ပြီးခဲ့တဲ့ ၂ဝ၂၁ ဇန်နဝါရီ ၆ နေ့က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့ကြတဲ့အဓိကရုန်းမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရုံးခန်းထဲဝင်၊ ထိုင်ခုံပေါ်ထိုင်ပြီး စားပွဲပေါ်ခြေထောက်တင် ဓါတ်ပုံရိုက်ခံခဲ့သူအမျိုးသားကို စွဲချက် ၈ ခုနဲ့ အပြစ်ရှိကြောင်း တရားရုံးကဆုံးဖြတ်လိုက်ပါတယ်။
မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းနေတဲ့ ဆွီဒင်နိုင်ငံအနေနဲ့ သူ့ရဲ့ထောက်ခံမှုရဖို့ မမျှော်လင့်နဲ့လို့ တူရကီသမ္မတ Recep Tayyip Erdogan က တနင်္လာနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ သမ္မတဦးဝင်းမြင့်ကိုထားဖို့ တောင်ငူထောင်ထဲမှာ သီးသန့်အဆောက်အဦးတစ်ခု ပြင်ဆင်တည်ဆောက်ထားတယ်လို့လည်း ပြောပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen နဲ့တရုတ်ဒုဝန်ကြီးချုပ် Liu He တို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ တွေ့ဆုံကာ ရာသီဥတုထိန်းသိမ်းရေးစရိတ် ဘဏ္ဍာငွေကြေးပြဿနာကို အတူဖြေရှင်းဖို့ကတိပြုခဲ့ကြပြီး စီးပွားရေးအင်အားကြီး ၂ နိုင်ငံကြား ပွင့်လင်းတဲ့ ဆက်ဆံရေးလမ်းကြောင်း ဆက်ဖွင့်ထားဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစစ်တပ်အတွက်စစ်လက်နက် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုနိုင်မယ့်အရာတွေကို လွှဲပြောင်းပေးအပ်တာမျိုး စင်္ကာပူနိုင်ငံကခွင့်ပြုတာမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
စီးပွားရေးထိုးကျနေတဲ့မြန်မာနိုင်ငံမှာ စစ်တပ်ကနောက်ဆုတ်ပေးပြီး အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေကို ဦးဆောင်ခွင့်ပေးဖို့ မြန်မာစစ်တပ်က့စဉ်စားသင့်တယ်လို့ အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ ဝန်ကြီး Luhut Panjaitan က ကမ္ဘာ့စီးပွားရေးညီလာခံမှာ ဗုဒ္ဓဟူးနေ့က ထည့်သွင်းပြောကြားခဲ့ပါတယ်။
စစ်တပ်ကအာဏာသိမ်းယူမှု နှစ်နှစ်ပြည့်မတိုင်ခင် အခုလအကုန်ပိုင်းမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူမယ်လို့သိရပါတယ်။ ဒီလို ကာလုံ အစည်းအဝေးခေါ်ယူပြီးမှသာ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်တွေကို ထုတ်ပြန်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။
အလုပ်ကောင်းကောင်းတွေရမယ်ဆိုတဲ့ မက်လုံးပေးဆွဲဆောင်မှုတွေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ကြရပြီး အတင်းအကျပ်ခိုင်းစေခံနေရတဲ့ မလေးရှားနိုင်ငံသား နောက်ထပ် ၃ ဦးကို နေရပ် ပြန်ခေါ်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး မလေးရှားသတင်းတွေက အင်္ဂါနေ့မှာ ဖော်ပြကြပါတယ်။
တရုတ်နိုင်ငံမှာ Covid-19 ကပ်ဘေးရောဂါကို တင်းတင်းကြပ်ကြပ် တုံ့ပြန်ဆောင်ရွက်မှုအတွင်း နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုဟာ ဆယ်စုနှစ် ၄ ခုကျော်အတွင်း အဆိုးရွားဆုံးအဆင့်တခုကို ကျဆင်းသွားခဲ့ပါတယ်။
တိုင်းရင်းသားဒေသတွေကို မြန်မာစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာမှာ မြန်မာအိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိတို့လေပိုင်နက်ကိုအသုံးပြုခွင့်မပေးဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ပန်ကြားတောင်းဆိုလိုက်ပါတယ်။
