ကာတာနိုင်ငံမှာ စနေနေ့ကကျင်းပတဲ့ ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ ခရိုအေးအသင်းက မော်ရိုကိုအသင်းကို (၂ ဂိုး- ၁ ဂိုး)နဲ့ အနိုင်ရသွားပါတယ်။ ပွဲစပြီး(၇)မိနစ်အကြာမှာပဲ ခရိုအေးရှားအသင်း ပထမဂိုးကို Josko Gvardiol က ခေါင်းတိုက်သွင်းခဲ့ပြီး မော်ရိုကိုအသင်းတွက် ချေပဂိုးကို Achraf Dari က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ကုန်ပစ္စည်း လက်လီအရောင်းဆိုင်တွေရဲ့ ရောင်းအား မျှော်လင့်ထားတာထက် အများကြီး ကျသွားပါတယ်။
မလေးရှားနိုင်ငံ ကွာလ္လာမ်ပူမြို့ပြင်မှာရှိတဲ့ ညအိပ်စတည်းချခရီးထွက်သူတွေကြား ရေပန်းစားတဲ့နေရာမှာ ဒီနေ့ သောကြာနေ့မနက်က ရုတ်တရက် မြေပြိုကျခဲ့တဲ့အတွက် ၁၆ ယောက်သေဆုံးပြီး ၂၀ လောက်ပျောက်ဆုံးနေတယ်လို့ မလေးရှားတာဝန်ရှိသူတွေကပြောပါတယ်။
အမေရိကန်ဆိုင်ရာ VOA သတင်းထောက်ချုပ် Steve Herman ပါဝင်တဲ့ CNN၊ Washington Post စတဲ့သတင်းဌာနကြီးတွေက ထင်ရှားတဲ့သတင်းထောက်တွေအပါအဝင် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သတင်းထောက်တွေရဲ့ Twitter အကောင့်စာမျက်နှာတွေကို Twitter ကကြာသပတေးနေ့က ပိတ်လိုက်ပါတယ်။
လူသားချင်းစာနာမှု အကျပ်အတည်းဖြေရှင်းရေး၊ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အဓမ္မရွှေ့ပြောင်းခံရသူတွေ ဘေးကင်းပြီး သိက္ခာရှိရှိပြန်နိုင်မှု ရေရှည်တည်တံ့ရေးတို့အတွက် အကြံပြုဆောင်ရွက်ချက်တွေ လုံခြုံရေးကောင်စီက ဆက်လုပ်ဖို့ တောင်းဆိုတဲ့ မြန်မာဆိုင်ရာ ဆုံးဖြတ်ချက်တခုကို ကုလအထွေထွေညီလာခံက ဒီဇင်ဘာ ၁၅ ရက်က ချမှတ်ခဲ့ပါတယ်။
Burma Unified Through Rigorous Military Accountability Act of 2022 လို့ နာမည်ပေးထားတဲ့ ဥပဒေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့ကူညီဖို့နဲ့ မြန်မာစစ်တပ်ကို ပိုပြီးထိရောက်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေချမှတ်ရေး အဓိကရည်ရွယ်တဲ့ဥပဒေဖြစ်ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ အာဆီယံဒေသတွင်းက စီမံကိန်းတွေမှာ ယူရို ၁၀ ဘီလျံရင်းနှီးမြှုပ်နှံသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက Ursula von der Leyen က မနေ့က EU အာဆီယံ ပူးတွဲထိပ်သီးအစည်းအဝေးအတွင်း ကတိပြုလိုက်ပါတယ်။
အိန္ဒိယ-မဏိပူဒေသနဲ့ မြန်မာနိုင်ငံကြား နှစ်နိုင်ငံနယ်စပ်မှတ်တိုင်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်နေတာကို အိန္ဒိယဗဟိုအစိုးရက ပါဝင်ဖြေရှင်းပေးဖို့ မဏိပူရ လွှတ်တော်အမတ် Sanajaoba က လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
NLD အစိုးရလက်ထက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် စွဲချက်နှစ်ခုနဲ့ စစ်ကောင်စီတရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံရဲ့ကြိုးပမ်းဆောင်ရွက်မှုကို EU ဥရောပသမဂ္ဂအနေနဲ့ ဆက်လက် အားပေးထောက်ခံသွားမယ်လို့ မနေ့ကပြုလုပ်ခဲ့တဲ့ EU အာဆီယံထိပ်သီးအစည်းအဝေးမှာ EU တာဝန်ရှိသူတွေကပြောလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အနှံ့ ပိုမိုဆိုးဝါးလာတဲ့ ဘာသာရေး အခွင့်အရေးချိုးဖောက်မှုတွေ၊ ဘာသာရေးလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ဘာသာရေး