အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် Nashville မြို့က ခရစ်ယာန်ကွန်ဗင့်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ သွားရောက်တုံ့ပြန်ခဲ့တဲ့အထဲ ရဲတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ခန္ဓာကိုယ်ပေါ် ကင်မရာတွေကနေ မှတ်တမ်းတင်ထားတဲ့ ၆ မိနစ်ကြာ ဗီဒီယိုကို ရဲက ထုတ်ပြန်လိုက်ပါတယ်။
Tennessee ပြည်နယ် Nashville မှာ တနင်္လာနေ့က ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့တဲ့ ပုဂ္ဂလိက ခရစ်ယာန်ကွန်ဗင့်ကျောင်းရှေ့ နောက်တရက်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းတွေ အမှတ်တရပစ္စည်းတွေလာရောက်ထားရှိနေကြတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ ပျက်ကွက်တာကြောင့် ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။
ဆန့်ကျင်ဘက်အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောသွားတာဟာ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ဆက်လက် ကျူးလွန်သွားမယ်ဆိုတာ ဝန်ခံလိုက်တာဖြစ်တယ်လို့ NUG သမ္မတရုံးပြောခွင့်ရက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ယူကရိန်းပြည်သူတွေနဲ့ သွေးစည်းညီညွတ်မှုကို ပြသတာဟာ ကမ္ဘာ့ပေါ်က ပဋိပက္ခတွေကို တုံ့ပြန်တဲ့ အခြေခံ စံပြပုံစံ ဖြစ်သင့်ပြီး တခြားနေရာက ပဋိပက္ခတွေနဲ့ မတူ ချွင်းချက်သဘောမျိုး မဖြစ်သင့်တဲ့အကြောင်း Amnesty International (AI) လူ့အခွင့်အရေး အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။
ကွန်ဂိုနိုင်ငံမှာ ရွှေတူးမိုင်းတွင်းတခုပြိုကျခဲ့ပြီးနောက် အထဲမှာပိတ်မိနေသူတွေအတွက် မျှော်လင့်ချက်မဲ့နေရာကနေ မထင်မှတ်ဘဲ မြေကြီးတနေရာကနေ ပြန်ထွက်လာနိုင်ခဲ့တာကြောင့် ဘေးကကြည့်နေသူတွေ ဝမ်းပန်းတသာဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီ စီစဉ်ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေသာ တိုးလာစေနိုင်ပြီး ရွေးကောက်ပွဲ အကြောင်းပြ ဖိနှိပ်မှုတွေလည်း ပိုများ နိုင်တဲ့အကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အဖွဲ့ကြီး ICG က သတိပေးထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ တိုးလာပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ရာဇဝတ်မှုလို့ သတ်မှတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့တဲ့အကြောင်း Amnesty International အဖွဲ့ကြီးက မနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ြ
အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ဦး အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်တခုကို တနင်္လာနေ့က ရောက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာစစ်တပ်က တပ်မတော်နေ့အဖြစ် စစ်အင်အားပြတဲ့ အခမ်းအနားတွေ ကျင်းပတဲ့နေ့နဲ့ တိုက်ဆိုင်ပြီး ဗြိတိန်နိုင်ငံက နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေကို ချမှတ်ကြောင်း ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို အောင်မြင်အောင် ချေမှုန်းသွားမယ့်အကြောင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပတဲ့တဲ့ မတ်လ ၂၇ ရက်နေ့ ဒီနေ့ နေပြည်တော်က အခမ်းအနားမှာ ပြောဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တိရစ္ဆာဆန်ရုံကလွတ်လာတဲ့ မြင်းကျားတကောင်ဟာ လူနေရပ်ကွက်အတွင်းမှာ တဝဲလည်လည်ဖြစ်နေခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်သားတွေကမေ့ဆေးနဲ့ပစ်ပြီး ပြန်လည်ဖမ်းယူခဲ့ကြပါတယ်။ (မတ် ၂၃၊ ၂၀၂၃)
မြန်မာ စစ်ဘေးရှောင်တွေ ထွက်ပြေးလာမှာ စိုးရိမ်တဲ့အတွက် အိန္ဒိယ−မြန်မာနယ်စပ်မှာ မဏိပူရအစိုးရက နယ်စပ်ဒေသမှာ လုံခြုံရေးတွေ တိုးမြင့်ချထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လေဆင်နှာမောင်းဒဏ် အကြီးအကျယ်ခံလိုက်ရတဲ့ မစ္စစ္စပီပြည်နယ်ထဲက ခရိုင် ၄ ခုမှာ အရေးအပေါ်အခြေအနေ ကြေငြာကြောင်း သမ္မတဂျိုးဘိုင်ဒန်က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ဟောင်ကောင်မှာတော့ ကန့်သတ်မှုတွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ကြားကပဲ လူတွေဒါဇင်နဲ့ချီ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က ခွင့်ပြုခဲ့ပြီး၊ ဒါဟာ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဟွန်ဒူရပ်စ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပြီးနောက်၊ ဒီကနေ့ တနင်္ဂနွေနေ့မှာ တရုတ်နဲ့ သံတမန်ဆက်ဆံရေးသစ်ကို ထူထောင်လိုက်ပါတယ်။
တရုတ်အစိုးရဟာ သူ့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စီပွားရေးနဲ့ နယ်စပ်အရေးကိစ္စတွေမှာ ဆက်ဆံရေးပြန်ဆောက်ဖို့ တွန်းတွန်းတိုက်တိုက် ပြန် လုပ်လာနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ Mississippi နဲ့ Alabama ပြည်နယ်တွေမှာ သောကြာနေ့ညက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၂၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး၊ အဆောက်အဦး အများအပြား ပျက်စီးခဲ့သလို ထောင်နဲ့ချီတဲ့ နေအိမ်တွေ လျှပ်စစ်မီး ပြတ်တောက်နေကြပါတယ်။
ထောင်ဒဏ် ၂ နှစ်ချခံရပြီးနောက် အောက်လွှတ်တော်အမတ် အဖြစ်ကနေ ဖယ်ရှားခံရတဲ့ အိန္ဒိယ အတိုက်အခံခေါင်းဆောင် Rahul Gandhi က ဒီမိုကရေစီကို ဆက်လက်ကာကွယ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်