိခဲ့ပါတယ်။
အမေရိကန် စစ်သင်္ဘောနှစ်စင်းဟာ ဒီကနေ့ တနင်္ဂနွေနေ့ မှာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းနေတယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။ ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ သွားရောက်ပြီးကတည်းက ဒါဟာ အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဇွန်လအလယ်ပိုင်းလောက်ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ မိုးသည်းရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁,၀၀၀ ကျော်သွားပြီလို့ အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရှိ လူမှောင်ခို ကူးရာနေရာက ပြန်လာတဲ့ ထိုင်ဝမ်သား ၃ ယောက်ကို ထိုင်ဝမ်ရဲတပ်ဖွဲ့က စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ဟာ အရှေ့တောင်အာရှ ရာဇဝတ်မှုဂိုဏ်းနဲ့ ချိတ်ဆက်နေတဲ့သူတွေအဖြစ် သံသယ ရှိနေကြောင်း ရဲ့ တပ်ဖွဲ့က တနင်္ဂနွေနေ့က ပြောတယ်လို့ Focus Taiwan အင်တာနက် သတင်းစာမျက်နှာက ပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ပန်းခြံတခုမှာရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသားတွေစုဝေးပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံ ဂျပန်သတင်းသမား တိုရုခူဘိုတာ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွတ်ပေးဖို့ စနေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ယူကရိန်းတောင်ပိုင်းက ဒုံကျည်နဲ့လက်နက်ကြီးတွေကျရောက်ခဲ့တဲ့ Zaporizhzhia ညူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က ဒီရက်သတ္တပတ်အတွင်း သွားရောက်စစ်ဆေးဖို့ ပြင်ဆင်နေကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက စနေနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။
အီသီယိုပီယားမှာ လေကြောင်းတိုက်ခိုက်မူထဲ မူလတန်းကလေးငယ်တွေ ပါသွားခဲ့တာကို ကုလက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ပါကစ္စတနိုင်ငံမှာ ဇွန်လလယ်ကစပြီး နိုင်ငံတဝှမ်းမိုးကြီးတဲ့ဒဏ်ကြောင့် အခုဆို ရေကြီးတဲ့ဒဏ်ခံရသူ ၃၃ သန်းနီးပါးရှိနေပြီး၊ သေဆုံးရသူက ၁၀၀၀ လောက်ရှိနေပြီလို့ ပါကစ္စတန်အရာရှိတွေက ဒီနေ့စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကိုပြန်ဖို့ ရုန်းကန်ကြိုးစားနေကြတဲ့ ရိုဟင်ဂျာတွေကို မလေးရှားက အားပေးထောက်ခံကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မနေ့ညဘက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံက Zaporizhzhia ဇာပိုရီရှီရာ နျူကလီးယား ဓါတ်အားပေးစက်ရုံကနေ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိခဲ့ပေမယ့် အဲဒီနားတဝိုက်က အခြေအနေတွေဟာ အလွန်စိုးရိမ်ဖွယ်ရှိနေပြီး အန္တရာယ်လည်းရှိနေဆဲ ဖြစ်တယ်လို့ သမ္မတ Volodymyr Zelenskyy က ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်း ကနီနဲ့ ယင်းမာပင်ဒေသတဝိုက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။ ကနီမြို့နယ် မုံရွာ ယာကြီး- ကလေးဝလမ်းပိုင်း ချောင်းမရွာအနီးမှတော့ာ ရုပ်အလောင်း ၅ လောင်း တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဈေးကွက် stock exchanges မှာပါဝင်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး စာရင်းစစ်ဝင်ဖို့ကို တရုတ်နဲ့ အမေရိကန်အကြား သဘောတူလိုက်ကြောင်း ကြေငြာချက် တစောင်ထု တ် ပြန်ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်