ငလျင်ကြောင့်ပျက်စီးတဲ့ပုဂံဘုရားများ ထိန်းသိမ်းရေး
သြဂုတ် ၂၉၊ ၂၀၁၆ - အပိုင်း (၁) ရေကာတာ စီမံကိန်း တည်ရှိရာ ဒေသတဝိုက်ဟာ မြန်မာပြည်ကြီးအတွက် ဘယ်လောက် အရေးပါသလဲ။ ကန့်ကွက်သူတွေက ဘာတွေကို စိုးရိမ်နေသလဲဆိုတာကို
သြဂုတ် ၁၅၊ ၂၀၁၆ - ကန်ကုမ္ပဏီတွေ ပိုပြီးတော့ ရင်းနှီးမြုပ်နံှနိုင်ရေး အခြေအနေတွေ၊ အမေရိကန်-မြန်မာ ကုန်သွယ်ရေး တိုးမြှင့်နိုင်မယ့် အနေအထား စိန်ခေါ်မှုတွေကို မေးမြန်းတင်ပြထားပါတယ်။
အမေရိကန်ကုမ္ပဏီတွေအပေါ် ကန့်သတ်ချက်အားလုံးကို အမေရိကန်အစိုးရအနေနဲ့ ဖယ်ရှားပေးခဲ့ပြီး၊ မြန်မာအပေါ် ကျန်နေတဲ့ အရေးယူမှု ၂၀ ရာခိုင်နှုန်းဟာ တဦးချင်း ပစ်မှတ်ထားအရေးယူမှုတွေသာဖြစ်တယ်လို့ စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin က ပြောဆိုခဲ့ပါတယ်။
စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ အမေရိကန်လက်ထောက်နို်င်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ မြန်မာနိုင်ငံ ရန်ကုန်မှာရှိတဲ့ အမေရိကန် ရင်းနှီးမြုပ်နှံမှုအချို့ကို သွားရောက်ပြီး၊ တာဝန်သိရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိုအပ်ချက်တွေ ကို လေ့လာကြည့်ရှုခဲ့ပါတယ်။
မြန်မာနိုင်ငံ စီးပွားဖွံဖြိုးရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ရင်းနှီးမြုပ်နှံမှုဟာ အထောက်အပံ့ဖြစ်စေမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin က ပြောဆိုလိုက်ပါတယ်။
သြဂုတ် ၇၊ ၂၀၁၆ - ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ လိုအပ်တာတွေ၊ စိန်ခေါ်မှုတွေကိုတော့ ကိုသားညွှန့်ဦး က ညွှန်ကြားရေးမှုး ဦးအုန်းမြင့် ကို တွေ့ဆုံမေးမြန်းထားပါတယ်။
သြဂုတ် ၀၁၊ ၂၀၁၆ - မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပြည်သူတွေ သာယာဝပြောဖို့အတွက် အထောက်အကူပြုသလို၊ နီးကပ်တဲ့ဆက်ဆံရေးအတွက်လည်း အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ရှည်အမြစ်တွယ်နေတဲ့ ပြဿနာရပ်တွေကို ဖြေရှင်းနိုင်ဖို့ အခက်အခဲတွေ ရှိလိမ့်ဦးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကပြောပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲအပေါ် အမြင်၊ ရခိုင်ပြည်နယ်အရေး ကိစ္စတွေနဲ့ပတ်သက်လို့ သံအမတ်ကြီး Scot Marciel ကို ကိုသားညွန့်ဦးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေ မကြုံစဖူး လျှင်လျှင်မြန်မြန်ဖြစ်ခဲ့ပေ မယ့်လည်း၊ နှစ်ရှည် တွယ်နေတဲ့ ပြသနာရပ်တွေဖြေရှင်းနိုင်ဖို့ အခက်အခဲတွေ ရှိမယ် ဒါပေမယ့် အစိုးရရော မြန်မာ လူထုမှာပါ ဒီပြသနာတွေကို ရင်ဆိုင်ကျော်လွှားလိုတဲ့ စိတ်ဆန္ဒရှိနေတာ တွေ့ရတယ် လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်ချင်ပေမယ့်၊ အခုအချိန်မှာ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းကောင်းကြီးဖြစ် တယ် ဆိုတာကိုတော့ ပြောဆို အသိပေးလိုတယ် လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Scot Marciel က ဗွီအိုအေကို ပြောပါတယ်။
