မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ပဋိပက္ခကို ဖြေရှင်းရာမှာ ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် အာဆီယံအဖွဲ့အတွင်း အမျှော်အမြင်ရှိရှိ သတိထားကိုင်တွယ်တဲ့ နည်းလမ်းကို ဆက်လက်ကျင့်သုံးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အက်ဘဒူ ခါဒီရာက ဒီနေ့ မလေးရှား အောက်လွှတ်တော် အမေးအဖြေကဏ္ဍမှာ ပြောဆိုသွားပါတယ်။
ဘဏ္ဍာရေးအကြပ်ရိုက်နေတဲ့ ဆွတ်ဇာလန်နိုင်ငံ Credit Suisse ရင်းနှီးမြှပ်နှံမှုဘဏ်ကြီးကို ဆွတ်ဇာလန်အခြေစိုက် UBS အကြီးဆုံး နိုင်ငံတကာ ဘဏ်က ဒေါ်လာ ၃ ဒသမ ၂၅ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံမယ့် ၃ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်သမ္မတရှီကျင်းပင် ဒီကနေ့ပဲ မော်စကိုမြို့တော်ကို ရောက်သွားပါပြီ။ ခရီးစဉ်အတွင်း တရုတ်သမ္မတက ယူကရိန်းအပေါ် ရုရှားကျုးကျော်စစ်နဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို တင်ပြမယ်လို့လည်း ခန့်မှန်းရပါတယ်။
ထိုင်းနိုင်ငံမှာ လာမယ့် မေလထဲ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက်ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ (Prayut Chan-O-Cha) က လက်ရှိ ပါလီမန်ကို ဒီကနေ့ တနင်္လာနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။
ခရိုင်းမီယားဒေသကို ရုရှားက ၂၀၁၄ခုနှစ်မှာ တရားမဝင်သိမ်းပိုက်ရယူခဲ့တဲ့ ၉ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ရုရှားသမ္မတပူတင်ဟာ ခရိုင်းမီးယားကျွန်းဆွယ်ဒေသကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ မေလကသိမ်းပိုက်ထားတဲ့ ယူကရိန်းဆိပ်ကမ်းမြို့ Mariupol ကိုလည်း ကြိုတင်ကြေညာမထားဘဲ မတ်လ ၁၉ ရက်နေ့က သွားရောက်ခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) ဟာ ယူကရိန်းနိုင်ငံထဲက ရုရှားတို့သိမ်းယူထားတဲ့ Mariupol မြို့ကို သွားရောက်ခဲ့တယ်လို့ ရုရှားအစိုးရပိုင် Tass သတင်းဌာနက ဒီနေ့မှာ ဖော်ပြလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ စနေနေ့က ဝန်ကြီးချုပ်ဟောင်း Imran Khan ရဲ့နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာ Khan ကို ထောက်ခံသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး၊ ရဲတွေက မျက်ရည်ယိုဗုံးတွေသုံး ဖြိုခွဲခဲ့ပါတယ်။ ဒါအပြင် လူပေါင်း (၆၁) ဦးကို ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ကိုရီးယားဘက်ကနေ ပဲ့ထိန်းဒုံးကျည်တစင်းကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ဘက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး ဒုတိယဝန်ကြီး Toshiro Ino က အတည်ပြု ပြောကြားခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပါတီ မှတ်ပုံပြန်တင်ဖို့ မရှိတဲ့အကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမယ်ဆိုတာ ရေရေရာရာ မရှိသလို၊ ပါတီ မှတ်ပုံတင်သင့် မတင်သင့် သဘောထားကောက်ခံဖို့ လွတ်လပ်လုံခြုံတဲ့ အနေအထား လုံလောက်တဲ့အချိန် မရှိလို့ ဆုံးဖြတ်တာလို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ ကန့်ဘလူနဲ့ ကောလင်းနယ်ထဲက ကျေးရွာ ၁၆ ရွာမှာ ဒီလ ၁၅ ရက်နေ့ကတည်းက လျှပ်စစ်မီးတွေ ဖြတ်တောက်ခံထားရပြီး၊ ရေသုံးစွဲဖို့တောင် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan တရားစွဲခံထားရတဲ့ အမှုကို ရင်ဆိုင်ဖို့ Islamabad မြို့တော်ကို ရောက်ရှိနေချိန်မှာပဲ သူ့အပေါ် ထောက်ခံသူတွေနဲ့ ရဲတွေကြား တရားရုံးနားမှာ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါတယ်။
New South Wales ပြည်နယ် ဝေးလံခေါင်ဖျားတဲ့အပိုင်းမှာ ပြင်းထန်တဲ့ အပူလှိုင်းကြုံနေရချိန် ဒေသတွင်း ဆစ္ဒနီမြို့ အနောက်ဘက် မိုင် ၆၂၀ ဝေးတဲ့ Menindee မြိုနားက Darling မြစ်ထဲမှာ သန်းနဲ့ချီတဲ့ ငါးတွေ သေပြီး၊ ပုပ်နေတာကို ဒေသခံတွေက တွေ့ခဲ့ရတာပါ။
အာရေဗျ ပင်လယ်ထဲမှာ တရုတ်၊ အီရန်နဲ့ ရုရှားတို့ ၃ ရက်ကြာ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီနေ့ နောက်ဆုံးနေ့အဖြစ် လုပ်ခဲ့ကြပါတယ်။ ပင်လယ်ပြင်နဲ့ ဝေဟင်ထဲက ပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ကျင့်မှုတွေ ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာ့ဈေးကွက်အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်တဲ့ ထိန်းညှိဆောင်ရွက်မှုတွေ လုပ်သွားဖို့ ဂျပန်နဲ့ ဂျာမနီ နှစ်နိုင်ငံ ဒီကနေ့ သဘောတူလိုက်ကြပါတယ်။
ယူကရိန်း လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin, ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley နဲ့ အိမ်ဖြူတော်အမျိုးသားအကြံပေး Jake Sullivan တို့ ဒီနေ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံထွက် ကောက်နှံတွေကို တခြားနိုင်ငံတွေဆီ တင်ပို့နိုင်ရေး သဘောတူထားတဲ့ ကာလသတ်မှတ်ချက် ဒီနေ့ မတ်လ ၁၈ ရက်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဆက်လက်တင်ပို့နိုင်ရေး သက်ဆိုင်သူတိုင်းနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယား အန်ကောဝပ် ဘုရားကျောင်းကနေ ခိုးယူသွားပြီး ဗြိတိန်နိုင်ငံကို ရောက်သွားတဲ့ လက်မှုပစ္စည်း ရတနာတွေကို ဗြိတိန်က ကမ္ဘောဒီယားကို ဒီနေ့ ပြန်လည်ပေးအပ်လိုက်ပါတယ်။
ဗြိတိန်အစိုးရသုံး လက်ကိုင်ဖုန်းတွေနဲ့ နယူးဇီလန်လွှတ်တော်အဆောက်အဦးကို ဝင်ထွက်နေသူတွေရဲ့ လက်ကိုင်ဖုန်းတွေမှာ TikTok app မသုံးရလို့ တားမြစ်လိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်