လက်နက် ပစ်ခတ်ခံရတဲ့ ခရစ်ယာန်ကျောင်းအတွင်းမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ သံတွဲမြို့ကနေ ထွက်ပြေးလာသူတွေပါဝင်သလို လက်နက်ကြီးကြောင့် သေဆုံးသူအများစုဟာ ချင်းလူမျိုးတွေဖြစ်တယ်လို့ ပြောပါတယ်။ ကျိန္တလီမြို့အနီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံက ထောက်ခံပံ့ပိုးသွားမယ့်အကြောင်းနဲ့ ဒေသတွင်း အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာ့အရေး အဖြေရှာနိုင်အောင် ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီ အခက်အခဲ ဆိုးရွားနေပြီး လက်ရှိ ကျောင်းဖယ်ရီကားတချို့ ရပ်နားထားရသလို၊ ခရီးသည်ပို့ဆောင်ပေးနေတဲ့ အငှားယာဉ်ငယ်တချို့လည်း ရပ်ထားရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ဗွီအိုအေကိုပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနအကြံပေး Tom Sullivan, အမေရိကန်အစိုးရ နိုင်ငံတကာကူညီထောက်ပံ့ရေးဌာန လက်ထောက် စီမံခန့်ခွဲရေးမှူး Michael Schiffer တို့ဟာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ တိုင်းရင်းသားအဖွဲ့တချို့ ခေါင်းဆောင်တွေအပါအဝင် မြန်မာနိုင်ငံအပြောင်းအလဲအတွက် ကြိုးပမ်းနေကြသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ပါတယ်။
ရခိုင်သတင်းထောက် ကိုမြတ်ဟိန်းထွန်းကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေနဲ့ စစ်ခုံရုံးတင် စစ်ဆေးနေတယ်ဆိုတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်းနဲ့ သတင်းသမားတွေကို မတရားဖမ်းဆီးနေတဲ့ စစ်ကောင်စီလုပ်ရပ်ကို လွတ်လပ်တဲ့သတင်းမီဒီယာကောင်စီ (IPCM) က ရှုတ်ချလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra (သက်ဆင် ရှင်နာဝတ်) ရဲ့ သမီး Paetongtarn Shinawatra (ပေထုံတန် ရှင်နာဝတ်) ကို ဝန်ကြီးချုပ်သစ်အဖြစ် ထိုင်းလွှတ်တော်က ဒီနေ့ သောကြာနေ့မှာ ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။
ကချင်ပြည်နယ် ကျောက်စိမ်းမြေ ဖားကန့်မြို့ကို ကချင် KIA က ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း မြို့ကိုကာကွယ်ပေးထားတဲ့ စစ်ကောင်စီ တပ်စခန်း ၂ ခုလုံးကို သိမ်းယူနိုင်ခဲ့ပြီလို့ KIA က ဗွီအိုအေကိုပြောပါတယ်။
အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းတခုဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါး (Tottenham Hotspur) အသင်းရဲ့ ဘောလုံးကွင်းမှာဖွင့်ထားတဲ့ အနုပညာနဲ့ ဘောလုံးပြခန်း OOF မှာ ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီ (Lionel Messi) ကိုဂုဏ်ပြုပြီး ရွှေနဲ့ တစိတ်တပိုင်း ယက်ထားတဲ့ ဘောလုံးအင်္ကျီကို အဓိကထားပြသထားပါတယ်။
ဘင်္ဂလာဒေ့ရှ် နိုင်ငံမှာ ရာနဲ့ချီတဲ့ ကျောင်းသားဆန္ဒပြသူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေဟာ ဖြုတ်အချခံရတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ထောက်ခံသူတွေကို ဝါးရင်းတုတ်တွေ၊ သံပိုက်လုံးတွေနဲ့ရိုက်နှက်ပြီး သူမ ဖခင်လွတ်လပ်ရေး ခေါင်းဆောင် ရှိတ်မူဂျီဘာ ရာမန်ရဲ့ နေအိမ်ဟောင်းဆီ မသွားနိုင်အောင် တားဆီးခဲ့ကြပါတယ်။
ရုရှားပိုင်နက်ထဲဝင်ရောက်တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေဟာ ရုရှားပိုင် Kursk ဒေသက အကြီးဆုံးမြို့ဖြစ်တဲ့ Sudzha မြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီလို့ ယူ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူ့ရဲ့ X လူမှုမီဒီယာ အကောင့်မှာ ကြာသပတေးနေ့က ရေးတင်ထားပါတယ်။
