ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း မဖြစ်မနေ လိုက်နာရမယ့် ရေကြောင်းသွားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ အပြီးသတ် ချမှတ်နိုင်ရေးအတွက် တရုတ်နိုင်ငံနဲ့ ဆွေးနွေးမှုတွေကို အရှိန်မြင့် လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
လေကြောင်းကနေ တိုက်ခိုက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သေဆုံးခဲ့တဲ့အရေအတွက်ဟာ ကမ္ဘာမှာ အရပ်သားပြည်သူ သေဆုံးမှု ဒုတိယအသေအပျောက် အများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
အမေရိကန် ဝေဟင်မှာရောက်နေတဲ့ သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီးကို အမေရိကန်လေတပ်က စနေနေ့မှာ ပစ်ချလိုက်ပါတယ်။ ဒီပူဖေါင်းကြီးကို ကာရိုလိုင်းနားပြည်နယ်ကမ်းလွန်မှာ ပစ်မချခင် သူဟာ မြောက်အမေရိကတိုက် တကျောက စစ်စခန်းတွေပေါ် ဖြတ်ကျော်ပျံသန်းခဲ့တာကြောင့် တင်းမာမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်း ၂ ပြည့်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတချို့ရဲ့ ထုတ်ပြန် ပြောဆိုချက်တွေဟာ တဖက်သတ်ဆန်ပြီး မှန်ကန်မှု မရှိတဲ့အတွက်ဆိုကာ ပယ်ချလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေါ်ဖေါ်ဝါရီလ ၄ ရက် နေ့စွဲနဲ့ ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့အခြေနေဟာ ကောင်းမလာတဲ့အပြင် ပိုဆိုးလာနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံအရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောပါတယ်။ မြန်မာ့ပြဿနာ ဘုံသဘောတူညီချက် ၅ ရပ်ကို ကိုင်စွဲထားကြတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံ သဘောတူချက် (၅) ချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ အထူးအရေးကြီးကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်ကောင်စီကို တိုက်တွန်းပါတယ်။
တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီး နောက်တလုံး လက်တင်အမေရိကနိုင်ငံတွေပေါ်မှာ တွေ့တယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ပြောကြားလိုက်ပါတယ်။
ဥပဒေချိုးဖောက်ပြီး ယူကရိန်းနိုင်ငံအပေါ် စစ်တိုက်နေတဲ့ ရုရှားအတွက် အဓိကဝင်ငွေကို ကန့်သတ်နိုင်အောင် ရည်ရွယ်ပြီး ရုရှားရဲ့ ရေနံစိမ်းဈေးကို ဒီဇင်ဘာလတုန်းက သတ်မှတ်ခဲ့သလိုမျိုး သန့်စင်ရေနံဈေးနှုန်းကိုလည်း ကန့်သတ်တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။
ရေခဲတမျှအေးတဲ့ လေအေးလှိုင်းကြီး အမေရိကန် အရှေ့မြောက်ပိုင်းကို ဝင်ရောက်နေတဲ့အတွက် ဝါရှင်တန်မြို့တော်အပါအဝင် အရှေ့မြောက်ပိုင်းမြို့တွေက ဒေသခံသန်းနဲ့ချီ အေးခဲတဲ့ဒဏ်ကို ခံစားနေကြရပါတယ်။ ေ
စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနားမှာ စစ်တပ် ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တောင်ကိုရီးယား တရားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ အရင်သမ္မတ မွန်ဂျေအင်း (Moon Jae-in) လက်ထက် အကြီးတန်း အကြံပေးတဦးလည်းဖြစ်တဲ့ Cho Kuk ကို လိမ်လည်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ တောင်ကိုရီးယားတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။
တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးလို့ သံသယံရှိတဲ့ မိုးပျံပူဖောင်းကြီးတလုံး ဝေဟင်အမြင့်မှာ ရက်တော်တော်ကြာ ပျံသန်းနေတယ်လို့ အမေရိကန်အစိုးရဘက်က ကြာသပတေးနေ့က ပြောကြားခဲ့ပြီးနောက် ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းအချက်အလက် အတည်ပြုနိုင်အောင် ကြိုးစားနေတယ်လု့ိ တရုတ်အစိုးရက တုံ့ပြန်ပါတယ်။
တရုတ်နိုင်ငံဘက်က ထောက်လှမ်းစောင့်ကြည့်ဖို့ လွှတ်ထားတယ်ဆိုပြီး သံသဖြစ်ဖွယ် မိုးပျံပူပေါင်းကြီးတလုံးဟာ အမေရိကန် နယ်နမိတ်အတွင်း အရေးကြီးတဲ့နေရာတွေက သတင်းအချက်အလက်တွေရယူနေတာလို့ ခိုင်ခိုင်မာမာ ယုံကြည်တဲ့အကြောင်း ပန်တဂွန် စစ်ဌာနချုပ် ထိပ်တန်းအရာရှိတွေက ပြောဆိုနေပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီပြဿနာတွေနဲ့ စီးပွားရေးကို ကုစားဖို့အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ဆီကနေ ဘဏ္ဍာရေး အကူအညီရယူဖို့ ကြိုတင်သတ်မှတ်ချက်တွေကို သဘောတူရတော့မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ညှိနိုင်းရေးကောင်စီ အစည်းအဝေး ပထမနေ့မှာ မြန်မာ့အရေးကို အဓိကဆွေးနွေးကြပါတယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိစ္စ အဓိက အလေးထား ဆွေးနွေးခဲ့တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။
ပက်ကျိကထွက်တဲ့ အကျိအချွဲနဲ့ မျက်နှာကို ပြုပြင်ထိန်းသိမ်းပေးတဲ့နည်းလမ်း ဆီးရီးယားမှာ ခေတ်စားလာပါတယ်။ အလှအပအတွက် အော်ဂဲနစ်နဲ့ သဘာဝပစ္စည်းတွေကိုအသုံးပြုလာတဲ့ အိမ်နီးချင်းနိုင်ငံတွေကနည်းလမ်းတွေကိုအတုယူပြီးအခုဆိုင်ကို ၂၀၂၂ခုနှစ်မှာ စတင်ခဲ့တာပါ။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် မနီလာက အပြန်မှာ အမေရိကန်တပ်တွေ ဖိလစ်ပိုင် စစ်စခန်း အသစ်တွေမှာ အသုံးပြုခွင့် သဘောတူညီချက်ကို ရယူနိုင်ခဲ့ပြီး နှစ်ဖက် ခေါင်းဆောင်တွေဟာ အင်ဒို-ပစိဖိတ် ဒေသ အရေး ဘုံ အမြင် သဘောထားတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ စစ်စခန်း၄ခု အသုံးပြုဖို့ အမေရိကန်ကို ခွင့်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအတော်များများက မြို့နယ်ပေါင်း ၃၈ မြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး Martial Law ဥပဒေကို ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ စစ်စခန်းသစ် ၄ ခုကို အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုခွင့် အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား သဘောတူညီချက် ရခဲ့တဲ့အကြောင်း ဒီကနေ့ နှစ်နိုင်ငံလုံးက ကြေညာပါတယ်။ နို
ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အတင်းအကြပ်ပြန်လွှတ်တာတွေ ရပ်တန့်ပြီး ဒုက္ခသည်အခွင့်အရေးကို ကာကွယ်ပေးသင့်တယ်လို့ Fortify Rights နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်