ရုရှားက တိုက်ခိုက်နေတာကိုခံနိုင်အောင် ယူကရိန်းကို အကူအညီပေးမယ့် နိုင်ငံတကာအလှူရှင်တွေရဲ့ ညီလာခံတရပ်ကို ပြင်သစ်က ဒီနေ့အင်္ဂါနေ့မှာ စတင် ကျင်းပနေတာမှာ အစိုးရကိုယ်စားလှယ်တွေ၊ ကုမ္ပဏီတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေ တက်ရောက်ကြပါတယ်။
အမည်မဖော်တဲ့ မြန်မာနိုင်ငံက ဒါရိုက်တာ ၁၀ ဦး ပေါင်းစပ်ဖန်တီးထားတဲ့ ‘Myanmar Diaries’ မှတ်တမ်းရုပ်ရှင်ကို ကမ္ဘာတဝှမ်း မှတ်တမ်းရုပ်ရှင်တွေရဲ့မူပိုင်ခွင့်ထိန်းသိမ်းပြီး မြောက်အမေရိကတိုက်အတွင်း ထောင်နဲ့ချီတဲ့ရုပ်ရှင်တွေ ဖြန်ဝေခွင့်ထားတဲ့ Icarus Films ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ဖြန့်ဝေဖို့ ရွေးလိုက်ပါတယ်။
ကနေဒါရဲ့ ပိတ်ဆို့အရေးယူစာရင်းမှာ ကုမ္ပဏီ ၃ ခုနဲ့ ဝန်ကြီးအဖွဲ့ဝင် လူပုဂ္ဂိုလ် ၁၂ ဦးထဲ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းအမည်က ထိပ်ဆုံးကပါဝင်ပြီး စီးပွါးရေးလုပ်ငန်း ၃ ခုကတော့ Dynasty International Company Limited ၊ International Gateways Group နဲ့ Asia Sun Group တို့ ဖြစ်ကြပါတယ်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးကဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၁၁၄ ယောက်ကို မလေးရှားကနေ မြန်မာနိုင်ငံကိုပြန်ပို့မယ့်ကိစ္စ ဆိုင်းငံ့ထားတာကို တရားရုံးကဒီကနေ့ အင်္ဂါနေ့မှာ ရုပ်သိမ်းလိုက်တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက သူတို့ရဲ့လုံခြုံရေးစိုးရိမ်ပူပန်တဲ့အတွက်ကန့်ကွက်ကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးမြို့က တည်းခိုခန်းတခုတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်ဒါဏ်ရာရသူတွေထဲမှာ တရုတ် နိုင်ငံသား ၅ ဦးပါဝင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာပြောရေးဆိုခွင့်ရှိသူ Wang Wenbin က အင်္ဂါနေ့ သတင်း စာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။
ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးဝန်ကြီးတွေက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေချပြီး ယူကရိန်းစစ်တပ်အတွက် ပိုပြီး ငွေကြေးအကူအညီပေးဖို့ ဒီနေ့ တနင်္လာနေ့ အစည်းအဝေးမှာ စဉ်းစားနေကြပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုရင် မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထိရောက်မှုအားနည်းအောင် လုပ်လိုက်သလို ဖြစ်သွားနိုင်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတိပေးလိုက်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရုရှားယူကရိန်းစစ်ပွဲအပါဝင် တရုတ်၊ မြန်မာ၊ ဟေတီ၊ မက္ကဆီကိုနိုင်ငံတွေကအခြေအတွေကြောင့် အသတ်ခံရတဲ့ သတင်းသမားနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ သတင်းသမား တိုးလာခဲ့တယ်လို့ နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် IFJ က ၂၀၂၂ ခုနှစ်နှစ်ချုပ်အစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။ ၂၀၂၂ အသတ်ခံရတဲ့ သတင်းသမား ၆၇ ဦးရှိ/
