ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ဟာ ယူကရိန်းထဲက ရုရှားတပ်တွေကို သွားရောက် အားပေးခဲ့တယ်လို့ ရုရှားက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ Donetsk ဒေသတောင်ပိုင်းက စစ်စခန်းတခုကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဗြိတိန်နိုင်ငံမှာ ဆုံးပါးသွားတဲ့ ထိုင်း တောဝက် လူငယ်ဘောလုံးအသင်းခေါင်းဆောင် Duangphet “Dom” Phromthep ရဲ့ အရိုးပြာကို ထိုင်းနိုင်ငံကို ပြန်သယ်လာတာမှာ ဒီကနေ့ ချင်းရိုင်မြို့က သူ့မွေးရပ်မြေရှိရာကို ရောက်လာခဲ့ပါတယ်။
သြစတြေးလျနိုင်ငံဆီသွားမယ့် သင်္ဘောတစင်းပေါ်မှာ ကိုကင်းမူးယစ်ဆေးဝါး ၂.၄ တန်ကို တောင်အမေရိကတိုက် ကမ်းလွန်မှာ ကြားဖြတ်ဖမ်းမိခဲ့ ပြီးနောက် သြစတြေးလျနဲ့ အမေရိကန် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး နိုင်ငံတကာ မူးယစ်ဂိုဏ်းတခုကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လောင်စာဆီ သိုလှောင်ရုံတခု မီးလောင်ရာကနေ အနီးဝန်းကျင်အိမ်တွေနဲ့ အဆောက်အဦးတချို့ပါ မီးလောင်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
မလေးရှားနိုင်ငံတောင်ပိုင်း Johor ပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ရေကြီးနေတဲ့အတွက် လူပေါင်း ၄ သောင်းလောက် ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ စနေနေ့မှာ ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့လိုတယ်လို့ အမေရိကန်၊ သြစတေးလျ၊ ဂျပန်နဲ့ အိန္ဒိယ ၄ နိုင်ငံပါတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင် ဆွေးနွေးဘက်နိုင်ငံများ Quad အဖွဲ့က အလေးအနက်ပြောကြားလိုက်ပါတယ်။
ကမ္ဘေားဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ အပြစ်ရှိကြောင်း ကမ္ဘောဒီးယား တရားရုံးတခုက ဒီကနေ့ သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ် ၂၇ နှစ် ချမှတ်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး G20 နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်းကတော့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ သဘောတူညီချက်မှမရဘဲ ပြီးဆုံးသွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်စနစ်နဲ့ လုပ်ဆောင်မှုတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြိမ်ကြိမ်ဖြစ်နေအောင် တွန်းအားပေးနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောကြားလိုက်ပါတယ်။
ဟောင်ကောင်နာမည်ကြီး မော်ဒယ် Abby Choi ဟာ ဖေဖာ်ဝါရီ ၂၁ရက် အင်္ဂါနေ့မှာ စတင်ပျောက်ဆုံးသွားခဲ့ပြီး စနေ့နေမှာတော့ ရဲက သူမနေအိမ်တအိမ်ရဲ့ ရေခဲသေတ္တာထဲမှာ ရုပ်အလောင်းအပိုင်းအစတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူမသေဆုံးမှုနဲ့ပတ်သက်လို့ သံသယရှိသူ ၄ဦးကို တရားစွဲဆိုထားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုအဖွဲ့ဝင် Vo Van Thuong ကို သမ္မတသစ်အဖြစ် လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ Vo Van Thuong ကို သမ္မတအဖြစ် ကွန်မြူနစ်ပါတီက ဗုဒ္ဓဟူးနေ့က အဆိုတင်သွင်းပြီးတဲ့နောက် လွှတ်တော်အထူးအစည်းအဝေးအတွင်းမှာ လွှတ်တော်အမတ်တွေ အတည်ပြုလိုက်တာပါ။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ဒီနေ့ စတင်တဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံ ပထမနေ့မှာ ယူကရိန်းစစ်ပွဲ၊ တရုတ်ရဲ့ သြဇာညောင်းမှု ကမ္ဘာမှာ ကျယ်ပြန့်လာတဲ့ကိစ္စရပ်တွေကို အဓိကဆွေးနွေးခဲ့ကြပေမယ့် ယူကရိန်းစစ်နဲ့ ပါတ်သက်လို့ အများသဘောတူညီမှု မရခဲ့ဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာကျင်းပနေတဲ့ G 20 အစည်းအဝေးတက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ဖော်ဗန်သွန်း (Vo Van Thuong) ကို သမ္မတသစ်အဖြစ်နဲ့ ဒီကနေ့ မတ်လ(၂)ရက်နေ့မှာ အမျိုးသားလွှတ်တော်က ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ သမ္မတသစ်ဟာ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး၊ ပါတီ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong နဲ့ နီးစပ်သူဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နေပေမယ့် နိုင်ငံတကာ ကုမ္ပဏီတချို့က စစ်ကောင်စီအတွက် လေယာဉ်ဆီတွေ တင်ပို့ပေးတုန်းပဲလို့ လူ့အခွင့်အရေးအဖွဲ့တွေပူးပေါင်းပြီး ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ကြပါတယ်။
ကိုဗစ်-19 ကပ်ရောဂါဟာ တရုတ်နိုင်ငံ၊ ဝူဟန် ဓါတ်ခွဲခန်းက စတင်ဖြစ်ပေါ်တာဖြစ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗြူရို FBI အကြီးအကဲက ပြောကြားခဲ့တဲ့အပေါ် တရုတ်က ပယ်ချလိုက်ပါတယ်။
အိန္ဒိယနိုင်ငံပိုင်စက်ရုံက အမြောက်ပြောင်းတွေကို မြန်မာစစ်တပ်ကို တင်ပို့နေပြီး၊ အတိုက်အခံတွေကို ချေမှုန်းရာမှာ အဲဒီလက်နက်တွေကို အသုံးပြုနိုင်တယ်လို့ တရားမျှတရေးလှုပ်ရှားတဲ့ အဖွဲ့တခုက သတိပေးလိုက်ပါတယ်။
ဂရိနိင်ငံမှာ ခရီးသည်တင် ရထားတစီးနဲ့ ကုန်တင်ရထားတစီး မျက်နှာချင်းဆိုင်တိုက်မိရာက မီးလောင်ကျွမ်းခဲ့ပြီးတဲ့အတွက် ၃၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ၈၅ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဂရိတာဝန်ရှိသူတွေက ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ပြောပါတယ်။
ရုရှားတို့ရဲ့ ဆက်တိုက် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခံနေရတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Bakhmut မြို့ကနေ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာပေးရမယ့်အလားအလာ ရှိတယ်လို့ ယူကရိန်းသမ္မတရဲ့အကြံပေးက ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်