အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာရှအလယ်ပိုင်းနိုင်ငံတွေက ထိပ်တန်းသံတမန်တွေကို ဆက်တိုက်တွေ့ဆုံဖို့ ကာဇက်စတန်ကို ဒီကနေ့ ရောက်ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ကာဇက်နိုင်ငံခြားရေးဝန်ကြီး Mukhtar Tileuberdi, သမ္မတ Kassym-Jomart Tokayev တို့နဲ့တေ့ွဆုံဖို့ရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်ရသူတွေအတွက် ဂျပန်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ထပ်မံပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ဒီနေ့ကြေညာချက်ထုတ်ပြန်ခဲ့ပြီး လိုအပ်နေသူတွေလက်ထဲ အကူအညီတွေ အဟန့်အတားမရှိပို့ပေးနိုင်ရေး မြန်မာနိုင်ငံဘက်က ခွင့်ပြုဖို့ ဂျပန်အစိုးရက တောင်းဆိုပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ ဆော်မှု ၅၀၅-က ပုဒ်မနှစ်ခုနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။
လူမှုကွန်ယက်မှာ ဗွီဒီယို အတိုလေးတွေတင်လို့ရတဲ့ TikTok လူမှုကွန်ရက် App ကိုအမေရိကန်အစိုးရသုံး လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ၊ စနစ်တွေကနေ ရက် ၃၀ အတွင်းဖယ်ရှားဖို့ အိမ်ဖြူတော်က အစိုးရဌာနတွေကို တနင်္လာနေ့က ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။
အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ပူးတွဲ ကမကထလုပ်ကျင်းပတဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို ဒီနှစ်မှာ အင်အား အပြည့်နဲ့ ပြန်လည် ကျင်းပပါတယ်။ ဒီနေ့ စတင်ကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုကို နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် အင်အား ၇,၀၀၀ ကျော်နဲ့မတ်လ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ပြုလုပ်မှာပါ။
လူ့အခွင့်အရေးအပေါ် လေးစားတာ ဆုတ်ယုတ်လာနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဒီနေ့ တနင်္လာနေ့ မှာ သတိပေးလိုက်ပါတယ်။ လက်မှတ်ထိုးခဲ့ကြပြီး ၇၅ နှစ် အကြာမှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြန်လည် ဆန်းသစ်ကြဖို့လည်း သူက ဆော်သြလိုက်ပါတယ်။
၂ နှစ်ကြာခဲ့ပြီဖြစ်တဲ့ မြန်မာ နိုင်ငံ မှာ အာဏာသိမ်းခဲ့ပြီး ခုသွားနေတဲ့ လမ်းဟာ လမ်းဆုံး၊ လမ်းသေဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ ဒေသတွင်း တီဘီရောဂါဖြစ်ပွါးမှု လျှော့ချရေး ၂၀၂၀ ရည်မှန်းချက်ပြည့်မှီဖို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ တခုတည်းသောနိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖော်ပြပါတယ်။
မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်မှုတွေ တိုးလာနေတဲ့ အထောက်အထားတွေ တွေ့နေရတာကြောင့် စစ်ကောင်စီရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်ဖို့ Burma Campaign UK အဖွဲ့က ဗြိတိန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ အမာခံအထူးတပ်ဖွဲ့ဟာ ဆုံးရှုံးမှုကို သိသိသာသာခံစားခဲ့ရကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားပါတယ်။
တနင်္လာနေ့မှာ စတင်ကျင်းပတော့မယ့် ၅၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံအတွက် ရုရှားနဲ့ အီရန်နိုင်ငံတွေက သူတို့ရဲ့ ထိပ်တန်းကိုယ်စားလှယ်တွေကို စေလွှတ်ထားပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းတို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ရည်ရွယ်ပြီး နှစ်ဘက်ကိုယ်စားလှယ်တွေ ဂျော်ဒန်နိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ တွေ့ဆုံနေကြတယ်လို့ ဂျော်ဒန်အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၇) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီးသစ် Volker Türk က တင်သွင်းဖို့ ရှိနေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ပြော။
စစ်ကိုင်းတိုင်း ခင်ဦး မြို့အနောက်ဘက္က ကံသာယာ၊ ကံသစ်၊ ငှက်ပျော၊ ဗအိုး၊ အင်းတိုင်ကြီး၊ စည်ပုတတ္တရာ စတဲ့ ကျေးရွာတွေကို ဖေဖော်ဝါရီ ၂၅ ရက် မွန်းတည့်အချိန်မွာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်း ဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၇ ရွာထက်မနည်းက ဒေသခံ ၁ သောင်းနီးပါး စစ်ဘေး တိမ်းရှောင် ထြက်ပြေးနေ ကြရပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ထဲက ရဲစခန်းမှာ ဒီနေ့မနက် အစောပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံ PDF အဖွဲ့တွေက ရဲစခန်းကို သွားရောက် တိုက်ခိုက်တဲ့အတွက် အပြန်အလှန် တိုက်ပွဲတွေဖြစ်ခဲ့တာပါ။
ဘရာဇီးနိုင်ငံမှာ မိုးအပြင်းအထန်ရွာပြီး ရေကြီးမြေပြိုတာကြောင့် သေဆုံးရသူ စုစုပေါင်းဟာ မနေ့က သောကြာနေ့ နှောင်းပိုင်းအထိ ၆၀ နီးပါး ရှိလာပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။
ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ နယူးဒေလီမြို့တော်မှာ ဒီနေ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး တိုးတက်ခိုင်မာရေးနဲ့ ယူကရိန်း စစ်ပွဲအရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံံမှာ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ လူထုအုံကြွမှုကြီး (၃၇) နှစ်မြောက်အဖြစ် လူထောင်နဲ့ချီ ဒီကနေ့ ဆန္ဒပြကြပါတယ်။
မလေးရှားနိုင်ငံကို သွားမယ့်ကားပေါ်ပါလာတဲ့ တရားမဝင်နိုင်ငံပြောင်းဖို့ကြိုးစားတဲ့ မြန်မာ ၁၀၀ ကျော်ကို ဒီနေ့ သောကြာနေ့ မနက်မှာ ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်