ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေဟာ ခွဲခြားဆက်ဆံခံရမှုကြောင့်မဟုတ်ပဲ၊ တိုင်းပြည်အချုပ်အခြာအာဏာကို ထိခိုက်စေမယ့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေဖြစ်တယ်လို့ မောင်တောအရေး အစိုးရစုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည်က ပြောပါတယ်။
အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပဖို့ရက်ပိုင်းပဲ လိုတော့တဲ့အချိန်အထိ ရွေးကောက်ခံသမ္မတ Trump နဲ့ ရုရှားအစိုးရကြား ဆက်ဆံရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကတော့ ဆက်ပြီး ရှိနေပါတယ်။ ရုရှားသမ္မတရဲ့ခေါင်းဆောင်မှုကို Trump ကချီးကျူးထားတာပါ။ZlaticaHoke ပေးပို့တဲ့သတင်းကိုကိုသားညွှန့်ဦးက တင်ပြထားပါတယ်။
မလေးရှားနိုင်ငံက အစ္စလာမ်အဖွဲ့အစည်းတခုဖြစ်တဲ့ Malaysian Consultative Council of Islam Organizations က ရခိုင်ဒေသက သူတို့အခေါ် ရိုဟင်ဂျာမွတ်ဆလင်တွေကို အကူအညီပေးရေး သင်္ဘောပို့လွှတ်မယ်ဆိုတဲ့အပေါ် မြန်မာဘက်က ဒါကို တရားဝင် သံတမန်ရေးနည်းလမ်းနဲ့ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Eleven Media Group က သူပိုင်မီဒီယာတွေမှာ ရေးသားဖော်ပြချက်အချို့ လွဲမှားတဲ့အချက်အလက်တွေကြောင့် နစ်နာစေခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို တောင်းပန်တဲ့စာ ထွက်လာတဲ့အပေါ်၊ မီဒီယာလောကသားတွေအကြား အတော်လေး စိတ်ပျက်တာတွေ စိုးရိမ်တာတွေ ရှိတာတွေ့ရပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရံပုံငွေဆိုင်ရာ ပေါင်းစပ်ညှိှုနှိုင်းရေး အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်စုကြည် က ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး အစိုးရ လွှတ်တော် တပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ဒီကနေ့ အင်္ဂါနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်နေပြီဖြစ်ပါတယ်။ နိုင်ငံတကာအခင်းအကျင်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အရေးပါတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အပြောင်းအလဲ သမ္မတရွေးကောက်ပွဲ ဟာ မြန်မာအပါအဝင် ဒေသတခွင် နဲ့ နိုင်ငံတကာကို ဘယ်လို ဂယက်ရိုက်မှုရှိပါသလဲ။
ဂျပန်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် စီမံဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းဦးဆောင်တဲ့ မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်နိုင်ငံရောက်ရှိနေပြီး၊ ဂျပန်မှာ မြန်မာစီးပွားရေးဖော်ရမ်တခု ကျင်းပဖို့ရှိနေပါတယ်။
နိုင်ငံအတွက် စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ အရေးကြီးပေမဲ့၊ မဲဆန္ဒရှင်အများစုကတော့ အဓိကပြိုင်ဘက်သမ္မတလောင်း ၂ ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စရိုက်လက္ခဏာတွေအပေါ် သူတို့ ဘယ်လိုခံစားရသလဲဆိုတာကို အခြေခံပြီး ဆုံးဖြတ်နေကြတာကို လူထုစစ်တမ်းတွေမှာ တွေ့နေရပါတယ်။
မြန်မာနိုင်ငံ အနောက်ခြမ်း မောင်တောမြို့နယ်တွင်း လုံခြုံရေးတပ်ဖွဲ့ စခန်းသုံးခုကို အောက်တိုဘာလ ၉ ရက်နေ့တုန်းက အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း၊ ဒေသတွင်းမှာ အရေးပေါ်အခြေအနေ သတ်မှတ်ပြီး အကြမ်းဖက်တိုက်ခိုက်သူတွေကို စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။
