ဥရောပသမဂ္ဂ EU က လူသားချင်းစာနာမှု အကူအညီအဖြစ် မြန်မာနိုင်ငံကို ယူရိုငွေ(၆သန်းခွဲ) ပေးအပ်လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ(၁၅)သန်းလောက်ဟာ စားနပ်ရိက္ခာ ပြတ်လပ်နေတာ ဒါမှမဟုတ် အသင့်အတင့် မလုံမလောက် ဖြစ်နေတာကြောင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတဆင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ASEAN ဥက္ကဌရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က မြန်မာနိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာဘက်က အကျဉ်းသားအများအပြား လွှတ်ပေးပြီးနောက်မှာ မြန်မာပြည်သွားဖို့ စီစဉ်ထားပေမဲ့ ထူးခြားတဲ့ရလဒ် ထွက်လာဖို့ မရှိတာကြောင့် ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ဆိုပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အကြီးအကဲ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ် ဆွမ်ကို စစ်ကောင်စီက တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ KBC က ပြောပါတယ်။ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် နယ်လုံဝန်ကြီးက အစိုးရရုံးမှာ KBC ခေါင်းဆောင်တွေကို့ခေါ်တွေ့ပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွမ်ကို ဖမ်းထားတယ်လို့ အသိပေးခဲ့တာပါ။
တရုတ်နိုင်ငံမှာ တင်းကြပ်ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို ဗုဒ္ဓဟူးနေ့မှာ တနိုင်ငံလုံး ဖြေလျှော့ပေးလိုက်ပါတယ်။
မြန်မာဆိုင်ရာ အာဆီယံ အထူးသံတမန် Prak Sokhonn မြန်မာနိုင်ငံကိုတတိယအကြိမ်သွားမယ့်ခရီးစဉ်ကနေရလာဒ်ကောင်းထွက်မယ့်အလားအလာ အချိန်ကြောင့်ပါ ခရီးစဉ်ဖျက်လိုက်ကြောင်း Cambodia နိုင်ငံခြားရေးဌာနပြောခွင့်ရ Chum Sounry က VOA ခမာဌာနကို ပြောပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အိမ်ခြံမြေလုပ်ငန်း Trump Organization ကုမ္ပဏီအနေနဲ့ ၁၅ နှစ်တာ အခွန်မဆောင်ရအောင် လိမ်လည်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ New York ပြည်နယ်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ လက်နက်ကိုင် အာဏာသိမ်းဖို့ကြိုးစားတယ်လို့ သံသယရှိသူလက်ယာစွန်း ၂၅ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဂျာမနီနိုင်ငံတဝန်းမှာ ရဲတပ်ဖွဲ့ဝင် ထောင်ချီက စီးနင်းရှာဖွေမှုတွေလုပ်ပြီး လိုက်လံဖမ်းဆီးနေပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အထက်လွှတ်တော်အမတ်နေရာအတွက် ဂျော်ဂျီယာပြည်နယ်မှာ ဒုတိယအကျော့ရွေးကောက်ပွဲမှာ လက်ရှိ ဒီမိုကရက် အထက်လွှတ်တော်အမတ် Raphael Warnock က ပြိုင်ဘက် ရီပတ်ဘလီကန်ကိုယ်စားလှယ်လောင်း Hershel Walker ကို အနိုင်ရလိုက်ပါတယ်။
ကွယ်လွန်သူ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း (Jiang Zemin) ဟာ သစ္စာရှိတဲ့ မာက်စ်-လီနင်ဝါဒီဖြစ်ပြီး တရုတ်ပြည်စီးပွားရေး မြန်မြန်ဆန်ဆန်တက်လာအောင် ဦးဆောင်ခဲ့သူအဖြစ် အင်္ဂါနေ့ ဈာပနအခမ်းအနား မိန့်ခွန်းတွေမှာ အသိအမှတ်ပြု ချီးကျူးသွားကြပါတယ်။
