မြန်မာနိုင်ငံအရေးကို အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံက ဝင်ရောက်ဖြေရှင်းရာမှာ စစ်ကောင်စီဘက်က အကြမ်းဖက် အဖွဲ့အစည်းနဲ့ မတရားသင်းအဖြစ် ကြေညာထားတဲ့ အဖွဲ့တွေကို ထိတွေ့ဆက်ဆံတာ မလုပ်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန် သတိပေးပါတယ်။
မနှစ်က နှစ်လယ်လောက်မှာ အမေရိကန်နိုင်ငံရဲ့ စားသောက်ကုန်ဈေးနှုန်းတွေဟာ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံး ရောက်သွားခဲ့ပြီးတဲ့နောက် ဈေးတွေပြန်ကျလာတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာဆို ၆ လဆက်တိုက်ရှိပြီလို့ အလုပ်စစ်တမ်း ကောက်ယူရေးဌာန BLS က ကြာသပတေးနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီ အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေနဲ့ ကြီးမားတဲ့လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ရင်ဆိုင်လာရတာကို ဥပမာကြည့်ပြီး အရေးပါတဲ့တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။
၂၀၂၂ ခုနှစ်ဟာ ယူကရိန်းကနေ တရုတ်နဲ့အာဖဂန်နစ္စတန်အထိ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှား လူ့အခွင့်ရေးအခြေအနေ အဆိုးဝါးဆုံးဖြစ်ခဲ့တယ်လို့ နယူးရောက်အခြေစိုက် လူ့အခွင့်ရေးအဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ကြာသပတေးနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
၂၀၁၈-၁၉ ခုနှစ်တွေမှာ မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေးဆောင်ရွက်ခဲ့သူ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်း Ri Yong-ho ကွပ်မျက်ခံရတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းထွက်နေပါတယ်။
န်သမ္မတ Joe Biden အရင် ဒုတိယသမ္မတတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂ဝ၁၇ ခုနှစ်က မော်ကွန်းတိုက်ကိုအပ်ရမယ့် လျှို့ဝှက်မှတ်တမ်းတွေကို Delaware ပြည်နယ်က ကိုယ်ပိုင်နေအိမ်မှာပဲ သိမ်းဆည်းခဲ့တာကို စုံစမ်းစစ်ဆေးဖို့ အထူးအရာရှိတဦးကို နိုင်ငံတော် ရှေ့နေချုပ် Merrick Garland က ကြာသပတေးနေ့က အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
အအေးဓာတ်တွေသယ်ဆောင်လာလေ့ရှိတဲ့ လာနီညာရာသီဥတုပုံစံရှိပေမဲ့လည်း ကမ္ဘာကြီးမှာ လွန်ခဲ့တဲ့ ၈ နှစ်ဟာ အပူဆုံးဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ဒုသမ္မတလက်ထက်က နိုင်ငံတော် မော်ကွန်းတိုက်ကို အပ်ရမယ့် လျှို့ဝှက်မှတ်တမ်း အထောက်အထား နောက်ထပ် အတွဲတတွဲ သူ့ရုံးခန်းဟောင်းနဲ့ မဆိုင်တဲ့ တခြား နေရာတခုကနေ သူ့ရဲ့ ကိုယ်ရေးအရာရှိတွေက ထပ်မံတွေ့ရှိခဲ့ပါတယ်။
ရုရှားတွေဘက်က ဆိုလီဒါမြို့ကို သိမ်းပိုက်နိုင်လိုက်ပြီလို့ ပြောပေမယ့်၊ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးကတော့ ဒီပြောကြားချက်ကို ဗုဒ္ဓဟူးနေ့က ငြင်းဆိုခဲ့ပါတယ်။ တကယ်သိမ်းယူနိုင်လိုက်တယ်ဆိုရင်တော့ ဒါဟာ အခုလပိုင်းတွေအတွင်း အကျအရှုံးတွေများနေတဲ့ ရုရှားတွေအတွက်တော့ သတင်းကောင်း တခုဖြစ်ပါလိမ့်မယ်။
HRW အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ စာမျက်နှာ ၇၀၀ ကျော်ပါ နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံစီးပွားရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာဖို့မျှော်လင့်ချက်ရဲ့ ပထမ ခြေလှမ်း အဖြစ် ဒီတံတားကို ဖွင့်လိုက်တာလည်းဖြစ်ပါတယ်။ ဒီတံတားဖွင့်ပွဲဟာ နှစ်နိုင်ငံရဲ့အရေးကြီးတဲ့အထိမ်းအမှတ်ဖြစ်သလို၊ အဲဒီကနေ နှစ်နိုင်ငံ ကုန်သွယ်ရေးအဆင့်တိုးမြှင့်ဆောင်ရွက်မယ်လို့ ...
