"အခု ထိုးလိုက်တဲ့စာချုပ်က ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အခြေခံ မူဘောင် သဘော တူညီချက်ပေါ့။ နှစ်နိုင်ငံ ကုန်သွယ်မှုတွေ တိုးလုပ်သွားမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်သွားမယ် ဆိုတဲ့ အနေအထားပါ"
"ဘာသာရေး လွတ်လပ်ခွင့်ကို ထိပါးတယ် ဆိုတာဟာ အမေရိကန် ပြည်ထောင်စုအတွက် လူ့ဂုဏ်သိက္ခာ ကျင့်ဝတ်ဆိုင်ရာ ရပ်တည်ချက်အရရော၊ မဟာဗျူဟာမြောက် အမျိုးသား လုံခြုံရေးအရပါ စိုးရိမ်စရာ ဖြစ်ပါတယ်"
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတအိုဘားမားတို့ လာမယ့် တနင်းလာနေ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံတဲ့ အခါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အထူးသဖြင့် စီးပွားရေးအရ လက်တွဲဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ကို ဆွေးနွေးကြ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
"မနေ့ကအထိတော့ ဒုက္ခသည် ၆ သောင်းခွဲဟာ ရေဘေးဒဏ် ခံရလေ့ရှိတဲ့ ဒေသ တွေမှာ ရှိနေတုန်းပါပဲ။ ဒီလူတွေကို နေရာရွှေ့ပေးဖို့ ဆိုပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ် အာဏာပိုင်နဲ့ ဦးသိန်းစိန်အစိုးရတို့ကို ပြီးခဲ့တဲ့လတွေကတည်းက တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါဘူး။ အခု ရွှေ့ပြောင်း နေရာချပေးတယ်ဆိုတာ စစ်တွေနားက လူအနည်းစုကိုပါ"
"မြောက်ကိုရီးယားအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေက အဖြစ်အပျက် အခြေအနေတွေကို အတုယူသင့်တယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အခုဆိုရင် အမေရိကန်နဲ့ တောင် ကိုရီးယားနိုင်ငံအပါအဝင် နိုင်ငံတကာနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သံတမန်ရေး ဆက်ဆံမှုတွေ ပိုပြီး တိုးလုပ်လာနေပါပြီ။"
“ဘာသာရေးခေါင်းစဉ်တပ်ပြီး လူတွေကို သတ်ဖြတ်နေတာကို စဉ်းစားလို့ကို မရပါဘူး။ အတော်လေး ဝမ်းနည်းစရာ ကောင်းပါတယ်။ အခုကာလမှာ ဒါမျိုးတွေ မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ မူဆလင်ဗလီတွေကို ဖျက်ဆီးတာ၊ မူဆလင်မိသားစုတွေကို တိုက်ခိုက်တဲ့ကိစ္စတွေပါ”
“ကျနော်တို့ဆီက ၁၂ ယောက်ဖိတ်ပါတယ်။ အခုဟာက ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ သူ့ကန့်သတ်ချက်က အသက် ၆၀ အောက် ဗဟိုကော်မတီဝင်များ ဆိုပြီးတော့ ဖိတ်ပါတယ်။"
"အစီရင်ခံစာပါ အကြံပြုချက်တွေက အပြုသဘော ဆောင်ပါတယ်။ ဒါတွေကို အစိုးရက လက်တွေ့ အကောင်အထည်ဖော်ရမှာပါ။ တချိန်တည်းမှာပဲ ကျနော် စိုးရိမ်မိတာကတော့ အာဏာပိုင်တွေရဲ့ တာဝန်ရှိမှု၊ ကျူးလွန်မှုတွေကို ဥပဒေ ကင်းလွတ်ခွင့် ပေးတာတွေ မဖြစ်စေဖို့ အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ပါ"
"ကျနော်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန်မနှောင်းသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိပက္ခဖြစ်မယ့်နေရာတွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမယ်ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်"
