အမေရိကန်မှာ သြဇာညောင်းတဲ့ အထက်လွှတ်တော်က Republican ပါတီခေါင်းဆောင် Mitch McConnell ဟာ ဗုဒ္ဓဟူးနေ့ညက ချော်လဲလို့ ဆေးရုံတင်ထားရတယ်လို့ သူ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားဘက်ကဝင်တိုက်ပေးနေတဲ့ Wagner ကြေးစားတပ်ဖွဲ့က မတ်လ(၈)ရက်နေ့မှာ ဗွီဒီယိုတခုထုတ်ပြန်ပြီး အရှေ့တန်းမှာ ကျည်မလုံလောက်တဲ့ကိစ္စပြောကြားသွားပါတယ်။
မတ်လဟာ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများရဲ့သမိုင်းကိုဂုဏ်ပြုသတ်မှတ်ထားတဲ့လဖြစ်ပါတယ်။ မတ်လ ၈ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ပါ။ ဒီအချိန်အခါနဲ့တပြေးညီ အားကစား၊ နိုင်ငံရေး၊ ဖျော်ဖြေရေး စသဖြင့် လူမှုနယ်ပယ်အသီးသီးမှာ ပေါ်ထွက်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးတွေကို စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဉီးဆောင်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ဂုဏ်ပြုတဲ့အကြောင်း ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကုန် အမေရိကန် သံရုံးက Facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကပြည်နယ်ဟူစတန်မြို့က ကော်ဖီဆိုင်တဆိုင်မှာ Nathan Reeves နဲ့ Alexsey Reyes တို့နှစ်ယောက် အင်တာနက်ရေဒီယို ပေါ့ကဒ်အသံဖမ်းထုတ်လွှင့်နေတုန်း ကားတစီးက အရှိန်မထိန်းမနိုင်ဘဲ သူတို့နောက်က မှန်ပြူတင်းပေါက်ကိုဝင်တိုက်ခဲ့ပါတယ်။ ကံကောင်းစွာပဲ သူတို့ ၂ဦး ထိခိုက်ဒဏ်ရာရတာမဖြစ်ခဲ့ပါဘူး။
ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox's Bazar မှာရှိတဲ့ Balukhali (ဘာလုခါလီ) ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက မီးလောင်မှုကြောင့် လူပေါင်း ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းလာနေပြီး၊ ထိုင်ဝမ်ကို အားပေးထောက်ခံနေတဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။
စစ်အတွင်း ဂျပန်ရဲ့ အတင်းအဓမ္မခိုင်းစေခံခဲ့ရတဲ့ တောင်ကိုရီးယားလုပ်သားတွေအတွက် ကိုရီးယားအစိုးရရဲ့ ဖောင်ဒေးရှင်းက တဆင့် လျော်ကြေးပေးအပ်ဖို့ အစီအစဉ်ကို တောင်ကိုရီးယားက တနင်္လာနေ့မှာကြေညာပါတယ်။
ကုမ္ပဏီကြီးတွေနဲ့ အဖွဲ့အစည်းတွေကို နှစ်ပေါင်းများစွာ အင်တာနက်ကနေ ခြိမ်းခြောက်ငွေညှစ်ပြီး ယူရိုငွေသန်းနဲ့ချီ တောင်းယူခဲ့တဲ့ နိုင်ငံတကာ ဆိုင်ဘာရာဇဝတ်မှု ကျူးလွန်တဲ့ ဂိုဏ်းတဂိုဏ်းကို ဖြိုခွင်းလိုက်ကြောင်း ဂျာမန်ရဲတပ်ဖွဲ့က မတ်လ ၆ ရက် တနင်္လာနေ့က ပြောကြားသွားပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ တနင်္လာနေ့က တွေ့ဆုံပြီး ၂ နိုင်ငံအကြား နီးကပ်တဲ့ ဆက်ဆံရေးရှိကြောင်း အတည်ပြုပြောကြားသွားပါတယ်။
ယူကရိန်းနိုင်ငံ ကျူးကျော်စစ်ပွဲမှာ ရုရှားတပ်တွေ ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့ကို သိမ်းပိုက်နိုင်ရင်တောင် စစ်ပွဲအတွင်း ပြတ်ပြတ်သားသား အပြောင်းအလဲဖြစ်နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က တနင်္လာနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အရေးပါတဲ့ လွတ်လပ်စွာ မဲပေးမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်တဲ့ Bloody Sunday သွေးစွန်းတနင်္ဂနွေလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်ဟာ အလာဘားမား ပြည်နယ် ဆဲလ်မာ (Selma) မြို့ကို သွားရောက်ခဲ့ပါတယ်။
အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ပူးတွဲ ကမကထလုပ်ကျင်းပတဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို ဒီနှစ်မှာ အင်အား အပြည့်နဲ့ ပြန်လည် ကျင်းပပါတယ်။ လက်ရှိကျင်းပနေတဲ့ စစ်ရေးလေ့ကျင့်မှုကို နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် အင်အား ၇,၀၀၀ ကျော်နဲ့မတ်လ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ပြုလုပ်မှာပါ။
လူပေါင်း လေးသောင်းခုနှစ်ထောင်ကျော် အသက်ဆုံးပါးခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယား ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မလေးရှားရောက် ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့ကူညီနိုင်ရေး တတ်စွမ်းသလောက် ဝိုင်းဝန်းလှူဒါန်းပေးနေကြပါတယ်။
ကမ္ဘာပေါ်က ဆင်းရတဲ့နိုင်ငံတွေအပေါ် ချမ်းသာတဲ့ နိုင်ငံတွေရဲ့ ပြုမှုဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
တရုတ်နိုင်ငံအပေါ် ပြည်ပက ခြိမ်းခြောက်မှုတွေ တိုးလာနေတာကြောင့်၊ စစ်အသုံးစရိတ်ကို တိုးမြှင့်သွားမယ်လို့ တရုတ်နိုင်ငံက ဒီနေ့ ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမှာ တနင်္ဂနွေနေ့က မီးလောင်မှုအရှိန် ကြီးမားတာကြောင့် ဒုက္ခသည်တွေ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီးသတ်အရာရှိတွေနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။
အီရန်နိုင်ငံမှာ နျူကလီးယား လက်နက်လုပ်နိုင်တဲ့ အဆင့်နီးပါး သန့်စင်ထားတဲ့ ယူရေနီယံတွေ တွေ့ရှိခဲ့ပြီးနောက် အီရန်သမ္မတ Ebrahim Raisi အပြင် အခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ Rafael Grossi အီရန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ နိုင်ငံရေးအမြင်ကို ထုတ်ဖော်လို့ ဖိနှိပ်အရေးယူခံရတဲ့ လွှတ်တော်အမတ်တွေရဲ့ အခြေအနေဟာ ၂၀၂၂ ခုနှစ်အတွင်း ပိုမိုဆိုးရွားခဲ့တယ်လို့ အာဆီယံပါလီမာန်အမတ်များအဖွဲ့ APHR ကပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်