သြစတြေးလျကာကွယ်ရေးဌာနရုံးတွေမှာ လုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ တရုတ်လုပ် CCTV ကင်မရာတွေပါအဝင် လုံခြုံရေး ပစ္စည်တွေကို ဖြုတ်ပစ်တော့မှာ ဖြစ်ပါတယ်။ ဗြိတိန်နဲ့ အမေရိကန်အစိုးရတွေက အလားတူ ဆုံးဖြတ်ချက်တွေချခဲ့ပြီးတဲ့နောက်မှာ သြစတြေးလျကလည်း အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့အတွက် အချက် ၃ ချက်ကို လုပ်ဆောင်နေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa Brown က ပြောလိုက်ပါတယ်။ နွေဦးပန်းများနိုင်ငံတကာ အွန်လိုင်းညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ တနင်္လာနေ့က လှုပ်သွားခဲ့တဲ့ ငလျင်ကြောင့် သေဆုံးအရေအတွက်ဟာ ဒီနေ့ကြာသပတေးနေ့ အစောပိုင်းအထိ ၁၆,၀၀၀ ထက်မနည်း ရှိသွားပါပြီ။ ငလျင်လှုပ်ခဲ့တာ ၄ ရက်ကြာလာတဲ့အထိ ပျက်ဆီးသွားတဲ့ အဆောက်အဦးတွေကြားထဲက အသက်ရှင်ကျန်နေနိုင်သူတွေကို ကယ်ဆယ်ရေးတွေ လိုက်ရှာနေကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ စစ်တပ်ထူထောင်တဲ့ နှစ်ပါတ်လည်အဖြစ် ဗုဒ္ဓဟူးနေ့ညက ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ တိုက်ချင်းပစ်ဒုံးကျည်တွေကို ပွဲထုတ်ပြသခဲ့ပါတယ်။
တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့မှာ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် လူပေါင်း ၁၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး အပျက်အစီးပုံတွေကြားမှာ အသက်ရှင်ကျန်ရစ်နေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်သားတွေ အအေးဒဏ်နဲ့ အချိန်ကို အန်တုပြီး ဗုဒ္ဓဟူးနေ့က ဆက်လက်ရှာဖွေနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ရုရှားကျူးကျောင်းစစ်ကို ဆန့်ကျင်တဲ့အတိုင်း ယူကရိန်းကို ပံ့ပိုးထောက်ခံရာမှာ တညီတညွတ်တည်းရှိကြပြီး၊ စစ်ပွဲကြာသမျှ ယူကရိန်းနဲ့အတူ ရပ်တည်သွားလိမ့်မယ် ဖြစ်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden) က ပြောပါတယ်။
တူရကီနဲ့ ဆီးရီးယားနိုင်ငံ မြေငလျင်ကြောင့် သေဆုံးသူ စာရင်း က ၁၁၀၀၀ ကျော်သွားပြီဖြစ်ပြီး ကယ်ဆယ်ရေး ဝန်ထမ်းတွေ က အပျက်အစီးတွေကြားမှာ အသက်ရှင်ကျန်ခဲ့သူတွေကို ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။
တရုတ်နဲ့ ပြိုင်ဆိုင်ဖို့ အမေရိကန်ဟာ ဆယ်စုပေါင်းများစွာအတွင်း အားအကောင်းဆုံး အနေအထား ရှိနေပြီလို့ သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ မနေ့အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးဆိုင်ရာ လိမ်လည်မှုတွေနဲ့ နယ်စပ်ဖြတ် လောင်းကစားမှုတွေကို ထိထိရောက်ရောက် ကာကွယ်ဖို့နဲ့ ချေမှုန်းဖို့အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံရှစ်နိုင်ငံကို မသွားကြဖို့ တရုတ်အနောက်ပိုင်းပြည်နယ် ဟူဘေပြည်နယ် Enshi မြို့ လုံခြုံရေး ဗျူရို အာဏာပိုင်တွေက အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။
ဆီးရီးယားအနောက်မြောက်က မြို့လေးတမြို့မှာ ငလျင်ကြောင့်ပြိုကျသွားတဲ့ အဆောက်အအုံထဲ မွေးကင်းစကလေးတဦးကို တွေ့ရှိခဲ့ပါတယ်။ ငလျင်လှုပ်ချိန်မှာ မွေးဖွားခဲ့တာလို့ ယူဆရပြီး မိခင်နဲ့ချက်ကြိုးမပြတ်သေးဘဲ အနေအထားနဲ့တွေ့ရတာပါ။ မိခင်ဖြစ်သူကတော့ သေဆုံးသွားခဲ့ပါတယ်။
တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံအကြားလှုပ်သွားခဲ့တဲ့ အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေတွက်ဟာ ဒီကနေ့အထိ ၅,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်၊ တနင်္လာနေ့မနက်အစောပိုင်းမှာ လှုပ်သွားခဲ့တဲ့ ဒီငလျင်ဒဏ်သင့်ခဲ့တဲ့ နေရာတွေမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံ ရှာဖွေကယ်ဆယ်နေကြပါတယ်။
ကမ္ဘာကြီးဟာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲဆီကို ဦးတည်သွားနေကြောင်း၊ စစ်ပွဲကာကွယ်ရေးကို နှလုံးသွင်းပြီး၊ လူ့အခွင့်အရေးနဲ့ လူသား ဂုဏ်သိက္ခာအပေါ် ပထမထားတဲ့ ချဉ်းကပ်ပုံမျိုးကို ပြောင်းကြဖို့ အချိန်ရောက်ပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။
အမေရိကန်စံတော်ချိန် ဒီကနေ့ညမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ဟာ သမ္မတ သက်တမ်းအတွင်း ဒုတိယအကြိမ် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပြီး လူထုစစ်တမ်းတွေမှာ သူ့ရဲ့ တာဝန်ထမ်းဆောင်မှုအပေါ် ဝေဖန်တာတွေလည်း ခံနေရပါတယ်။
ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်းနယ်မြေကာကွယ်ရေးတပ် CDF တို့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်နဲ့ နယ်စပ်က မြန်မာတပ်စခန်းပေါ်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ဒရုန်းနဲ့ ဗုံးသုံးလုံး ကြဲချခဲ့တယ်လို့ အိန္ဒိယနယ်ခြားစောင့်တပ် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး The Asian Age အင်တာနက်သတင်းစာမျက်နှာက ပြောလိုက်ပါတယ်
မြန်မာပြည်သူတွေနဲ့ရော၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါ ဗြိတိန်နိုင်ငံက အတူရပ်တည်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၆ရက် တနင်္လာနေ့က ငလျင်ဒဏ်အကြီးအကျယ်ခံလိုက်ရတဲ့ တူရကီအတွက် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေမှာ အကူအညီပေးဖို့ အမေရိကန်ရဲ့ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) အဖွဲ့ဝင်တွေဟာ အထောက်အကူပစ္စည်းတွေ တူရကီကိုပို့ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
တူရကီနဲ့ ဆီးရီးယားနိုင်ငံအကြားမှာ ဒီကနေ့ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ဒဏ်ကြောင့် လူ ၂,၃၀၀ ကျော် သေဆုံးသွားတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခတွေကြား ဘာသာရေး ဝတ်ပြုဆုတောင်းတဲ့နေရာတွေကို အကာအကွယ်ပေးဖို့ ဘာသာရေးခေါင်းဆောင်တွေ တောင်းဆိုနေပေမဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ဖယ်ခုံမြို့အတွင်း နောက်ထပ် ဘုရားကျောင်းတခုအပေါ် မော်တာကျည်တွေ ကျပြီး ပျက်ဆီးခဲ့တဲ့ အကြောင်း Union of Catholic Asian News သတင်းမှာ ရေးသားထားပါတယ်။
ကမ္ဘာ့ဂီတလောကအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဂရမ်မီ ဆုပေးပွဲကို အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ဖေဖော်ဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တာမှာ အမေရိကန် Pop အဆိုတော် Beyoncé က တဦးထဲ ဂရမ်မီဆုအများဆုံးနဲ့ စံချိန်ချိုးလိုက်ပါတယ်။
အမေရိကန် လေကြောင်းပိုင်ထဲရောက်နေတဲ့ သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီးကို အမေရိကန်လေတပ်က မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပစ်ချလိုက်တဲ့အပေါ်၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်ပြီး ဒါဟာ အမေရိကန်အစိုးရက လိုအပ်တာထက်ပိုပြီး တုန့်ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်