ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Bakhmut မြို့ ထိန်းချုပ်ရေးအတွက် ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေအကြား အပြန်အလှန် ကြိုးစားနေကြရာမှာ ဒီကနေ့ တနင်္လာနေ့မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျင်းပသွားတဲ့ အကယ်ဒမီဆုချီးမြှင့်ပွဲမှာ “Everything Everywhere All At Once” ရုပ်ရှင်ကားက အကောင်းဆုံးဇာတ်ကားဆု ရရှိသွားပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Bakhmut မြို့ကို သိမ်းယူနိုင်ဖို့အတွက် ရုရှားတွေဘက်က တိုက်ခိုက်နေတာမှာ ရုရှားတပ်တွေဟာ ရှေ့ကိုဆက်မတက်နိုင်ဘဲ ရပ်တန့်နေပုံရတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် စစ်ပွဲလေ့လာရေးဌာန (ISW) က ထုတ်ပြန်လိုက်တဲ့ စစ်ရေးအကဲဖြတ်အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
အီရန်နိုင်ငံမှာ ကျောင်းသူထောင်နဲ့ချီပြီး အဆိပ်သင့်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ လူ ၁၀၀ ကျော်ကို နိုင်ငံတဝန်းမှာ ဖမ်းဆီးလိုက်တယ်လို့ အီရန်နိုင်ငံက ကြေညာလိုက်ပါတယ်။ အဲဒီဖမ်းဆီးလိုက်တဲ့သူတွေဟာ ရန်ပြုလိုတဲ့အုပ်စုတွေနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ပြောလိုက်ပါတယ်။
အော်စကာအကယ်ဒမီ ဆုပေးပွဲမှာ "Everything Everywhere All at Once" စိတ်ကူးယဉ် ဇာတ်ကားက အကောင်းဆုံး ဇာတ်ကားဆုရဖို့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အကောင်းဆုံး ဇာတ်ကားဆု အပါအဝင် အော်စကာဆု ၁၁ ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရတာပါ။
စစ်ရေးတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ့် အရေးကြီးတဲ့ လက်တွေ့အစီအမံတွေကို ဆောင်ရွက်ဖို့ မြောက်ကိုရီးယားက ဆုံးဖြတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းကနေ တနင်္ဂနွေမှာ ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်ကဖြစ်ခဲ့တဲ့ Tiananmen ရင်ပြင်အရေးအခင်း နှစ်ပတ်လည် ဆုတောင်းပွဲတွေကို စီစဉ်ခဲ့ကြတဲ့ ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူ ၃ ယောက်ကို ထောင်ဒဏ် ၄ လခွဲစီ ချလိုက်ပါတယ်။
တတိယမြောက် ၅ နှစ်သက်တမ်း သမ္မတဖြစ်လာတဲ့ အသက် ၆၉ နှစ်အရွယ် Xi Jinping က Li Qiang ကို အခုလို အဆိုပြုခဲ့ပြီး၊ တရုတ်အမျိုးသား ပြည်သူ့လွှတ်တော်က ဒီနေ့ မနက်မှာ အစဉ်အလာအတိုင်း တခဲနက်လိုက်ပါ အတည်ပြုပေးလိုက်တာပါ။
အမေရိကန် ထိပ်တန်းဘဏ်ကြီးတစ်ခုမှာ ငွေစုသူတွေ အလောတကြီး စုပြုံငွေပြန်ထုတ်ကြရာကနေ အခက်ကြုံပြီး၊ အစိုးရက ဘဏ်ကိုပိတ်ပြီး ဝင်ထိန်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်တဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အစိုးရက ထောက်ပံ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ EU ဥရောပသမဂ္ဂကြား တိုင်ပင်ဆွေးနွေးဖို့ သမ္မတ Joe Biden နဲ့ သဘောတူညီခဲ့တယ်လို့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အမေရိကန်၊ ထိုင်းနဲ့ တခြား ဒေသတွင်းနိုင်ငံတွေက တပ်ဖွဲ့ဝင် ၆၀၀ ကျော် ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံပါရီမြို့တော်မှာရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ကုန်သွယ်ရေး၊ တရားမဝင် နိုင်ငံကူးသူတွေအရေးနဲ့ ယူကရိန်းစစ်ပွဲ အရေးကိစ္စတွေကို ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံက ဆီဒိုးနားဟိုတယ်ကို ပြန်ရောင်းတော့မယ်လို့ ဟိုတယ်ပိုင် စင်္ကာပူလုပ်ငန်းစုကြီးက ကြေညာလိုက်ပါတယ်။ ဒေါ်လာ ၅၇.၄ သန်းနဲ့ ရောင်းတော့မယ်လို့ Keppel ကော်ပိုရေးရှင်းက ကြေညာတဲ့အကြောင်း ဂျပန်အခြေစိုက် Nikkei သတင်းက ဖော်ပြလိုက်တာပါ။
ပစိဖိတ်ဒေသထဲက ကျွန်းနိုင်ငံတွေအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု တိုးလာနေချိန်မှာ အမေရိကန် ပြည်ထောင်စုကလည်း သြဇာချိန်ခွင်လျှာညှိနိုင်ဖို့ Marshall Islands, Micronesia နဲ့ Palau ကျွန်း နိုင်ငံတွေအတွက် ဒေါ်လာ ဘီလျံနဲ့ချီ သုံးစွဲဖို့ သမ္မတ ဘိုင်ဒန်အစိုးရက အဆိုပြုလိုက်တာပါ။
တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ တရုတ်ပြည်သူ့ ကွန်ဂရက် ညီလာခံမှာ သမ္မတရှီကျင့်ပင် နောက်ထပ်သမ္မတ သက်တမ်း ၅ နှစ်အတွက် မဲပေးခန့်အပ်လိုက်တာကြောင့် တသက်တာ သမ္မတသက်တမ်းဆက်ယူသွားဖို့ လမ်းဖွင့်ပေးရာ ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးအကျပ်အတည်းအတွက် နောက်ဆုံးအဖြေရတဲ့အထိ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးဆောင်ရွက်သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin ကို အာဏာပိုင်တွေက ဒီနေ့မှာ ဖမ်းဆီးလိုက်ပြီး၊ သူ့ကို အဂတိလိုက်စားမှုတွေနဲ့ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်