အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်းကနေ အနောက်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းအထိ ဆောင်းနှင်းမုန်တိုင်း ကျရောက်နေတဲ့အတွက် နှင်းတွေကျ၊ ရေခဲလောက်အောင် အေးတဲ့ မိုးတွေရွာ၊ လေတွေတိုက်ပြီး နေရာတချို့မှာ မီးတွေပြတ်နေသလို၊ လေယာဉ်ခရီးစဉ် ရာနဲ့ချီကို ဖျက်ခဲ့ရပါတယ်။
ပဋိပက္ခ ဖြစ်နေတဲ့ ဘယ်ဒေသကိုမဆို လက်နက် ရောင်းမှာ မဟုတ်ဘူး လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ သောကြာနေ့ မှာ ပြောလိုက်ပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုက ရုရှားကို အဝေးထိန်း ဒရုန်းယာဉ်တွေရောင်းချဖို့ ညှိုနှိုင်းနေတယ်ဆိုတဲ့သတင်းနဲ့ပါတ်သက်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် ၁ နှစ်ပြည့်တဲ့ ဒီနေ့မှာ ရုရှားသမ္မတ Vladimir Putin ဘက်က ရှုံးနိမ့်ခဲ့တယ်လို့ NATO အဖွဲ့ အကြီးအကဲ Jens Stoltenberg က အက်စတိုးနီးယားနိုင်ငံ Tallinn မြို့တော်ကနေ ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ်တိုက်ခဲ့တာ ၁ နှစ်ပြည့်တဲ့ ဒီနေ့ သောကြာနေ့မှာ ကျဆုံး၊ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်အောက်မေ့ပွဲကို ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံကနေ လာရောက် ခိုလှုံနေသူ ၃၁၅၀ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်က ရောက်လာသူကတော့ ၄၅၀ ကျော် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီး Lalchamliana က ပြည်နယ်လွှတ်တော်ကို အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ သိသာထင်ရှားတဲ့ ထိရောက်မှုတွေရှိနေပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ မဟာဗျူဟာမြောက် မှားယွင်းမှုဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီအစောပိုင်း တူရကီနဲ့ ဆီးရီယားမှာ လှုပ်ခတ်သွားတဲ့ အားပြင်းငလျင်ကြောင့် ဆယ်ရက်အကြာမှာ အတည်ပြုသေဆုံးရသူ ၄၀၀၀၀ ကျော်ပြီဖြစ်သလို တူရကီတနိုင်ငံထဲမှာတင် အဆောက်အဦးပေါင်း ၆၀၀၀ နီးပါး ပျက်စီးခဲ့ရပါတယ်။ ဘာကြာင့် ဒီလောက်သေကြေပျက်စီးမှုများရတာပါလဲ။ သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။
မြန်မာနိုင်ငံကူးလက်မှတ်တွေ လာမယ့်သောကြာနေ့ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ပြန်ထုတ်ပေးတော့မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့အတည်ပြုပေးလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခနဲ့ အကျပ်အတည်းတွေ ဆက်ရင်ဆိုင်နေရတာကြောင့် လူဦးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်တဲ့ လူ ၁၈ သန်းလောက် ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း လူသားချင်းစာနာမှုအကူညီ လိုအပ်မယ့်အကြောင်း ကုလသမဂ္ဂရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ ခန့်မှန်းချက်တွေမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ပြီးခဲ့တဲ့နှစ်ထဲ တနေ့မှာ အနည်းဆုံးလူတယောက်သေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ဒီလက်နက်တွေ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရနှုန်းကလည်း ၄၀ ရာခိုင်နှုန်း ပိုတိုးလာခဲ့တယ်လို့ UNICEF က ပြောလိုက်ပါတယ်။
နေတိုး အရှေ့ဘက်ခြမ်းက မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပါတယ်။
"ပကတိဖြစ်ပျက်နေတဲ့ အခြေအနေတွေပေါ်မှာ မသိကျိုးကျွံ ရှောင်လွဲလို့ မရပါဘူး။ မြောက်ကိုရီးယား ချိုးဖေါက်နေတာတွေဟာ ကျွန်မတို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ပါ။...."
အနောက်နိုင်ငံတွေဟာ ရုရှားနဲ့ ဆက်ဆံရေးကို တချီတည်း အားလုံးအဆုံးသွားစေချင်တာကြောင့် ရုရှားဟာ မရပ်မဖြစ် မဟာဗျူဟာလက်နက်လျှော့ချရေး စာချုပ် (START) အသစ်ကို ရပ်လိုက်ရတာ ဖြစ်တယ်လို့ ရုရှား သမ္မတ ပူတင်က ဆိုပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲမှာ နိုင်ငံရေးအရ အခိုင်အမာ ကျောထောက်နောက်ခံ တရုတ်က ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးမှာ အခန်းကဏ္ဍတစ်ရပ်က ပါဝင်လိုတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ဖေဖေ်ာဝါရီ ၂၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ကအရာရှိတွေအများစုအပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် ၉ ဦးနဲ့ စီးပွားရေးအဖွဲ့အစည်း ၇ ခုကို တနင်္လာနေ့က ဥရောပသမဂ္ဂ EU ကဒဏ်ခတ်အရေးယူလိုက်တဲ့အပေါ် Justice For Myanmar (JFM) လူ့အခွင့်အရေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။
ဘာလင်ရုပ်ရှင်ပွဲတော်မှာ ယှဉ်ပြိုင်တဲ့ Past Lives ဇာတ်ကားကို နိုင်ငံခြားသား ကိုရီးယား အနုပညာရှင်တွေနဲ့ ရိုက်ထားတာပါ။ ကိုရီးယားနွယ်ဘွား အမေရိကန်မင်းသမီး၊ ဂျာမနီမှာ မွေးဖွားကြီးပြင်းတဲ့ ကိုရီးယားမင်းသားတို့နဲ့ ရိုက်ထားတာပါ။
ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်က လုံခြုံရေးဆိုင်ရာရုံးအများ တည်ရှိတဲ့အရပ်ကို အစ္စရေးက ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းမှာ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားတယ်လို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီနိုင်ငံကို တနင်္ဂနွေနေ့က သွားရောက်ပြီး၊ မြေငလျင်ဒဏ် အပျက်အစီးတွေကို ကြည့်ရှုခဲ့ပါတယ်။ ပြင်းအား ၇.၈ ရှိတဲ့ မြေငလျင်ကြောင့် တူရကီနဲ့ ဆီရီးယားနိုင်ငံတို့မှာ လူပေါင်း ၄၆၀၀၀ ကျော် သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြပါတယ်။
အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ညနေပိုင်းမှာ အစောဆုံးထားပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီး တရက်အကြာမှာ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ စစ်ရေးလေ့ကျင့်မယ့်အကြောင်း ဖူဂျီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲကို တာဝေးပစ် ဒုံးကျည်တစ်စင်း စနေနေ့က ပစ်လွှတ်လိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး တစ်ရက်အကြာမှာ အခုလို ပစ်လိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်