အောက်တိုဘာ ၃၀၊ ၂၀၁၆ - စီမံကိန်းတွေကို ဆက်ရပ်ထားစေချင်သူတွေ၊ ပြန်စဖို့ လိုလားသူတွေရဲ့ သဘောထားကို NLD အစိုးရသစ်က ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲဆိုတာကို ကိုသားညွှန့်ဦး က နောက်ဆုံးအပိုင်းအဖြစ် သုံးသပ်တင်ပြထားပါတယ်။
အစိုးရသစ်အောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲဖြစ်သလို၊ စစ်အုပ်ချုပ်ရေးကနေ အရပ်ဖက်အုပ်ချုပ်ရေး အသွင်ကူးပြောင်းမှုအခြေအနေဟာ မပြီးပြတ်သေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက်ရည်စူးတဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ စီးပွားရေးလုပ်ငန်း ဖွံဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲမှာ - အရင် စစ်အစိုးရနဲ့နီးစပ်ခဲ့တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေ ဖိတ်ကြားခဲ့သလို၊ သူတို့ကို ရှေ့ဆက်ဖွံဖြိုးရေးလုပ်ငန်းတွေမှာ အစိုးရကို ဝိုင်းဝန်းကူညီဖို့ နိုင်ငံတော်အတိုင်ပင်ခံက ကမ်းလှမ်းခဲ့ပါတယ်။
NLD အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို NCA တနှစ်ပြည့်နှစ်ပတ်လည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောဆိုသွားတာတွေ့ရပါတယ်။
ဗွီအိုအေညွှန်ကြားရေးမှူး Ms.Amanda Bennett သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အောက်တိုဘာလ (၁၇) နေ့ မနက်ပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင်ခန်းမတွင်တွေ့ဆုံခဲ့ပါသည်။
ဗွီအိုအေ မြန်မာပိုင်း ရုပ်သံအစီအစဉ်တွေကို DVB ဒီမိုကရက်တစ်မြန်မာအသံ ရုပ်သံပေါ်မှာ ပြန်လည်လွှင့်ထုတ်ဖို့ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေးအာဏာ ဥပဒေပြုရေးအာဏာ တရားစီရင်ရေးအာဏာဆိုတဲ့ အာဏာသုံးရပ်ဟာ သီးခြားလွတ်လပ်ပြီး အပြန်အလှန်ထိန်းကျောင်းနေရပါတယ်။
အမေရိကန်သမိုင်းတလျှောက် အများအားဖြင့် ဒီမိုကရက်တွေဖြစ်ကြတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ မဲပေးတဲ့အတိုင်း အဖွဲ့ဝင် ထောင်ပေါင်းများစွာကလည်း လိုက်ပါ မဲပေးတတ်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာရော သမဂ္ဂအဖွဲ့ဝင်တွေ ဘယ်သူ့ကို မဲပေးနိုင်ဖွယ်ရှိပါသလဲ။ Carolyn Presutti ရဲ့ဆောင်းပါးကို ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။
၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကျော့ပြီးဆုံးတဲ့ လပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ဖက်ခြမ်းနယ်စပ် တိုင်းရင်းသားဒေသတွေမှာ ပစ်ခတ်မှုတွေ တိုက်ပွဲတွေ ကြားလာရပါတယ်။
မြန်မာနိုင်ငံထဲမှာ မတရားမှုတွေ ဥပဒေမဲ့ လုပ်ရပ်တွေ ရှိနေပမယ့် ဥပဒေစိုးမိုးရေးကို တာဝန်ယူရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တရားရုံး စတဲ့ အဖွဲ့အစည်းတွေဖက်က ဒီဖြစ်ရပ်တွေအပေါ် ထိထိရောက်ရောက် အရေးယူကိုင်တွယ်တာ အားနည်းတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ကျယ်ပြန့်လာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်