Qatar နိုင်ငံ ဒိုဟာမှာ ထိပ်တန်းအမေရိကန်အရာရှိတွေ ပါဝင်တဲ့ ဂါဇာအပစ်ရပ်ဆွေးနွေးပွဲတွေ အလားအလာသိပ်ကောင်းပြီး လုပ်စရာတွေအများအပြားကျန်နေသေးပေမယ့် သဘောတူညီချက်တော့ ချက်ချင်းရနိုင်ဖွယ်မရှိဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရ John Kirby က ကြာသပတေးနေ့မှာ ပြောပါတယ်။
"မြင်းခြံမြို့မှာလည်း အစိုးရလည်ပတ်မှုမရှိဘူး။ မြင်းခြံ မြန်မာ့စီးပွားရေးဘဏ်ကလည်း ညောင်ဦးကိုပြောင်းသွားတယ်။ ကျန်တဲ့ဝန်ထမ်းတွေ ကလည်း သံမဏိစက်ရုံမှာ ခိုလှုံနေကြတယ်။ လုံခြုံရေးက မနေ့က ညောင်ဦးဘက်ကနေ ကား ၅ စီး၊ ကျောက်ပန်းတောင်းဘက်က ကား ၁၀ စီး လုံခြုံရေးတွေ တိုးမြှင့်ထားတယ်။" (ဒေသခံ)
"စျေးတန်းရဲ့ လုံးဝစည်ကားတဲ့နေရာမှာ လမ်းပေါ်တည့်တည့်ကျတာဗျ။ စျေးဝယ်တွေရယ်၊ စျေးသည်တွေရယ်၊ အကုန်ထိကုန်တာပေါ့နော်။ ပြီးတော့ မအူဂိတ်ကနေပြီးတော့ နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ ၁၂၀ မမနဲ့ ပစ်တာက လယ်တော်ရွာဘက်ကိုကျပြီး ပြည်သူ ၂ ဦး၊ ခိုင်းနွား ၁ ကောင် သေသွားတယ်ဗျ။" (မုံရွာ-အမြင့်လမ်းတာဝန်ရှိသူ)
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းက Wisconsin ပြည်နယ်ဟာ သမ္မတရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ ပြည်နယ် ၃ ခုထဲက တခုဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးမှုတွေ တိုးလာနဲ့အမျှ ဒီပြည်နယ်မှာ ဘယ်လို အချက်တွေက မဲဆန္ဒရှင်တွေကို မဲပေးဖို့ တက်ကြွစေသလဲဆိုတာ Kane Farabaugh သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ရုရှားနိုင်ငံ Kursk ဒေသကို ယူကရိန်းတပ်တွေ ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဒီဒေသက လူ ၂ သောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ရုရှားအာဏာပိုင်တွေက မနေ့ ဗုဒ္ဓဟူးနေ့တုန်းက ကြေညာခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ သမီး Paetongtarn Shinawatra ကိုဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ အာဏာရညွန့်ပေါင်းပါတီတွေ ရွေးချယ်လိုက်ပါတယ်။
မြန်မာနိုင်ငံအပေါ် ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနဲ့ ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးမှာ တရုတ်က ဆက်လက်ကူညီဖို့ မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ မောင်တောမြို့နယ်ထဲမှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ဒေသခံအများအပြားကို AA ကကယ်ထုတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ AA ဘက်ကထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံကမ်းရိုးတမ်းဒေသမှာ ငလျင်ကြီး လှုပ်ခတ်နိုင်တဲ့ အန္တရာယ်သတိပေးချက်ကို ပြန်လည်ဖယ်ရှားပေးလိုက်ပါပြီ။ ဒေသခံပြည်သူတွေအနေနဲ့ နေရပ်ပြန်သွားနိုင်ပြီး ပုံမှန်အတိုင်း ပြန်လည်နေထိုင် သွားလာနိုင်ပြီလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးဝန်ကြီးက ဒီနေ့ကြာသပတေးနေ့မှာ ကြေညာပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့ကို အကာအကွယ်ယူထားတဲ့ လမောင်တပ်စခန်းကို KIA ကချင်တပ်တွေနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပါတယ်။ စစ်တပ်အတွက် အရေးပါတဲ့ လမောင်နဲ့ တောမှော်တပ်စခန်းတွေကို ဗုဒ္ဓဟူးနေ့ မနက်ထဲက KIA တပ်တွေ စတင်ခိုက်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်