မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာပြီဆိုပေမယ့်၊ မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား စစ်ဖက်ဆက်ဆံမှုတွေ ကျန်နေသေးနိုင်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုဖက်က စိုးရိမ်မကင်းရှိနေတုန်းပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ အခုလာမယ့် ဗုဒ္ဒဟူးနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ မိန်ခွန်းပြောကြားဖို့ရှိနေပါတယ်။
စက်တင်ဘာ ၁၉၊ ၂၀၁၆ - IFES - International Foundation for Electoral Systems က ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ်အတွက် Charles T. Manatt ဒီမိုကရေစီဆုကို လာရောက်လက်ခံယူစဉ်မှာ ကိုနေလင်းစိုး ကို ဗွီအိုအေဝိုင်းတော်သား ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်လွှတ်တော်ကို သွားရောက်ပြီး လွှတ်တော်အကြီးအကဲတွေနဲ့ တွေ့ဆုံနေပါတယ်။
စက်တင်ဘာ ၁၅၊ ၂၀၁၆ - ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ပထမအစည်းအဝေးမှာ တဖက်သတ် လိုချင်တာတွေကို အစွမ်းကုန် တင်ပြခဲ့ကြတာတွေကြောင့် နောင်အပေးအယူ လုပ်ညှိနှိုင်းရ အခက်ကြုံနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ ဒီရက် (၁၀၀) ကာလအတွင်း မြန်မာနိုင်ငံမှာ သွားရောက်တာဝန်ယူခဲ့တဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ဦးသားညွ
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကိုသွားရောက်ပြီး၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသ မြန်မာသံရုံးတွေက မြန်မာသံအမတ်ကြီးတွေနဲ့ တွေ့ဆုံ အစည်းအဝေးလုပ်နေပါတယ်။
ငြိမ်းချမ်းရေးညီလာခံနောက်ဆုံးနေ့
စက်တင်ဘာ ၄၊ ၂၀၁၆ - မြစ်ဆုံစီမံကိန်းကို ကန့်ကွက်မှုတွေဟာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ လူထုလှုပ်ရှားမှု ဖြစ်ခဲ့ရပါလဲ။ လူထုလှုပ်ရှားမှုရဲ့ သက်ရောက်အား ဘယ်လောက် ရှိသလဲဆိုတာကို ကိုသားညွှန့်ဦးက အပိုင်း (၂) နဲ့ သုံးသပ်တင်ပြထားပါတယ်။
"သဘောထားချင်း မတိုက်ဆိုင်ရင်တောင်မှ ဘာကြောင့် မတိုက်ဆိုင်တဲ့သဘောထားတွေရှိနေလဲဆိုတာ စဉ်းစားရမယ်။ ဒါမှကျမတို့အားလုံးညီညီညွတ်ညွတ်နဲ့ လိုချင်တဲ့ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။” (ဒေါ်အောင်ဆန်းစုကြည်)
၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ စာတမ်းတက်ရောက် ဖတ်ကြားခဲ့တဲ့ မဟာဗျူဟာနဲ့မူဝါဒ လေ့လာရေးအင်စတီကျု - မြန်မာနိုင်ငံက အမှုဆောင်ညွန်ကြားရေးမှူး ဦးမင်းဇင်ကို ဗွီအိုအေ အယ်ဒီတာ ဦးသားညွန့်ဦးက တွေ့ဆုံ မေးမြန်းထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်စနစ်ရဲ့ ဝိသေသ လက္ခဏာတွေဖြစ်တဲ့ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ တိုင်းရင်းသား တန်းတူအခွင့်အရေးတွေ ပါဝင်တယ်လို့ တပ်မတော်ကိုယ်စားလှယ်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ပြောဆိုလိုက်ပါတယ်။ ညီလာခံဒုတိယနေ့ ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖယ်ဒရယ်စံနစ်ရဲ့ ဝိသေသလက္ခဏာတွေ ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ တိုင်းရင်းသားများတန်းတူအခွင့်အရေးတွေ ပါဝင်တယ်လို့ တပ်မတော်ကိုယ်စားလှယ်က ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာပြောဆိုလိုက်ပါတယ်။
၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်း စစ်တပ်၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ် တင်ပြချက်တွေမှာ ကွဲလွဲချက်တွေရှိနေတဲ့အကြောင်း နိုင်ငံရေးသုံးသပ်သူ တဦးတဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။
၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်တာဟာ ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ အခွင့်အရေးကြီးတရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နေပြည်တော် ညီလာခံဖွင့်ပွဲကို သတင်းသွားယူတဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။
ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်လို့ မျှော်မှန်းချက်တွေအကြောင်း ညီလာခံ တက်ရောက်သူတချို့ရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ပြထားပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံရေးအရဆွေးနွေးပွဲတွေကို NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် အခြေခံပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်၊ NCA ထီးရိပ်အောက်မှာ အားလုံးပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော...
"ဖွင့်ပွဲကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ သူတို့ကနေ အဓိက ဖွင့်ပွဲမိန့်ခွန်းတွေ ပြောကြမယ်။ ကာကွယ်ရေးဦးစီးချုပ်လည်း ပြောမယ်လို့ ကျနော်တို့ သိရပါတယ်။"
မြန်မာနိုင်ငံတွင်းက မတူညီတဲ့ ဘာသာ လူမျိုးနောက်ခံရှိ ပြည်သူ အားလုံးဟာ တန်းတူ ရည်တူ နိုင်ငံသား အခွင့်အရေးတွေ ခံစား ရယူခွင့်ရှိသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆို ပါတယ်။
၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် ပြင်ဆင်မှုတွေ အပြီးသတ်လုပ်ဆောင်နေကြပြီဖြစ်ပေမယ့် ဒီညီလာခံမှာ၊ ပါဝင်တက်ရောက်မှုတွေ၊ ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေရှိနေဆဲပါ။ ညီလာခံကျင်းပမယ့် နေပြည်တော်ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။
မနက်ဖြန်ကျင်းပမယ့် ၂၁ ရာစု ပင်လုံ - ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ အပြီးသတ် လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်