ကမ္ဘာမှာ တန်းတူညီမျှမှုပိုရှိလာဖို့ဆိုရင် ၂၀၃၀ ပြည့်လွန်နှစ်အရောက်မှာ ဘီလျံနာသူဌေးအရေအတွက် တဝက်လောက် လျှော့ချပစ်သင့်တယ်လို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာပရဟိတအဖွဲ့ Oxfam ကပြောလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ Dnipro မြို့က တိုက်ခန်းတွဲတခုကို ရုရှားမစ်ဇိုင်းဒုံးထိမှန်ရာက သေဆုံးသူအနည်းဆုံး ၄ဝ အထိရှိနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြောင်း အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောပါတယ်။
အီတလီနိုင်ငံမှာအလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင် Matteo Messina Denaro ကို Palermo မြို့ပေါ်က ပုဂ္ဂိုလိကဆေးခန်းတခုမှာ ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း အီတလီသတင်းဌာန ANSA က တနင်္လာနေ့က ဖော်ပြလိုက်ပါတယ်။
ကိုဗစ်လုံးဝကင်းစင်ရေး Zero Covid မူဝါဒကို ပြီးခဲ့တဲ့လက စွန့်လွှတ်လိုက်ပြီးနောက် သေဆုံးသူတွေတိုးလာကာ ၆ သောင်းနီးပါးအထိရှိတယ်လို့ တရုတ်အစိုးရက စနေနေ့မှာပဲ အတည်ပြုထားပါတယ်။
နီပေါနိုင်ငံမှာပျက်ကျသွားတဲ့ ခရီးသည်တင်လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် black box နဲ့ လေယာဉ်မှူးအခန်းထဲက အသံမှတ်တမ်းတွေကို ရှာဖွေရေးအဖွဲ့တွေ တနင်္လာနေ့က တွေ့ခဲ့ပြီး လက်ရှိ လူ ၇၀ အလောင်းရှာတွေ့ထားပြီး ပျောက်ဆုံးနှစ်ဦးရှာဖွေနေဆဲ ဒီဖြစ်ရပ်ဟာ နီပေါနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးဖြစ်ခဲ့ပါတယ်။
ဩစတေးလျ၊ ပြင်သစ်၊ တရုတ်၊ စင်ကာပူ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမဏီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီယားနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီတချို့ဟာ စစ်ကောင်စီရဲ့ စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ပါဝင်ပတ်သက်နေကြတယ်လို့ SAC-M ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြတာပါ။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အလည်ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်ဖူမိယိုကီရှိဒ (Fumio Kishida) ကို သောကြာနေ့က သမ္မတအိမ်ဖြူတော်မှာကြိုဆိုဧည့်ခံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာစေရေးနဲ့ ဂျပန်နိုင်ငံရင်ဆိုင်နေရတဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဂျော်ဂျီယာ ပြည်နယ်မှာလည်း လေပြင်းမုန်တိုင်းကြောင့် လူတစ်ယောက် သေဆုံးပြီး လူတွေ သိန်းနဲ့ချီ လျှပ်စစ်မီးမရဘဲ ဖြစ်နေပါတယ်။ Selma မြို့ကနေ အရှေ့မြောက်ဘက် ၆၆ မိုင်အကွာ Autauga ခရိုင်တစ်ခုတည်းမှာတင် သေဆုံး ၆ ဦးထက်မနည်း ရှိပြီး အိမ်ခြေ ၄၀ လောက် ထိခိုက် ပျက်ဆီးခဲ့
ပေါ့ဆမှုနဲ့ လူသေစေမှု စွဲချက်တွေနဲ့ ရဲအရာရှိ တချို့ အပါအဝင် လူ ၂၃ ဦးကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က တရားစွဲဖို့ ပြင်ဆင်နေပါတယ်။
ရေဒီယိုဓါတ်သတ္တိတွေပျော်ဝင်နေတဲ့ ရေတွေကို လက်ခံနိုင်တဲ့ အဆင့်ဖြစ်အောင် ပြန်လည်သန့်စင်ပြီးရင် တန်ချိန် ၁ သန်းကျော်အထိ ဒီနှစ်ထဲမှာ စွန့်ထုတ်မှာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hirokazu Matsuno က ဒီနေ့ သောကြာနေ့မှာ ပြောလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်