ကျောင်းသားလူငယ် ၇ ဦး အပါအဝင် အကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီက မကြာသေးခင်က သေဒဏ်ချမှတ်အပြစ်ပေးခဲ့တာကို ပြန်လည် ရုပ်သိမ်းပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းတို့က တောင်းဆိုလိုက်ကြပါတယ်။
ဆူဒန်နိုင်ငံရဲ့ အာဏာရဗိုလ်ချုပ်ကြီးတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအဓိကအုပ်စုတို့ကြားမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ မူဘောင်သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ကြaပမဲ့ တချို့ သူပုန်အုပ်စုတွေနဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေအပါအဝင် သော့ချက်ကျတဲ့ အတိုက်အခံတွေကတော့ သပိတ်မှောက်လိုက်ကြပါတယ်။
မြောက်ကိုရီးယားက သူ့နိုင်ရဲ့ အရှေ့နဲ့အနောက်ဘက်က င်လယ်ပြင်ထဲ အမြောက်ကျည် ၁၃၀ ကျော်ကို ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က သူ့ရဲ့ Cabinet ဝန်ကြီးအဖွဲ့ကို ဒီနေ့ ကြေညာခဲ့တာမှာ ဘဏ္ဍာရေးဝန်ကြီးရာထူးကိုလည်း သူတာဝန်ယူမယ်လို့ ပြောကြားခဲ့ပါတယ်။
ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းက ရှုံးထွက်အဆင့်ကိုတက်သွားတဲ့အတွက် ဂျပန်ပရိသတ်တွေ အကြီးအကျယ် ဝမ်းသာနေကြပါတယ်။
ဝါရှင်တန်မြို့တော်မှာရောက်နေတဲ့ ပြင်သစ်သမ္မတနဲ့ ကြာသပတေးနေ့က တွေ့ဆုံအပြီးပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ သမ္မတ Biden က ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ စိတ်ဝင်စားမှုပြရင်တော့ NATO အဖွဲ့နဲ့တိုင်ပင်ပြီး ရုရှားသမ္မတ Putin နဲ့ သူဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာရောက်နေတဲ့ ပြင်သစ်သမ္မတ Emmanuel Macron ကို သမ္မတ Joe Biden က အိမ်ဖြူတော်မှာ နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံပြီး ၂ နိုင်ငံ တညီတညွတ်တည်း ရပ်တည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
FIFA ကမ္ဘာ့ဖလားပွဲတွေက ရရှိတဲ့ဆုကြေးငွေကို အမေရိကန်အမျိုးသမီးနဲ့ အမျိုးသားအသင်းတို့ ဆတူခွဲဝေယူဖို့ အမေရိကန် ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ တကျော့ပြန် ကိုဗစ်ကူးစက်မှုနှုန်း နေ့စဉ်စံချိန်တင်မြင့်တက်နေပေမဲ့ ကိုဗစ်တားမြစ်ချက်တွေအပေါ် ဆန္ဒပြမှုတွေရှိနေချိန်မှာပဲ မြို့တချို့မှာ Lockdown ကန့်သတ်ချက်တွေ ဖယ်ရှားပေးလိုက်သလို စီးပွါးရေးလုပ်ငန်းတချို့ကိုလည်း ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ထောင်ချခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell ကို Australia လွှတ်တော်မှာ အမတ်တွေ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
တရုတ်နိုင်ငံကို ကမ္ဘာမှာ စီးပွားရေးအင်အားကြီးနိုင်ငံတခုဖြစ်အောင်ဦးဆောင်ခဲ့သူ ၉ ၆ နှစ်အရွယ် သမ္မတဟောင်း Jiang Zemin သွေးကင်ဆာရောဂါအပြင် ခန္ဒာကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်မလုပ်တော့တာကြောင့် ဒီကနေ့ ရှန်ဟိုင်းမြို့မှာသေဆုံးခဲ့တယ်လို့ ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်