ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို သေဒဏ်ပေးခဲ့တဲ့အတွက် သေဒဏ်ဆိုင်းငံ့ထားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ၃၄ နှစ်တာ ဂုဏ်ယူစရာသမိုင်းကြောင်းကို ပျက်သုဉ်းစေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး လူမှုကွန်ယက် စာမျက်နှာမှာ မနေ့က သေဒဏ်ဆန်ု့ကျင်ရေးနေ့မှာ ရေးသားထားပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN ချမှတ်တဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်နိုင်မှုအပေါ် သုံးသပ်ဖို့ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတွေ ကမ္ဘောဒီးယားနိုင်ငံမှာ အထူးအစည်းအဝေးတရပ်ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။
အရပ်ဘက်အသုံးပြုဖို့ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်ကြား ကူညီပေးခဲ့တဲ့ သင်္ဘော ၃ စီးအနက် ၂ စီးကို မြန်မာစစ်တပ်က စစ်သား ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် မေယုမြစ်တလျှောက် ဘူးသီးတောင်ကိုပို့ရာမှာ စက်တင်ဘာလကသုံးခဲ့တဲ့အတွက် တာဝန်ရှိသူတွေကို ပိတ်ဆို့ အရေးယူဖို့ ဂျပန်နိုင်ငံကို HRW က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ရွေးကောက်ပွဲသစ်ကျင်းပဖို့ ပါလီမန်ကို ဖျက်သိမ်းလိုက်ကြောင်း မနေ့က ကြေညာခဲ့ပြီးနောက် နိုဝင်ဘာလဆန်း ပုံမှန်ထက်စောပြီးကျင်းပဖို့မျှော်လင့်ထားတဲ့ ရွေးကောက်ပွဲဟာ မြန်မာ့ နိုင်ငံရေးအကြပ်အတည်းပေါ် ရိုက်ခတ်နိုင်ကြောင်း The Diplomat သတင်းစာမှာ ရေးသားထားပါတယ်။
အသက် ၉၇ နှစ် ရှိပြီဖြစ်တဲ့ မလေးရှားခေါင်းဆောင်ဟောင်း မဟာသီယာ မိုဟာမက်က ရွေးကောက်ပွဲဝင်မယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
နေပြည်တော်စစ်တိုင်း၊ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ က ဆေးသုတေသနတပ်ရဲ့ တပ်ကြပ်ကြီးစာရေးမတဦး မိဘအိမ်အပြန်လမ်းမှာ အောက်တိုဘာလ ၃ ရက်နေ့က အဖမ်းခံလိုက်ရတယ်လို့ နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသကနေ နေ့စဉ် မက်သမ်ဖက်တာမင်း (Methamphetamine) စိတ်ကြွဆေးပြား အနည်းဆုံး သန်း ၂၈၀ ကို မူးယစ်ဆေးထုတ်လုပ်သူတွေက တင်ပို့နေတဲ့အကြောင်း ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin ကို ကိုးကားပြီး မနေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့နေ့မြတ် သီတင်းကျွတ်မှာ နိုင်ငံသားတွေ ငြိမ်းချမ်းပြီး ရိုးရှင်းတဲ့ဘဝမှာနေထိုင်ခွင့်ရပြီး စစ်အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးမှု၊ နှိပ်စက်ညှင်းပန်းမှုတွေ အိုးအိမ်ဖျက်ဆီးခံရမှုနဲ့ ချိပ်ပိတ်ခံရမှုဒုက္ခအပေါင်းက ကင်းစေကြောင်း သီးခြားလွတ်လပ်တဲ့ ကက်သစ်လစ်ဘာသာ ကိုးကွယ်သူများအဖွဲ့ ICJM ကဆုတောင်းပါတယ်။
မောင်တောခရိုင်မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ဒီနေ့မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေနဲ့ပါ တန်ပြန် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနှစ်အတွက် စီးပွါးရေးဆိုင်ရာ နိုဘဲလ်ဆုကို အမေရိကန် စီးပွါးရေးပညာရှင် သုံးယောက်ဖြစ်တဲ့ Ben Bernanke၊ Douglas Diamond နဲ့ Philip Dybvig တို့က ပူးတွဲရရှိသွားကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြည်ထောင်စုဥပဒေအရ ဆေးခြောက်ပိုင်ဆိုင်မှုနဲ့ ပြစ်ဒဏ်ချခံထားရသူ ထောင်နဲ့ချီကို သမ္မတ Joe Biden လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပါတယ်။
