ဘဏ္ဍာငွေကြေး အကျပ်အတည်း ကြုံနေရတဲ့ အမေရိကန်က First Republic ဘဏ် ပြိုလဲ မသွားရအောင် တခြား အမေရိကန် ဘဏ် ၁၁ ခုက ဒေါ်လာ ၃၀ ဘီလျံ စုပေါင်း ကျားကန်ပေးခဲ့ကြပါတယ်။
တရုတ်သမ္မတ Xi Jinping ဟာ ရှေ့သီတင်းပါတ် ရုရှားနိုင်ငံကို လာရောက်ပြီး ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ၂ နိုင်ငံလုံးက သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီဟာ သူတို့အပေါ် ဘယ်လို ဆန့်ကျင်မှုမျိုးကိုမဆို ဖိနှိပ်ဖို့နဲ့ အကြောက်တရား ဖန်တီးဖို့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းတွေနဲ့ ပိုပြီး သုံးလာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်က မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြပြောကြားသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက် အရင်ငြိမ်းချမ်းခဲ့တဲ့ နေရာတွေမှာပါ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေပြီး အရပ်သားပြည်သူတွေ ထိခိုက်သေကြေနေရတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးသံတမန် Noeleen Heyzer က ဒီနေ့ ကြာသပတေးနေ့ အစောပိုင်းကပဲ ကုလအထွေထွေညီလာခံမှာ တင်ပြပြောကြားသွားခဲ့ပါတယ်။
ပင်လယ်နက်ပေါ်မှာ အမေရိကန် ထောက်လှမ်းရေး Drone ယာဉ်ကို ရုရှားစစ်လေယာဉ် ကြားဖြတ် နှောင့်ယှက်ခဲ့တဲ့ ဗွီဒီယိုကိုအမေရိကန်စစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံပြဿနာပြေလည်စေရေး သဘောတူထားတဲ့ အစီအစဉ်တွေအတိုင်း မြန်မာနိုင်ငံက အကောင်အထည်ဖော်လာအောင် စင်္ကာပူနိုင်ငံအနေနဲ့ အင်ဒိုနီးရှားအပါအဝင် တခြားအာဆီယံနိုင်ငံတွေအပြင် ကုလသမဂ္ဂလို မိတ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တွန်းအားပေးဆောင်ရွက်သွားမယ်လို့ စင်္ကာပူဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ပင်လယ်နက်ထဲက နိုင်ငံတကာလေပိုင်နက်အတွင်း အမေရိကန်လေတပ်ပိုင် မောင်းသူမဲ့ MQ-9 ဒရုန်းယာဉ်ကို အန္တရာယ်ရှိရှိ ကြားဖြတ်ဟန့်တားတဲ့ ရုရှားလေယာဉ်ကို မှတ်တမ်းရယူထားတဲ့ ဗီဒီယိုဖိုင် ပင်တဂွန်စစ်ဌာနချုပ်က ဒီကနေ့ မတ်လ ၁၆ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
MS-13 နဲ့ Barrio 18 ဂိုဏ်းဝင် အကျဉ်းသား ၂၀၀၀ လောက်ကို အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့ “အကြမ်းဖက်သမားများ ချုပ်နှောင်ရေးစင်တာ” (CECOT) လို့ခေါ်တဲ့ အမေရိကတိုက် အကြီးဆုံး အကျဉ်းထောင်ကြီးဆီ လွှဲပြောင်းပေးနေတာဖြစ်ပါတယ်။ အခုဒုတိယအုပ်စုနဲ့ဆိုရင် ဒီထောင်အသစ်အကြီးမှာ လက်ရှိ အကျဉ်းသား ၄၀၀၀ ရှိသွားပြီဖြစ်ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan အပေါ် စွဲချက်တွေနဲ့ ပတ်သက်ပြီး တရားရုံးမှာ ကြားနာဖို့ ရုံးချိန်းပျက်ကွက်ပြီးနောက်တနေ့မှာ သူ့ကို ဖမ်းဖို့ ရဲတွေက Lahore မြို့က သူ့အိမ်ကို သွားခဲ့တဲ့အချိန်မှာ သူ့အိမ်ရှေ့မှာပဲ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူတွေနဲ့ ပါကစ္စတန်ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ပင်လယ်နက်ပေါ်က နိုင်ငံတကာပိုင် ဝေဟင်ပိုင်နက်ထဲမှာ ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းယာဉ် အင်္ဂါနေ့က ပျက်ကျခဲ့ရတဲ့အပေါ် အမေရိကန်ဘက်က ပြင်းပြင်းထန် ရှုတ်ချနေချိန်မှာပဲ ရုရှားဘက်ကလည်း ဒါဟာ အမေရိကန်ဘက်က ရန်စတဲ့လုပ်ရပ်လို့ တုံ့ပြန်စွပ်စွဲနေပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက်ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကပြောပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ၃ နှစ်ကြာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်ပြီး ဗုဒ္ဓဟူးနေ့ကစလို့ ပြည်ပခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစား အားလုံးကို ပြန်ထုတ်ပေးပြီး၊ နယ်စပ်တွေ အားလုံးကိုလည်း ဖွင့်ပေးတော့မယ်လို့ ပြောလိုက်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မယ့် အစီအစဉ် အပါအဝင် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ ၃ နိုင်ငံ သဘောတူညီချက်ဟာ အန္တရာယ်ကြီးမားတဲ့လမ်းကို ဦးတည်နေတယ်ဆိုပြီး တရုတ်နိုင်ငံက ဝေဖန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဘဏ်ကြီးနှစ်ခု ပြိုလဲသွားတဲ့ သတင်းတွေထွက်လာပြီး အမေရိကန် စတော့အစုရှယ်ယာတွေကျခဲ့ပြီးတဲ့နောက် အင်္ဂါနေ့မှာတော့ အာရှ အစုရှယ်ယာဈေးတွေလည်း ကျဆင်းခဲ့ပါတယ်။
မတ်လ ၁၂ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာကျင်းပပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲကို တကမ္ဘာလုံးကစောင့်ကြည့်နေသူတွေထဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က မင်းသမီး မီရှယ်ရိုးရဲ့ မိခင် ဂျန်းနက်ရိုးလည်း ပါဝင်ခဲ့ပါတယ်။ သူ့သမီး အသက် ၆၀မှာအော်စကာဆုရသွားတာကိုကြည့်ရင်း မျက်ရည်တွေနဲ့ ဝမ်းသာပျော်ရွှင်နေတာကိုတွေ့ရပါတယ်။
တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်သလို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လည်း အောင်မြင်မှု အများအပြားရမှာဖြစ်တယ်လို့ ဒီကနေ့ တနင်္လာနေ့ ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် Li Qiang က ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးစနစ်ဟာ စိတ်ချရပါတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့ မတ်လ ၁၃ ရက်နေ့ကပဲ ပြောကြားသွားပါတယ်။ အမေရိကန် ဘဏ် ၂ ခု အချိန်တိုအတွင်း ပြိုလဲသွားရလို့ နောက်ဆက်တွဲ ငွေကြေးအကြပ်အတည်းကြီးလိုက်လာမှာ စိုးရိမ်နေကြချိန်မှာ အခုလို သမ္မတက ပြောသွားတာပါ။
တောင်ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုမြင့်မားအောင် လုပ်ဆောင်နေတာတွေ ကနေ ဘာအကျိုးအမြတ်မှရမှာ မဟုတ်ဘူးဆိုတာ မြောက်ကိုရီးယားအနေနဲ့ သတိပြုမိသင့်တယ်လို့ တောင်ကိုရီးယားအစိုးရက တနင်္လာနေ့မှာ ပြောသွားပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Francis) ဟာ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာရဲ့ အကြီးအကဲအဖြစ် ၁ဝ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို Vatican ကျောင်းတော်မှာရှိတဲ့ Santa Marta ဧည့်နန်းဆောင်မှာ Cardinals ရဟန်းအမတ်တွေနဲ့အတူ ဒီကနေ့ တနင်္လာနေ့မှာ ကျင်းပပါတယ်။
နောက်ထပ်ကြည့်ရှုရန်