အမေရိကန်သမ္မတဟောင်း Donald Trump ကို ရာဇဝတ်မှုနဲ့ လာမယ့် အင်္ဂါနေ့ကျရင် နယူးယောက်မြို့၊ မန်ဟန်တန် ဂျူရီ တရားသူကြီး တဦးက တရားရုံးမှာ တရားဝင် စွဲချက်တင်ဖို့ ရှိနေချိန်မှာပဲ မြို့တော် ဝါရှင်တန်နဲ့ နယူးယောက် အပါအဝင် အမေရိကန် မြို့ကြီးတချို့မှာတော့ လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။
လာမယ့် ၁ နှစ် ကနေ ၁ နှစ်ခွဲအတွင်းမှာ ရွှေ့ပြောင်းအခြေချနေထိုင်မှုတွေ၊ မတည်ငြိမ်တဲ့နိုင်ငံတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ အကြီးအကျယ် ကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ WFP အကြီးအကဲ David Beasley သောကြာနေ့က သတိပေးလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတ Vladimir Putin အစိုးရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် စယူတဲ့သတင်းက April Fool ဟာသ လုပ်တဲ့သတင်း မဟုတ်ပါဘူး။
နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ ကျော် ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့က အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ရှေ့နေတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ြ
ယူကရိန်းမှာ ရှိနေတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် လက်နက်ခဲယမ်းတွေ တိုးမြှင့်ထုတ်လုပ် ပံ့ပိုးပေးသွားမယ်လို့ ရုရုားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဒီကနေ့ ကတိပြု ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ရုရှားစစ်ဌာနချုပ်ကို သွားရောက်တဲ့အချိန်မှာ ဝန်ကြီး Shoigu အခုလို ပြောသွားတာပါ။
စင်္ကာပူ၊ မလေးရှားစတဲ့ အာရှနိုင်ငံတွေပါဝင်တဲ့ ကုန်သွယ်ရေးစာချုပ်အဖွဲ့ CPTPP ထဲမှာ ဗြိတိန်နိုင်ငံပါဝင်သွားပါပြီ။ EU ဥရောပသမဂ္ဂထဲက နှုတ်ထွက်ထားတဲ့ ဗြိတိန်နိုင်ငံက အမေရိကန်ဦးဆောင်တဲ့ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံကျော်ပါဝင်တဲ့ ကုန်သွယ်ရေးမိတ်ဖက်အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်၊
အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် Indore မြို့က ဟိန္ဒူဘုန်းကြီးကျောင်းတခုမှာ ဘာသာရေးဆုတောင်းပွဲလုပ်နေချိန် လူအလေးချိန်မခံနိုင်ဘဲ ကြမ်းပြိုခဲ့ပြီး အောက်မှာရှိနေတဲ့ ရေတွင်းထဲ ပြုတ်ကျကုန်လို့ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ကို စွဲချက်တင်ဖို့ နယူးယောက် တရားရုံး ဂျူရီအဖွဲ့က ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့တာကြောင့် သူဟာ အမေရိကန်ပြည်ထောင်စုမှာ ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်ရမယ့် ပထမဆုံး သမ္မတဟောင်းတယောက်ဖြစ်သွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုရင် လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့အတွက် ဒုက္ခသည်ပြန်ပို့ရေး အစပျိုးအစီအစဉ်ကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံထဲက စစ်အေခြေဆိုက်စခန်းတွေမှာ အမေရိကန်ရဲ့အင်အားတိုးချဲ့ဖို့ ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာရဲ့ ပြီးခဲ့တဲ့လကဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင်နဲ့ အမေရိကန်စစ်သည်အင်အား ၃၀၀၀ ကျော်ပါဝင်တဲ့ သီတင်း ၃ပတ်ကြာ စစ်ရေးလေ့ကျင့်မှုတခုကို ဒီကနေ့စတင်လိုက်ပါတယ်။