လွတ်လပ်မှုကော်မရှင် USCIRF ကမနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် စွဲချက်နှစ်ခုနဲ့ စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ချမှတ်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု လုံးဝပပျောက်ရေး "zero-COVID" မူဝါဒနဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကို ဖျက်သိမ်းဖို့ တရုတ်အစိုးရ မဆုံးဖြတ်ခင်ကတည်းက ကိုဗစ် ၁၉ ကူးစက်မှုတွေ တိုးလာနေတာဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အခြေနေဆိုင်ရာ အကြီးအကဲ Mike Ryan ကပြောလိုက်ပါတယ်။
ဥရောပပါလီမန်က ချီးမြှင့်တဲ့ ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ရုရှားရဲ့ကျုးကျော်မှုမှာ ရဲရဲရင့်ရင့် ရင်ဆိုင်နေကြတဲ့ သူတွေအဖြစ် ယူကရိန်းပြည်သူတွေကို ပေးအပ်လိုက်ပါတယ်။ ကိုယ်စားလှယ်တွေက ဗုဒ္ဓဟူးနေ့ အခမ်းအနားမှာ တက်ရောက် လက်ခံ ယူခဲ့ကြပါတယ်။ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၅၃,၀၀၀)ကျော် ရရှိမှာဖြစ်ပါတယ်။
ပြင်သစ်အသင်းက မော်ရိုကို အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါပြီ။ ပွဲစပြီး ၄ မိနစ်ကျော်မှာ ပြင်သစ်အသင်း ကွင်းလယ်လူ Griezmann တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး Mbappé က ကန်သွင်းပေမဲ့ မဝင်ပဲ ပြန်အန်ထွက်လာတာကို Hernandez က ကန်သွင်း လိုက်ရာက ပြင်သစ်အတွက် ပထမဂိုး စ ရသွားပါတယ်။
ရုရှားစစ်တပ်အတွက် အမေရိကန်ရဲ့အရေးပါတဲ့နည်းပညာတချို့နဲ့ စစ်လက်နက်ပစ္စည်းတချို့ကို တရားမဝင်ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် ၂ ယောက်နဲ့ ရုရှား ၅ ယောက်ကို အမေရိကန်အစိုးရရှေ့နေတွေက တရားစွဲလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လိင်တမူကွဲဘဝကို နေထိုင်ကြသူများ၊ လူမျိုးကွဲ လက်ထပ်ထိမ်းမြားခွင့်ကိုကာကွယ်တဲ့သမိုင်းဝင်ဥပဒေကို သမ္မတ Joe Biden အင်္ဂါနေ့က လက်မှတ်ထိုး အတည်ပြုလိုက်တဲ့ဥပဒေဟာ- “လက်ထပ်တယ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးကြားမှာသာဖြစ်တယ်” ဆိုတဲ့ ၁၉၉၆ ခုနှစ် ဥပဒေသတ်မှတ်ချက်ကို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
EU-ASEAN ပထမဆုံးထိပ်သီးဆွေးနွေးပွဲကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ စတင်ကျင်းပနေပြီး အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင်တွေကို ဖိတ်ကြားခြင်းမရှိတဲ့အတွက် အာဆီယံ ၉ နိုင်ငံနဲ့ EU ၂၇ နိုင်ငံက ခေါင်းဆောင်တွေ ဆွေးနွေးနေကြတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR အဖွဲ့တို့ ပူးပေါင်းပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်ရေး အစီအစဉ်ကို စတင်လိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။
မြန်မာ့ပြဿနာဟာ ၅ နှစ်လောက်ကြာနိုင်ပြီး ခပ်မြန်မြန်ပြီးဆုံးသွားဖို့လမ်းစမမြင်ကြောင်းနဲ့ တစုံတယောက်က ဖြေရှင်းနိုင်တဲ့နည်းလမ်းရှိတယ်ဆိုရင် ကိုယ်တိုင်သွားလုပ်စေလိုကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟွန်ဆန်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာရောက်ချိန်မှာ ပြောသွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်