အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေကို ဖေဖော်ဝါရီလ ၁၄ နဲ့ ၁၈ အကြား သွားရောက်မှာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ ရောင်းချခြင်းမပြုတာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ပြီး အဲဒီ်ရဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒီကနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်က အင်တာနက်မှာ အသုံးပြုတဲ့ ခရစ်ပ်တို ငွေကြေးနဲ့ လုပ်တဲ့ လုပ်ငန်းတွေမှာ အဓမ္မ အလုပ်လုပ်ဖို့ ခေါ်ဆောင်သွားခံရတဲ့ ဖိလစ်ပိုင် ၈ ယောက် ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။
၂၀၂၄ ပါရီ နွေရာသီ အိုလံပစ် ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတို့ ကို ဖိတ်ကြားခဲ့တဲ့အတွက် နိုင်ငံတကာ အိုလံပစ် ကော်မတီဟာ သမိုင်းရဲ့ မှားယွင်းတဲ့ဘက်မှာ ရောက်ရှိနေတယ်ဆိုတယ် ဆိုတဲ့ ပြောဆိုချက်တွေကို ကော်မတီဥက္ကဋ္ဌ Thomas Bach က ငြင်းဆို ပယ်ချလိုက်ပါတယ်။
ဒီနေ့ တနင်္လာနေ့က စပြီး စည်းမျဉ်း အသစ်အောက် ယာယီဗီဇာနဲ့ သြစတြေးလျမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ အမြဲတမ်း နေထိုင်ခွင့်ကို ရရှိကြတော့မှာ ဖြစ်ပါတယ်။ ၂၀၁၃ မတိုင်မီက သြစတြေးလျနိုင်ငံကို ရောက်ရှိနေကြတဲ့ လူပေါင်း ၁၉၀၀၀ လောက်ဟာ ဒီ အပြောင်းအလဲရဲ့ အကျိုးကျေးဇူးကို ခံစားကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားတွေကို သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးဖို့ပြုတဲ့ ဗွီအိုအေအနေနဲ့တော့ သီးခြားတည်ပြုလို့မရသေးတဲ့ စစ်ကောင်စီ ဥပဒေမူတခု ထွက်နေပြီး သတင်းမီဒီယာတွေမှာလည်း ဒါကို ဖော်ပြနေကြပါတယ်။
ဖက်ဒရယ်နိုင်ငံတခု ဖြစ်လာဖို့အတွက် ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း ပီပြင်ပြတ်သားတဲ့ နိုင်ငံရေးရလဒ်တခု ထွက်လာအောင် ကြိုးစားကြရမယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါလာရှီးလ ပြောကြားလိုက်ပါတယ်။
တူရကီမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ငလျင်လှုပ်ပြီးတဲ့နောက် အဆောက်အဦးတွေ အတော်များများ ပြိုကျခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ သံသယရှိသူ ၁၀၀ ကျော်ကို တူရကီအစိုးရက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်အစိုးရက ထောက်ပံ့ကူညီမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ သူ့ခရီးစဉ်အတွင်း ဆွေးနွေးမယ့်အေကြာင်း အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ မြင်းမွေးမြူရေးတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီကနေ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး၊ စစ်တပ်က လေကြောင်းက ပြန်တိုက်ခိုက်တာကြောင့် နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရင်ဆိုင်နေရတဲ့ ငလျင်ဒဏ်ဟာ ဒီဒေသအတွင်း နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးဆုံးဖြစ်မယ်လို့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲ Martin Griffiths က ပြောကြားလိုက်ပါတယ်။
အမေရိကန်ဒုသမ္မတဟောင်း Mike Pence ရဲ့ Indianapolis မြို့က နေအိမ်ကို သောကြာနေ့က FBI တာဝန်ရှိသူတွေ ရှာဖွေရာမှာ သက်ဆိုင်သူတွေသာ သီးသန့် ဖတ်ရန်လို့ ရေးထားတဲ့ အစိုးရစာရွက်တခုကို တွေ့ရှိခဲ့တယ်လို့ FBI ကပြောပါတယ်။
အမေရိကန်ပိုင်နက် ဝေဟင်မှာ တရုတ် မိုးပျံပူဖောင်းကြီးတွေ တွေ့ခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး တရုတ်သုတေသနဌာနတခုနဲ့ တရုတ်ကုမ္ပဏီ ၅ ခုကို တင်ပို့ကုန်ဆိုင်ရာ အမေရိကန်ရဲ့ အမည်မည်းစာရင်းထဲမှာ သောကြာနေ့က ထည့်သွင်းအရေးယူဒဏ်ခတ်လိုက်ပါတယ်။
လူ ၂ သောင်းခွဲနီးပါး သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်သင့် တူရကီနိုင်ငံအတွက် စာနာမှု အကူအညီတွေနဲ့အတူ ကူညီကယ်ဆယ်ရေးအဖွဲ့တဖွဲ့ အင်ဒိုနီးရှားနိုင်ငံကနေ ဒီကနေ့ ထွက်ခွာသွားပါတယ်။
တူရကီနိုင်ငံမှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေကြားကနေ ဒီကနေ့ မနက်မှာပဲ လူ ၃ ယောက်ကို အသက်ရှင်လက် ကယ်တင်နိုင်ခဲ့ပါတယ်။
တရုတ် ထောက်လှမ်ရေး မိုးပျံပူဖောင်းကြီးတွေ အမေရိကန်ပိုင်နက် ဝေဟင်ထဲရောက်လာတာဟာ အမေရိကန်ပိုင်နက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က တညီတညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ငြင်းဆန်ဖို့ သမ္မတဟောင်း Donald Trump ကြိုးစားခဲ့သလားဆိုတာ စုံစမ်းနေတဲ့ အမှုအတွက် သူ့လက်ထက် ဒုသမ္မတတာဝန်ယူခဲ့သူ Mike Pence ကို အထူးစုံစမ်းရေးရှေ့နေရဲ့ ရုံးတော်လာရောက်ဖို့ ဆင့်ခေါ်စာ ထုတ်ထားပါတယ်။
ယူကရိန်းရဲ့ လွတ်လပ်ရေးနဲ့ နယ်မြေပိုင်စိုးရေးကာကွယ်ဖို့ လိုအပ်နေသမျှ ယူကရိန်းကို ဥရောပသမဂ္ဂက ဆက်လက် ပံ့ပိုးထောက်ခံမယ်လို့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က ဒီနေ့ သောကြာနေ့မှာ ပြောလိုက်ပါတယ်။
မြန်မာ့အရေးဟာ ပြည်တွင်းပြဿနာဆိုပေမဲ့ ဒေသတွင်း ရိုက်ခတ်မှုတွေနဲ့ အကျိုးဆက်တွေရှိနေတာကြောင့် အာဆီယံနိုင်ငံတွေ တညီတညွတ်တည်း တုံ့ပြန်ဖို့ လိုအပ်တဲ့အကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မနေ့က ပြောဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတ ဗလော်ဒီမာဇလန်းစကီး (Volodymyr Zelensky) ဟာ Belgium နိုင်ငံ၊ Brussels မြို့မှာ ကျင်းပနေတဲ့ အီးယူ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီးတဲ့နောက် ယူကရိန်းနိုင်ငံကို ဒီကနေ့ ပြန်တော့မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်