ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်တွင်း မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကျရောက်ခဲ့တာတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တနင်္ဂနွေနေ့က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာမှုအကူအညီပေးရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေအတွက် အောက်တိုဘာလ နောက်ဆုံးပတ်အထိ လိုအပ်ငွေပမာဏရဲ့ ၂၂ ရာခိုင်နှုန်းပဲ ရှိပြီး အမေရိကန်ဒေါ်လာ ၆၄၃ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆက်သွယ်ရေးရုံး UNOCHA ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံမှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တခြားရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို စစ်တပ်က မြန်မာနိုင်ငံတဝန်း ဆက်လုပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ အောက်တိုဘာ ၂၈ ရက် သောကြာနေ့က ပြောကြားခဲ့ပါတယ်။
“မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်ကထုတ်ဖို့ ဆွေးနွေးခဲ့တာမရှိပါဘူး။ ဆွေးနွေးမှုတွေအားလုံးက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးရဲ့အဆိုပြု ပြောဆိုမှုတွေအပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမှာပါ” (Sidharto R. Suryodipuro- အင်ဒိုနီးရှားနိုင်ငံခြားရေး၊ ASEAN ပူးပေါင်းဆောင်ရွက်မှု ညွှန်မှူး)
မြောက်ကိုရီးယားနိုင်ငံဟာ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်နှစ်စင်းကို အရှေ့ဘက်ပင်လယ်ပြင်ထဲကို ဒီကနေ့ နေ့လည်ပိုင်းက ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
မြန်မာနိုင်ငံအရေး အာဆီယံ ဘုံသေဘောတူညီချက်တွေဟာ လုပ်ငန်းစဉ်တရပ် သာဖြစ်ပြီး အချိန်ကန့်သတ်ချက်နဲ့ ဖိအားပေးအကျပ်ကိုင်တဲ့ ချဉ်းကပ်မှုတွေဟာ အကျိုးမရှိတဲ့အပြင် ဆိုးကျိုးဆီ ဦးတည်စေနိုင်ကြောင်း မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာရေးမှာ အကြီးအကျယ် စိတ်ရှည်သည်းခံဖို့နဲ့ လက်တွေ့ကျကျလုပ်ဆောင်ဖို့လိုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောပါတယ်။
မြန်မာ့နိုင်ငံအရေးအကျပ်အတည်း အဖြေရှာရေးမှာ အာဆီယံအဖွဲ့ကြား ဘုံသဘောတူညီချက် ၅ ရပ်က အရေးကြီးတယ်ဆိုတာ ဒေသတွင်းနိုင်ငံတွေ ထပ်လောင်း အခိုင်အမာ သဘောတူကြကြောင်း ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ အထူး စည်းဝေးပွဲအပြီးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကြေညာချက်ထုတ်ပြန်ပါတယ်။
ယူကရိန်းနိုင်ငံက လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ အခြေခံအဆောက်အဦးတွေ မနေ့ ဗုဒ္ဓဟူးနေ့ညမှာ ရုရှားတို့ရဲ့တိုက်ခိုက်ခြင်းခံခဲ့ရပြီးတဲ့နောက် တိုင်းပြည်အတွင်းက ဒေသအတော်များများမှာ လျှပ်စစ်ဓါတ်အားကို အကန့်အသတ်နဲ့ ဖြန့်ချိသွားမယ်လို့ အစိုးရ လျှပ်စစ်အားကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့အကြီးဆုံးမြို့ ရှန်ဟိုင်းမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ပါးစပ်ကနေ ရှူသွင်းရတဲ့ COVID-19 ကာကွယ်ဆေးအစီအစဉ် စတင်နေပြီလို့ မြို့တော်အစိုးရ အဖွဲ့က ပြောပါတယ်။
သဘာဝဓါတ်ငွေ့ဈေးတွေ စံချိန်တင်တက်နေတာကြောင့် ထိုင်းနိုင်ငံမှာ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတချို့ လည်ပတ်နိုင်တဲ့သက်တမ်းကို စွမ်းအင်ဆိုင်ရာလုပ်ထုံးလုပ်နည်းကော်မရှင်က သက်တမ်းတိုးလိုက်ပါတယ်။
ယူကရိန်းကိုထောက်ခံပြီး တရုတ်ရဲ့စိန်ခေါ်မှုတွေကိုအတူတုံ့ပြန်ကိုင်တွယ်ဖို့ အမေရိကန် သမ္မတ ဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ်သစ် Rishi Sunak တို့ အင်္ဂါနေ့က သဘောတူခဲ့ကြပါတယ်။
ရွေးကောက်ပွဲ မဲမသမာမှုနဲ့ ထောင်ဒဏ်သုံးနှစ်စီကျခံထားရသူ၊ ချုပ်ရက်လျော့ပြီး ထောင်ဒဏ် တနှစ်ကျော်ကျန်သေးတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ဒီကနေ့ ပြန်လွတ်လာပေမယ့် ဘာကြောင့် လွှတ်ပေးလိုက်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မြန်မာနိုင်ငံမှာ မကြာသေးခင်ကဖစ်ပျက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝှမ်း ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကြပ်အတည်း ပိုပြီး ဆိုးဝါးသွားနိင်တဲ့အကြောင်းနဲ့ အထူးစိုးရိမ်တဲ့အကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ Rishi Sunak က လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းတွေကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသွားမယ့်အကြောင်းနဲ့ တာဝန်သိမှု တာဝန်ခံမှုရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတရပ်ကို ဦးဆောင်သွားပါမယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ရတဲ့အထိ တနင်္ဂနွေနေ့က စစ်တပ်ရဲ့လေတြေိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးကို လွှဲသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အင်္ဂါနေ့ က ပြောပါတယ်။
အမေရိကန်တရားရေးဌာနက တရုတ်ထောက်လှမ်းရေးအရာရှိနှစ်ယောက်ကို လျှို့ဝှက်သတင်းတွေ ခိုးယူမှု နဲ့ တရားစွဲဆိုလိုက်ပါတယ်။
မြန်မာအတိုက်အခံတွေကို အာဆီယံက တရားဝင် သိအမှတ်ပြုဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းရေး္စတွေကို ကြာသပတေးနေ့ ကျင်းပမယ့် အထူးအစည်းအဝေး အတွင်း ဆွေးနွေးနိုင်တဲ့အကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ထိုင်းသံအရာရှိဟောင်း Kobsak Chutikul က ထိုင်းနိုင်ငံ PBS သတင်းဌာနကို ပြောပါတယ်။
ဗိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်သစ်အဖြစ် ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak ကို လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက ရွေးချယ် တင်မြောက်လိုက်ပြီး ဒါဟာ ၄၅ ရက်အတွင်း တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာသူလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မည်းစာရင်း သတ်မှတ်လိုက်ပြီးတဲ့နောက် ကျပ်ငွေနဲ့ ဒေါ်လာလဲနှုန်းအပေါ် ကောလဟလ သတင်းတွေ အမျိုးမျိုးထွက်နေပြီး ကျပ်ငွေတန်ဖိုး ထပ်ကျဆင်းမှာကို ပြည်တွင်း စီးပွားရေးအသိုင်းအဝိုင်းကြား စိုးရိမ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်