ဆော်ဒီအာရေဗျကိုရောက်ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ သောကြာနေ့မှာပဲ အာရပ်နိုင်ငံခေါင်းဆောင်တွေနဲ့ ထိပ်သီးစည်းဝေးပွဲတရပ်ကျင်းပခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ တပ်မ (၃၃) နဲ့ (၉၉) ခြေမြန်တပ်မတွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ယူကေအစိုးရက ဒီကနေ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မီးမောင်းထိုးပြပြီး မြန်မာစစ်တပ်ကိုထိရောက်တဲ့ အရေးယူမှုတွေချမှတ်ဖို့ ယူကေအစိုးရကိုတောင်းဆိုတဲ့အနေနဲ့ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ကိုဂျင်မီရဲ့ပုံကို ပါလီမန် အဆောက်အဦးနံရံနဲ့ လန်ဒန်မြို့လယ်က Marble Arch မုဂ်ဦးကြီးမှာ မနေ့ညက စလိုက်မီးတွေနဲ့ ထိုးပြခဲ့ပါတယ်။
“အဆင့်မြင့်တိုက်လေယာဉ်နည်းပညာတွေရှိတဲ့ နိုင်ငံတချို့ထဲမှာ ဗြိတိန်ပါပါတယ်။ ဒီတိုက်လေ ယာဉ်တွေကြောင့် ဗြိတိန်နိုင်ငံက ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုသစ်တွေကနေ ကင်းဝေးစေမှာပါ။ ဗြိတိန်စီးပွါးရေးလုပ်ငန်းတွေမှာ ဒေါ်လာဘီလီယံနဲ့ချီ ဝင်လာမယ့်အပြင် အလုပ်အကိုင်သစ်ထောင်နဲ့ချီ ပေါ်ပေါက်လာမှာပါ” (ဝန်ကြီးချုပ် Sunak )
ဂျပန်၊ ဗြိတိန်နဲ့ အီတလီနိုင်ငံတို့ကြား နောက်ဆုံးပေါ် အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ ပူးပေါင်းတည်ဆောက်ဖို့သဘောတူညီလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak ကပြောကြားလိုက်ပြီးတဲ့နောက် RAF Coningsby ရှိရာကို ဝန်ကြီးချုပ် ဆူးနက် သွားရောက်ခဲ့ပါတယ်။
ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်အပေါ် စွဲချက်တင် ထားတဲ့ထဲက နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်မှုအတွက် ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချလိုက်တာကြောင့် ဦးစည်သူအောင်မြင့်ဟာ အခုဆို ၃ မှုလုံးအတွက် စုစုပေါင်းချခံရတဲ့ ထောင်ဒဏ် ၁၂ နှစ်ဖြစ်သွားပါတယ်။
ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အကြီးအကဲ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အပေါ် အမေရိကန်က ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က တွီတာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲဘောလုံး ကွာတာဖိုင်နယ်ပွဲတွေ ဒီနေ့ မကြာခင်အချိန်မှာ စတင်တော့မှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ Brazil အသင်းနဲ့ Croatia အသင်းတို့ ကန်ကြမှာဖြစ်ပါတယ်။
ရိုဟင်ဂျာအဖွဲ့တွေရဲ့ပြောပြချက်အရ ဘင်္ဂလားဒေ့ရှ်က ထွက်လာဲ့ စက်လှေ ၃ စီးရှိပြီး ၂၀၀ ကျော်ပါတဲ့လှေက ထိုင်းနိုင်ငံရေပိုင်နက်၊ ဖူးခက်ကမ်းခြေနားမှာ စက်ပျက်ပြီး မျောနေကြောင်း၊ ဒုတိယတစီးကိုတော့ မြန်မာရေတပ်က ကယ်တင်ခဲ့ပြီး တတိယတစီးကတော့ ဘယ်ရောက်နေမှန်းမသိဘဲ ပျောက်နေပါတယ်။
အီရန်နိုင်ငံမှာ လတ်တလော ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံရသူတွေထဲက ပထမဆုံးတဦးကို ကွပ်မျက်လိုက်ပြီလို့ အစိုးရက ပြောပါတယ်။
ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသား Mohammed bin Salman က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို Riyadh မြို့မှာရှိတဲ့ Al-Yamamah နန်းတော်မှာ ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခဲ့ပါတယ်။
မကြာခင်တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် အမေရိကန်သံအမတ်ကြီး Thomas Vajda နေရာမှာ အစားထိုးဖို့ နောက်ထပ်သံအမတ်သစ် မပို့တော့ဘဲ ယာယီသံရုံးတာဝန်ခံအဆင့်ပဲထားတော့မယ်လို့ အမေရိကန် သံရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
နောက်ထပ်ကြည့်ရှုရန်