“တရားဝင်ဆွေးနွေးပွဲဖြစ်ဖို့အတွက်က အဲဒီလိုမျိုးလက်နက်စွန့်ရမယ်လို့ ကတိကဝတ်ပေးမှသာလျှင် သူတို့ဘက်က တရားဝင်ဆွေးနွေးမှုပြုလုပ်နိုင်မယ်လို့ အဲဒီလိုမျိုးကျနော်တို့ကို ဖိအားပေးထားတာမျိုးတွေရှိပါတယ်။”
ညီလာခံမှာ အဓိက အချက်လေးချက်ကို ဆွေးနွေးမယ်လို့သိရပါတယ်။ ပထမတချက်ကတော့ ပင်လုံဆိုတဲ့ အခြေခံအချက်အလက်ကို စာတမ်းတင်ပြီးဆွေးနွေးကြမှာပါ။ အဓိကကတော့ ပင်လုံနဲ့ပတ်သက်လို့ ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုလဲဆိုတဲ့ကိစ္စပါ။ ဘာလို့လဲဆိုတော့ အစိုးရက (၂၁)ပင်လုံညီလာခံခေါ်မယ်လို့ ပြောထားတာကြောင့်ပါ။ နံပါတ် (၂)အချက်ကတော့ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ နံပါတ် (၃)က လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ အချက်လက်တွေကို ဆွေးနွေးမှာဖြစ်ပြီးတော့ နံပါတ် (၄)ကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနဲ့ စစ်ဖက် ဆက်ဆံရေးတိုးမြင့်ဖို့ ကိစ္စရပ်ကို မြန်မာအရပ်ဖက်အစိုးရနဲ့ ညှိနှိုင်းပြီးသာ လုပ်ဆောင်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောလိုက်ပါတယ်။
၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား တွေကို ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံက မြို့အသီးသီးမှာ ကျင်းပခဲ့ကြပြီး ရန်ကုန်မြို့ အာဇာနည်ဗိမာန် အလေးပြုအခမ်းအနားကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လည်း ထူးထူးခြားခြား တက်ရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပတဲ့ အာဇာနည်နေ့ အလေးပြုအခမ်းအနားကို အစိုးရခေါင်းဆောင်တွေ လွှတ်တော်ခေါင်းဆာင်တွေ အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် လည်း ထူးထူးခြားခြား ပါဝင်တတ်ရောက်ကြခဲ့ပါတယ်။
ဇူလိုင် ၁၈၊ ၂၀၁၆ - နိုင်ငံရဲ့ ပို့ကုန်နဲ့သွင်းကုန်တန်းဖိုး မျှတဖို့ ဘယ်လို ဆောင်ရွက်နေသလဲဆိုတာကို ကိုသားညွှန့်ဦး က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာသန်းမြင့်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တွေအတိုင်း လိုက်နာနေရတဲ့ တချိန်ထဲမှာပဲ နိုင်ငံရဲ့ပို့ကုန်နဲ့ သွင်းကုန်တန်ဖိုး မျှတဖို့ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို ကိုသားညွန့်ဦးက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသန်းမြင့် ကိုမေးမြန်းထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenny ဟာ မြန်မာအစိုးရ အကြီးတန်း ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး၊ မြန်မာနိုင်ငံသားတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ ရရှိစေဖို့ ငြိမ်းချမ်းရေးရရှိစေဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်ပြီး ထောက်ခံ ကူညီသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်