အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ ကနေဒါဝန်ကြီးချုပ်နဲ့ သွားတွေ့ပြီး၊ တရားမဝင်နယ်စပ်ဖြတ် ခုံလှုံခွင့်လျှောက်မှု တားမြစ်ဖို့ သဘောတူချက် ရခဲ့ပါတယ်။
မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေလုပ်နိုင်အောင် ပံ့ပိုးနေတဲ့ လုပ်ငန်း ၆ ခုနဲ့ ပုဂ္ဂိုလ် ၂ ဦးကို အရေးယူ ဒဏ်ခတ်လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဒီနေ့ မတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
ကနေဒါနိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူးဒိုးနဲ့ ဒီကနေ့ နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိသလို၊ ကနေဒါ လွှတ်တော်မှာလည်း ဒီကနေ့ မိန့်ခွန်းပြောဖို့ ရှိပါတယ်။
ဆီးရီးယားမှာ ကြာသပတေးနေ့က အဝေးထိန်း ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း အမေရိကန် ၁ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရခဲ့ပြီးနောက် ဆီရီးယားနိုင်ငံအရှေ့ပိုင်းက ပစ်မှတ်တွေကို အတိအကျလေကြောင်းနဲ့ တကြိမ်မကတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားပါတယ်။
လာမယ့် တနင်္ဂနွေနေ့ မတ်လ ၂၆ ရက်နေ့ကနေ ဗုဒ္ဓဟူးနေ့ မတ်လ ၂၉ ရက်နေ့အထိ ဗြိတိန်နိုင်ငံရဲ့ တတိယမြောက် ချားစ်ဘုရင်ပြင်သစ်ကို လာရောက်ဖို့ အစီအစဉ်ရှိပေမယ့် ပြင်သစ်မှာဖြစ်နေတဲ့ အခြေအနေကြောင့် သမ္မတ Macron ရဲ့ တောင်းဆိုမှုအရ ခရီးစဉ်ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ကေအန်ယူ တပ်မဟာ (၃) ထိမ်းချုပ်ရာ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲ ဝင်ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေပါအဝင် ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အစပိုင်းက ၂၀ ကျော်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက်ကြီးသူတချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဖိနှိပ်မှုဒဏ်ခံနေရတဲ့ တရုတ်နိုင်ငံက ဝီဂါ (Uyghur) မွတ်ဆလင်တွေ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲဘက်တွေ သွေးစည်းညီညွတ်စွာ ရပ်တည်နေတဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော်တို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်စတင်တဲ့ အထိမ်းအမှတ်အဖြစ် ကြညာချက်ထုတ်ပြန်ပါတယ်။
ဘယ်လ်ဂျီယံက တိရစ္ဆာန်ရုံတရုံမှာ မိခင်သစ်ကုလားအုတ်မကြီး ၂ နာရီကြာဗိုက်နာနေပြီးမှ ချစ်စရာကုလားအုတ်သားပေါက်လေး ထွက်လာပါတယ်။ ၁၅ လကြာ ဝမ်းနဲ့လွယ်ခဲ့ရပြီး မိခင်ဝမ်းထဲကထွက်လာတဲ့ ကလေးက အရပ် ၄ ပေ ၉ လက်မ ရှိပြီး ချက်ချင်းမတ်တတ်ထရပ်တာ တွေ့ရပါတယ်။
ယူကရိန်းနိုင်ငံကို လာမယ့် ၁၂ လအတွင်း လက်နက်ကြီးကျည် ၁ သန်း ပေးပို့မယ့် အစီအစဉ်ကို အတည်ပြုဖို့ EU ခေါင်းဆောင်တွေ ဘယ်လ်ဂျီယံနိုင်ငံ Brussels မြို့တော်မှာ ဆွေးနွေးနေကြပါတယ်။
နော်ဝေးအစိုးရပိုင် ငွေကြေးစုဆောင်းမှု ရံပုံငွေအဖွဲ့ကြီးက ဂျပန်အခြေစိုက် ကီရင်း အဖျော်ယမကာကုမ္ပဏီကြီးမှာ ရင်းနှီးမြုပ်နှံမှု ဆက်လက် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေထဲက ၁၀၀၀ လောက်ကို နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ် တစိတ်တပိုင်းအဖြစ် လက်ခံဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ နေရပ်ပြန်ရေး အစီအစဉ်အပေါ် သံသယရှိနေကြတာပါ။
ရုရှားနဲ့တရုတ် နှစ်နိုင်ငံကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မယ့် စာချုပ်သစ်တရပ်ကို ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အင်္ဂါနေ့ကပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ဒေသတွေမှာ အဓိကတောင်ယာ စပါး စိုက်ပျိုးရေးလုပ်ငန်းတွေ ဆုတ်ယုတ်လာရာကနေ အခုအခါမှာတော့ အားလုံးနီးပါးလောက် မလုပ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။
ဒီသီတင်းပတ်ထဲမှာပဲ နွေဦးရာသီ တရားဝင်ကူးပြောင်းပြီဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ ချယ်ရီပင်တွေဟာလည်း အပွင့်တွေ ဝေနေပါပြီ။ အမျိုးသား ဥယျာဉ်ဌာနတာဝန်ရှိသူတွေကတော့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ ချယ်ရီတွေ အပွင့်ဆုံးအချိန်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ မကြာခင်မှာ ထပ်မံ ချမှတ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတွေကို လာမယ့်မေလ ၁၄ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံကိုရောက်လာတဲ့ တရုတ်သမ္မတရှီကျင်ဖျင့်ကို ရုရှားသမ္မတဗလာဒီမီယာပူတင်က ဒီနေ့ ဒုတိယနေ့အဖြစ် ဧည့်ခံ တွေ့ဆုံပါတယ်။ ၂ နိုင်ငံ ကြားပူးပေါင်းဆောင်ရွက်ရေးဟာ ကမ္ဘာကြီးမှာ တဖက်စောင်းနင်း မဖြစ်စေရေး အထောက်အကူဖြစ်တယ်လို့ တရုတ်သမ္မတက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လာမယ့် မေလထဲ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက်ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ (Prayut Chan-O-Cha) က လက်ရှိ ပါလီမန်ကို ဒီကနေ့ တနင်္လာနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။
ရုရှားသမ္မတကို စစ်ရာဇဝတ်မှု စွဲချက်နဲ့ ဖမ်းဆီးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ပြီးခဲ့တဲ့ သောကြာနေ့မှာ ဝရမ်းထုတ်ပြန်ပြီးနောက်မှာ ဒီကနေ့ မတ်လ (၂၀)မှာ တရုတ်သမ္မတ ရုရှားကိုရောက်ရှိသွားတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကြဉ်ခံနေရတဲ့ သမ္မတပူတင်အတွက် နိုင်ငံရေးအရအားတရပ်ဖြစ်သွားစေပါတယ်။
နောက်ထပ်ကြည့်ရှုရန်