တရုတ်မှာအခုဖြစ်နေတဲ့ ကိုဗစ်ကူးစက်မှု၊ သေဆုံးမှုတွေအပါအဝင် အချက်အလက်တွေကို ပြည့်ပြည့်စုံစုံပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဗုဒ္ဓဟူးနေ့မှာ ထပ်မံပြောလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော်မှာ အင်္ဂါနေ့က တရုတ်ရေးရာ အထူးကော်မတီတရပ်ဖွဲ့စည်းရေး ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၆၅ - ကန့်ကွက်မဲ ၆၅ မဲနဲ့ အတည်ပြုခဲ့ပြီး ရီပတ်ဘလစ်ကန်အမတ် Mike Gallagher ကို အဲဒီ တရုတ်ရေးရာကော်မတီရဲ့ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌသစ် Kevin McCarthy က တာဝန်ပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မကြာသေးခင်က မူးယစ်ဆေးဝါးအပါအဝင် ရာဇဝတ်မှုတွေနဲ့ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံရသူ မြန်မာလုပ်ငန်းရှင်ဟာ မြန်မာစစ်ကောင်စီခေါင်းဆောင်ရဲ့သားသမီးတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့သတင်းကို ထိုင်းနိုင်ငံကစုံစမ်းဖော်ထုတ်ဖို့ အာဆီယံ လူ့အခွင့်အရေးအမတ်များအဖွဲ့ APHR အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလထဲတုန်းက သတင်းသမား ၈ ယောက်ကို အာဏာသိမ်းစစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ်တွေချမှတ်ခဲ့ကြောင်းနဲ့ အခုလို တရားမဝင် ဖမ်းဆီးထောင်ချနေတာတွေကိုရပ်တန့်ပြီး သတင်းသမားတွေကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးဖို့ သတင်းသမားများကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ CPJ က ဗုဒ္ဓဟူးနေ့မှာကြေညာချက်တစောင် ထုတ်ပြန်ပြောပါတယ်။
တရုတ်ခရီးသွားတွေ ကိုဗစ်ပိုးစစ်ဆေးရမယ်ဆိုတဲ့ စည်းကမ်းထုတ်ပြန်ထားတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကို တရုတ်နိုင်ငံက ဆိုင်းငံ့လိုက်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ အသားတင်ထုတ်လုပ်မှု GDP ဖွံ့ဖြိုးမှု ၁.၇ ရာခိုင်နှုန်းသာ ရှိမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းလိုက်ပြီး ဒီ ပမာဏဟာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၂၀ စီးပွားကျမှုကအပ ဆယ် စုနှစ်သုံးခုအတွင်း ဖွံ့ဖြိုမှု အနှေးကွေးဆုံးလည်း ဖြစ်ပါတယ်။
ဟောင်ကောင်ကနေတင်ပို့လာတဲ့ ချည်ထည်ကော်ဇောထဲမှာလိပ်ပြီးထည့်လာတဲ့ crystal methamphetamine စိတ်ကြွဆေးပြား ၅၁ ကီလိုဂရမ် ဖမ်းဆီးရမိကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးက ပြောပါတယ်။
အစိုးရဆန့်ကျင်သူတွေကို အီရန်အစိုးရက သေဒဏ်စီရင်မှုတွေဟာဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကိုချိုးဖောက်မှုဖြစ်ပြီး အစိုးရကိုယ်တိုင် ကမကထလုပ် အားပေးတဲ့သတ်ဖြတ်မှုမြောက်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးက ပြောလိုက်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာ မုန်တိုင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မှာ တနင်္လာနေ့ ဇန်နဝါရီ ၉ ရက်၊ ၂၀၂၃ ထိ သေဆုံးသူ ၁၂ ဦးရှိသွားပါပြီ။ ရေကြီးမြေပြိုမှုအန္တရာယ်ကြောင့် မွန်တက်စီဒိုတမြို့လုံးနဲ့ အနားက ဆန်တာဘာဘရာ ကမ်းရိုးတန်းတလျှောက် ပတ်ဝန်းကျင် အပါအဝင် လူပေါင်း ၂ သောင်းခွဲလောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရပါတယ်။
နောက်ထပ်ကြည့်ရှုရန်