ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားနိုင်ငံရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု ဖြစ်တယ်လို့ အမေရိကန်အစိုးရက တရားဝင်သတ်မှတ်ကြောင်း အမေရိကန်ဒုသမ္မတ Kamala Harris က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဂျာမနီနိုင်ငံ Munich မြို့မှာ ကျင်းပနေတဲ့ Munich Security Conference လုံခြုံရေးညီလာခံ ဒုတိယနေ့မှာ ရုရှားတို့ ကျူးကျော်တိုက်နေတဲ့ ယူကရိန်းအပေါ် နောက်ထပ် ဘယ်လိုအကူအညီတွေ ပေးမလဲဆိုတာ EU ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးနေကြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေကို WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က လျှော့ချမယ့် အစီအစဉ်ကြောင့် ရိုဟင်ဂျာဒုက္ခသည် သန်းနဲ့ချီ ပိုမို ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံလာရနိုင်တယ်လို့ ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သတိပေးပြောဆိုကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံအရှေ့ပိုင်း ပင်လယ်ဖက်ကို ပဲ့ထိန်းတပ် Missile ဒုံးတခု မြောက်ကိုရီးယားဘက်က ဒီနေ့ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌက ပြောကြားပါတယ်။
မြန်မာနိုင်ငံအတွင်း အခြေအနေတွေ ပုံမှန် ပြန်ဖြစ်နေပြီဆိုတာကို ပြသဖို့အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမှာ ဖွင့်ထားတဲ့ အိုးအိမ်စွန့်ခွါထွက်ပြေးလာကြသူတွေရဲ့ စခန်း ၂၅ ခုလောက်ကို စစ်ကောင်စီက ပိတ်တော့မှာ ဖြစ်တာကြောင့် မတ်လကုန် နောက်ဆုံးထားပြီး စခန်းတွေကထွက်ကြဖို့ အမိန့်ထုတ်ထားကြောင်း ပြောပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ၊ ရီပတ်ဗလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်မယ့် တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Nikki Haley က အမေရိကန် အိမ်ဖြူတော်မှာ ရဲရင့်ပြတ်သားတဲ့ အမျိုးသမီးတယောက် လိုနေပြီလို့ မနေ့က New Hampshire ပြည်နယ်မှာ လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။
တူရကီရဲ့ ခေတ်သစ်သမိုင်းမှာ အပျက်အစီးအများဆုံး ငလျင်ဖြစ်ပြီး အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လူ ၅.၂ သန်းကို ကူညီဖို့အတွက် ဒေါ်လာ ၁ ဘီလီယံ အကူအညီ လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့တော်မှာကျင်းပနေတဲ့ လုံခြုံရေးညီလာခံကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ဥရောပကို ခရီးစဉ် ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်ပါတယ်။
အင်ဒိုနီးနိုင်ငံအရှေ့ပိုင်း၊ ပါပူဝါခရိုင်အတွင်းမှာ အရပ်သား ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ အင်ဒိုနီးရှားစစ်သား ၄ ဦးကို ပါပူဝါမှာရှိတဲ့ စစ်ခုံရုံးက မနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထောင်ဒဏ်အပြစ်ပေးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာရှိတဲ့ ဘီဘီစီ သတင်းဌာနရုံးခွဲက အယ်ဒီတာနဲ့ ရုံးအဖွဲ့တို့ရဲ့ တယ်လီဖုန်းတွေကို အိန္ဒိယအခွန်ဦးစီးဌာနက ဒီကနေ့မှာ ၃ ရောက်မြောက်နေ့အဖြစ် ဝင်ရောက် စစ်ဆေးရှာဖွေနေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တရုတ် ထိပ်တန်းသံတမန် Wang Yi တို့ မနက်ဖြန် ဥရောပမှာ ကျင်းပမယ့် လုံခြုံရေး ညီလာခံအတွင်း တွေ့ဆုံနိုင်ရေး အမေရိကန်ပြည်ထောင်စုဘက်က ပြင်ဆင်နေတဲ့အကြောင်း အမည်မဖော်လိုတဲ့ သံအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။
တူရီကီနိုင်ငံမှာ ပြင်းထန်ပြီး ထိခိုက်မှုများတဲ့ ငလျင်ကြီးတွေ လှုပ်သွားခဲ့ပြီး တပတ်ကျော်တဲ့အထိ ကယ်ဆယ်ရေးသမားတွေလည်း လက်မလျော့ပဲ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်ကိုင်နေကြသလို အပြိုအပျက်ပုံအောက်ထဲမှာ အသက်ရှင်ကျန်နေသူတွေကိုလည်း ဆက်လက်ကယ်တင်နိုင်ဆဲ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်က ဝေဟင်ကနေ ရိုက်ကူးထားတဲ့ တူရကီနိုင်ငံ Kahramanmaras မြို့ကို ငလျင်လှုပ်ခတ်အပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တနေရာထဲကပဲ နှိုင်းယှဉ်ရိုက်ကူးပြသထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ရေးရ ထိုင်ဝမ်ကျွန်းပေါ်ကို ပျံသန်းလာမယ့် တရုတ်နိုင်ငံဘက်က စစ်ရေးဆိုင်ရာ ဘယ်လို အရာဝထ္ထုမျိုးကိုမဆို ပစ်ချမှာ ဖြစ်တဲ့အကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှုတိုးနေချိန်မှာပဲ ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ ဒီနှစ်တွင်းမှာ လုပ်ဆောင်မှာဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်အရာရှိတယောက်က ပြောပါတယ်။
မြန်မာနဲ့ ရုရှားနှစ်နိုင်ငံအကြား နျုကလီးယားအရေး ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် မအံ့သြပမေယ့် စိုးရိမ်မကင်း ဖြစ်မိတဲအ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗွီအိုအေကို ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အဓိကပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အင်အားစုတွေကို နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံဖို့ ကတိကဝတ်တွေအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ပြောဆိုပါတယ်။
တရုတ်လူမှုကွန်ယက် ဖျော်ဖြေရေး App တခုဖြစ်တဲ့ TikTok ရဲ့ မိခင် ကုမ္မဏီ ByteDance ဟာ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့ ကာလ ၂၀၂၀ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုအတွင်း TikTok အသုံးများလာအောင် လော်ဘီလုပ် စည်းရုံးတာတွေ တိုးလုပ်လာခဲ့တယ်လို့ အသစ်ထွက်လာတဲ့ OpenSecrets အဖွဲ့ရဲ့ စာရင်းမှာ ဖေါ်ပြပါတယ်။
ဆီရီးယားနိုင်ငံရဲ့ သူပုန်ထိန်းချုပ် နယ်မြေကို အကူအညီတွေ ပို့ပေးနိုင်ရေးအတွက် ဖြတ်ကူးရေး လမ်းကြောင်းသစ် ၂ ကြောင်း ဖွင့်ပေးဖို့ ဆီရီးယား သမ္မတ Bashar Assad က သဘောတူလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်