"ဒီအစီရင်ခံစာကို ကြည့်ရတာ ဒေါင့်အစုံအလင် တင်ပြထားပုံပါပဲ။ ဒါ အတော်လေး အရေးကြီးပါတယ်။ ဒီလို အစီရင်ခံစာမျိုး ထွက်လာစေဖို့ ကျနော်တို့အားလုံး မျှော်လင့် ထားတာပါ။ ကိစ္စရပ်တိုင်းကို ကော်မရှင်က လေ့လာတင်ပြထားပါတယ်"
“အကျဉ်းသား ၉၃ ဦး လွတ်လာတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော် ပါဝင်ပါတယ်။ အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုသလို၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း အားပေး တိုက်တွန်း လိုပါတယ်။”
“လတ်တလော ကာလမှာဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့်ပေါ့နော် ဒါတွေက ဘာကိုပြနေလဲဆိုရင် ယုံကြည်မှုက သိပ်မရှိသေးဘူးပေ့ါ။ မဖြစ်ထွန်းသေးဘူးဆိုတာ ပြနေတဲ့အတွက် ဘယ်လိုများ ရေရှည်မှာ ယုံကြည်မှု တည်ဆောက်နိုင်ဖု့ိအတွက်ကို ဘယ်လို ပါဝင်ဆောင်ရွက်နိုင်ကြမလဲ”
"မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ပိုပြီး ဆောင်ရွက်နိုင်ဖို့၊ ကတိအတိုင်း ပဲ ဖြစ်ပေါ်လာဖို့ ကျနော်တို့အနေနဲ့ အစဉ်တစိုက် တွန်းအားပေး ဆောင်ရွက် သွားမှာပါ။ သမ္မတ အိုဘားမား သွားတုန်းကလည်း ဒီ ရည်ရွယ်ချက်ပါပဲ"
"မြန်မာနိုင်ငံတွင်းမှာ ဆောင်ရွက်နေတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါတယ်"
"ပေးရမယ်ဆိုရင်တော့ ပြည်သူပြည်သားတွေကို လွတ်လွတ်လပ်လပ် မစဉ်းစားစေချင်တဲ့ စနစ်ကြောင့်ဖြစ်တာလု့ိ ဒီလိုပဲ ကျမ ထင်ပါတယ်"
"အဓိကကတော့ အတွင်းထဲမှာဖြစ်နေတဲ့ သူတို့ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိစ္စတွေ၊ နောက်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အပြောင်းအလဲ အခြေအနေတွေ၊ နောက်ပြီးတော့ လူမှုရေးနဲ့ စီးပွားရေး ပြောင်းလဲ မှုတွေ၊ အထူးသဖြင့်တော့ တိုင်းရင်းသားရေးရာ အခြေအနေတွေပေါ့နော်"
"အသွင်ကူးပြောင်းရေးဆိုတာ ရေရှည်သွားရတဲ့ လုပ်ငန်းစဉ်ပါ။ အောင်မြင်မှု ရှိ မရှိဆိုတာကိုတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ တိုင်းတာရပါလိမ့်မယ်"
"အစိုးရအနေနဲ့ စီးပွားရေးကို ဘယ်လို စီမံခန့်ခွဲမလဲ၊ သဘာ၀ အရင်းအမြစ်တွေ ထုတ်လုပ်တင်ပို့မှုကို ဘယ်လို ထိန်းချုပ်မလဲ။ ဒါတွေကို မြန်မာလူထု အကျိုးစီးပွားအတွက် ပွင့်လင်း မြင်သာမှုရှိရှိ ဆောင်ရွက်ဖို့ လိုပါတယ်"
"ဒီကိစ္စဟာ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာ တက်နေတဲ့ ပြဿနာ မဟုတ်ဘူး။ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာရှိတဲ့ အချစ်တရားကို ဖျက်စီးဖို့အတွက် ဒါ Politics လို့ပဲ မြင်ပါတယ်"
"လှေကားနားက မီးအားမြှင့်စက်ကနေ စပြီးတော့ လောင်တာ။ လှေကားပေါက်ကို ပိတ်နေပြီးတော့မှ ကလေးတွေက ဆင်းပြေးလို့ မရဘဲနဲ့ အဲ့ဒီမှာ ပိတ်မိပြီးတော့ သေ ဆုံးရတာပါ"
နောက်ထပ်ကြည့်ရှုရန်