ဖင်လန်နိုင်ငံကို မြောက်အတ္တလန်တိတ် စာချုပ် NATO နေတိုးမဟာမိတ် အဖွဲ့ဝင်အဖြစ် တူရကီလွှတ်တော်မှာ မနေ့ ကြာသပတေးနေ့ နှောင်းပိုင်းက အတည်ပြု လိုက်ပြီမို့ ဖင်လန်အနေနဲ့ နိုင်ငံပေါင်း ၃၀ ပါတဲ့ အနောက်မဟာမိတ် နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ သေချာသွားပါပြီ။
မလေးရှားနိုင်ငံ ဘဏ္ဍာငွေနဲ့ ထူထောင်ခဲ့တဲ့ 1MDB ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးရဲ့ ဒေါ်လာ ဘီလျံနဲ့ချီ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ခ်(Najib Razak) ရဲ့အယူခံကို မလေးရှားရဲ့ အမြင့်ဆုံး ဖက်ဒရယ်တရားရုံးက ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
ဗြိတိန်ဘုရင် တတိယမြောက်ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် ကမ်မီလာတို့ဟာ ယူကေနိုင်ငံနဲ့ ဥရောပသမဂ္ဂကြား ဆက်ဆံရေးတိုးမြင့်ဖို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ကို မတ်လ ၂၉ရက် ဗုဒ္ဓဟူးနေ့က ရောက်ရှိလာပြီး ဂျာမနီသမ္မတ Frank-Walter Steinmeierနဲ့ သမ္မတကတော်တို့က ကြိုဆိုခဲ့ကြပါတယ်။
စစ်မက်ပဋိပက္ခဖြစ်ပွားဖြစ်နေတဲ့ ကယားပြည်နယ် လွိုင်ကော် ကက်သလစ် ဂိုဏ်းအုပ်သာသနာတော်ရဲ့ သာသနာပိုင် ဆရာတော်အဖြစ် ဘုန်းတော်ကြီး ချဲလ်ဆိုဘရွှေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့က ခန့်အပ်လိုက်ပါတယ်။
မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ အသက် ၂၀ အောက် ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ U-20 World Cup 2023 ကိုအင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပဖို့ အရင်က စီစဉ်ထားပေမဲ့ အင်ဒိုနီးရှားမှာ မဟုတ်ဘဲ တခြားနိုင်ငံမှာ ပြောင်းကျင်းပမယ်လို့ ဖီဖာဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံက The Wall Street Journal သတင်းစာရဲ့ သတင်းထောက် Evan Gershkovich ကို သူလျှိုလုပ်တယ်ဆိုတဲ့ သံသယရှိမှုနဲ့ ရုရှားနိုင်ငံ ယူရယ်လ်ဒေသက Yekateringburg မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ရုရှားပြည်ထောင်စုလုံခြုံရေး FSB တပ်ဖွဲ့တွေက ဒီနေ့မှာပြောကြားလိုက်ကြောင်း ဖော်ပြပါတယ်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်တင် ကူးတို့သင်္ဘော မီးလောင်လို့ သေဆုံးသူ အရေအတွက်ဟာ ၃၁ ယောက် ထက်မနည်းအထိ ရှိသွားပြီလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဒီကနေ့ ပြောပါတယ်။ ခရီးသည်နဲ့ ဝန်ထမ်း ၂၅၀ လောက်ပါတဲ့ ကူးတို့သင်္ဘော မနေ့ ဗုဒ္ဓဟူးနေ့ညက မီးလောင်ရာကနေ တချို့က မီးလောင်၊ တချို့က ရေနစ်သေဆုံးခဲ့ကြတာပါ။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့အပေါ် အမေရိကန်၊ ဗြိတိန်၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံတို့က အပြစ်တင်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အရင် အာဏာရပါတီဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖျက်သိမ်းလိုက်တဲ့အတွက် စိုးရိမ်မိကြောင်း ဂျပန် နဲ့ သြစတေးလျနိုင်ငံတို့က ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောဆိုပါတယ်။
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပေမဲ့ ပြည်သူရှိသ၍ ပါတီရှိနေမယ့်အကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်