မင်္ဂလာဒုံလေဆိပ်နဲ့ဆက်နေတဲ့ လေတပ်နယ်မြေလို့ ယူဆရတဲ့နေရာမှာ ဒီနေ့ညဘက် ပေါက်ကွဲသံတွေကြားရတယ်လို့ ကိုယ်တိုင်ကြားခဲ့သူတွေက ပြောပါတယ်။
ယူကရိန်းစစ်ပွဲ အခြေအနေ ပိုဆိုး မသွားအောင် ပြင်သစ်နိုင်ငံရဲ့ အတူတွဲလုပ်သွားဖို့ အသင့်ပဲလို့ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy တို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြပါတယ်။
ဒီနေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အရေးကြီးတဲ့ Maundy Thursday သန့်ရှင်းသော ကြာသပတေးနေ့ကြီးဖြစ်တာကြောင့် ကမ္ဘာတလွှားက ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးပွဲတွေလုပ်နေကြပါတယ်။
မုံရွာသပိတ်ကော်မတီ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကို ပုဒ်မ ၅ ခု အတွက် ထောင်နှစ် ၂၀ မနေ့ ဧပြီ ၅ ရက်နေ့က ပြစ်ဒဏ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။
ရုရှားသိမ်းယူထားတဲ့ ယူကရိန်းနိုင်ငံ Zaporizhzhia နျူကလီးယားဓါတ်အားပေးစက်ရုံ နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA အကြီးအကဲ Rafael Grossi ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ရောက်ရှိနေပါတယ်။ ရုရှား ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာပါ။
ဗဟိုအမေရိကားတိုက်နိုင်ငံတွေကအပြန် အမေရိကန်ပြည်ထောင်စုမှာ ခရီးတထောက်နားဖို့ ထိုင်ဝမ်သမ္မတ ချိုင်အင်ဝမ်း (Tsai Ing-wen) ဟာ ဧပြီ ၅ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ကိုရောက်ရှိလာခဲ့ပါတယ်။ သမ္မတချိုင်ဟာ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Kevin McCarthy နဲ့တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ အာဖဂန် အမျိုးသမီးတွေ အလုပ်လုပ်ခွင့် ပိတ်ပင်မယ်လို့ တာလီဘန်တွေက အကြောင်းကြားခဲ့တဲ့အကြောင်း ကုလသမဂ္ဂ က အင်္ဂါနေ့က ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာလီဘန်ဘက်ကတော့ လူသိရှင်ကြား ထုတ်ဖော်ပြောထားတာ မရှိသေးပါဘူး။
တိုင်းပြည်ကို ဖျက်ဆီးမယ့်သူတွေ လက်ထဲက ကာကွယ်ဖို့ ကြိုးစားတာက သူ့အတွက် ရာဇဝတ်ပြစ်မှု ဖြစ်ခဲ့ရပြီး သူ့ကို တရားစွဲတာဟာ တိုင်းပြည်ကို စော်ကားတာလို့ မနေ့က ရာဇဝတ်ပြစ်မှု စွဲချက် ၃၄ ခုနဲ့ တရားစွဲခံလိုက်ရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောဆိုပါတယ်။
ယူကရိန်းကို ကျုးကျော်တိုက်ခိုက်နေတဲ့ ရုရှားနိုင်ငံကို တရုတ်နိုင်ငံအနေနဲ့ စစ်ရေးအရ အကူအညီပေးလို့ မရဘူးဆိုတာ အီးယူဘက်က အသိအပေး အကြောင်းကြားထားတဲ့အကြောင်း အီးယူဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Joseph Borrell က ဒီနေ့ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ တရုတ်နိုင်ငံက ဒီကနေ့ အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်စစ်စခန်းတွေတိုးချဲ့ အခြေချဖို့သဘောတူညီချက်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က ခုလို ပြောဆိုလိုက်တာပါ။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Arunachal Pradesh ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ နယ်နမိတ်ထဲမှာပါတယ်ဆိုပြီး တရုတ်ဘက်က နာမည်ပြောင်းတာကို လက်မခံတဲ့အကြောင်း အိန္ဒိယနိုင်ငံက ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။
သြစတြေးလျနိုင်ငံမှာ ဒီကနေ့ (ဧပြီလ ၄ ရက်)ကစပြီး အစိုးရပိုင် မိုဘိုင်းဖုန်း၊ ကွန်ပြူတာနဲ့ ပစ္စည်းအားလုံးမှာ TikTok အသုံးပြုမှုကို ပိတ်ပင်လိုက်ပါတယ်။ တရုတ်ပိုင် ဗွီဒီယိုအက်ပီလီကေးရှင်း TikTok ကို ပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ရဲ့မဟာမိတ် သြစတြေးလျနိုင်ငံက နောက်ဆုံးပါဝင်လာတာဖြစ်ပါတယ်။
ပါကစ္စတန်ဗဟိုတရားရုံးဆုံးဖြတ်ချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ရက်ပေါင်း (၉ ဝ)အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် ပါကစ္စတန်အနေနဲ့ မြန်မာနိုင်ငံလိုမျိုး ဒါမှမဟုတ် တူရကီနိုင်ငံရဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန် (Imran Khan) က ဒီကနေ့သတိပေးလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးဟာ ဂုဏ်သိက္ခာနဲ့အညီ၊ သူတို့ သဘောနဲ့သူ ပြန်ပို့တာမျိုးဖြစ်ဖို့လိုသလို ရေရှည်အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့လိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် ကူညီရေးနဲ့ နေရပ်ပြန်ပို့ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Mizanur Rahman က Abra သတင်းဌာနကို ပြောဆိုပါတယ်။
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ဟာ ဒီနေ့ (ဧပြီလ ၄ ရက်) သူ့ကို တရားဝင်စွဲချက်တင်မယ့် နယူးယောက်မြို့ တရားရုံးကို လူကိုယ်တိုင် လာရောက်ဖို့ရှိနေပြီး အမှုအတွက် တရားရုံးဘက်က လိုအပ်တာတွေ စီမံဆောင်ရွက်တာဟာ တနာရီအတွင်းမှာ ပြီးပြတ်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်တချို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ အင်အားပြင်း လေဆင်နှာမောင်းတွေ ဆက်တိုက် ဝင်ရောက်ခဲ့ရာကနေ ပြည်နယ် ၆ ခုမှာ သေဆုံးသူ ၂၆ ယောက်ထက် မနည်း ရှိတဲ့အကြောင်း အစိုးရအရာရှိတွေက ဒီကနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက်ရှူကျပ်လို့ ဆေးရုံတက် ကုသမှုခံယူခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဆေးရုံကဆင်းပြီး နောက်တရက် ဒီကနေ့မှာတော့ ခရစ်ယာန် ဘာသာဝင်တွေ အတွက် အရေးပါတဲ့ Palm Sunday ဆုတောင်းပွဲကို ဦးဆောင်တက်ရောက်ကျင်းပခဲ့ပါတယ်။
အီရန်နိုင်ငံက ဈေးဆိုင်တခုမှာ ခေါင်းစည်းပုဝါ မခြုံထားတဲ့ အမျိုးသမီး ၂ ဦးရဲ့ခေါင်းကို အမျိုးသားတဦးက ဒိန်ချဉ်တွေနဲ့ လောင်းချတဲ့ ဗီဒီယိုဖိုင် အင်တာနက် အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့သလို၊ အာဏာပိုင်တွေက အဲ့ဒီအမျိုးသမီး ၂ ဦးကို ဖမ်းမိန့်ထုတ်ထားပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ၂ ရက် ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်