အလုံးစုံပျက်သုဉ်းနိုင်တဲ့ စစ်ပွဲဖြစ်နိုင်ခြေအန္တရာယ်ဟာ ၁၉၆၀ ပြည်နှစ်ပိုင်းတွေထဲကဆိုရင် အမြင့်ဆုံးကို ရောက်နေတယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
ထိုင်းမြောက်ပိုင်းက ကလေးငယ်အများစုသေဆုံးခဲ့ရတဲ့ နေ့ကလေးထိန်းကျောင်းဆီ ထိုင်းဝန်ကြီးချုပ် Prayuth Chan-Ocha သွားရောက်ပြီး ကျန်ရစ်သူ မိသားစုတွေကို ဒေါ်လာ ၃ ထောင်ကနေ ၅ ထောင်ကျော်တန်ဖိုးနဲ့ညီတဲ့ ထိုင်းဘတ်ငွေ ၁ သိန်းကနေ ၂ သိန်းကြား ပမာဏရေးထားတဲ့ ချက်လက်မှတ်တွေပေးပြီး နှစ်သိမ့်အားပေးခဲ့ပါတယ်။
ဥရောပမှာဆောင်းဝင်စပြုလာပြီး ရာသီဥတု ပိုအေးလာတာနဲ့အမျှ ကိုဗစ်ကာကွယ်ဆေးတွေ ခနခန ထိုးနေရပြီး ဆေးအမျိုးအစားသစ်တွေလည်း အမျိုးမျိုးဖြစ်လာတဲ့အခါ လူတွေက အားဖြည့်ကာကွယ်ဆေးမထိုးချင်တော့တာကနေ ကူးစက်မှုတွေ ပြန်များလာမှာကိုလည်း ပညာရှင်တွေက သတိပေးနေကြပါတယ်။
ဒီနှစ် ၂၀၂၂ ခုနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ဘဲလားရုစ်နိုင်ငံက လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားသူတဦးနဲ့အတူ ယူကရိန်းလူ့အခွင့်အရေးအဖွဲ့တခုနဲ့ ရုရှားလူ့အခွင့်အရေးအဖွဲ့ တခုတို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။
ဗွီအိုအေမြန်မာပိုင်းရဲ့ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကို တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ ပုဇွန်တောင်မြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး ဒီပုဒ်မနဲ့ပဲ ဗဟန်းမြို့နယ်တရားရုံးမှာစွဲထားတဲ့ အမှုအတွက်လည်း လာမယ့်ကြာသပတေးနေ့မှာ အမိန့်ချမယ်လို့ ခန့်မှန်းရပါတယ်။
မြန်မာနိုင်ငံမှာ မနှစ်က ဖေဖေါ်ဝါရီ ၁ ရက် မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို လက်နက်ရအောင် ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ ကုမ္ပဏီ တခုကို အမေရိကန်ပြည်ထောင်စုက အရေးယူလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတိုးလာနေပြီး၊ သတင်းသမားတွေရဲ့လုံခြုံရေး စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ သတ်ဖြတ် ဖမ်းဆီးတာ၊ ရာဇဝတ်ကြောင်းနဲ့ အရေးယူ ထောင်ချတာ၊ သတင်းဌာနကို စီးနင်းတာ အပါအဝင် ဖိနှိပ်မှုပေါင်း ၂၀၀ ကျော်ကို UNESCO က မှတ်တမ်းတင်ထားပါတယ်။
မြန်မာနိုင်ငံမှာ လူသားစာနာမှု အကူညီလိုအပ်နေသူ ၃ သန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က အောက်တိုဘာလ ၆ ရက်နေ့မှာပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အကူညီလိုအပ်သူတွေ တိုးလာနေကြောင်းနဲ့ ကုလသမဂ္ဂက ၂၀၂၂ ပထမနှစ်ဝက်ထဲ ၃.၁ သန်းကို အကူညီပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ မစ္စတာ တိုရူကူဘိုတာ Toru Kubota ကို အောက်တိုဘာ ၅ ရက် မနေ့က ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ်ခုနစ်နှစ် ပြစ်ဒဏ် ချမှတ် လိုက်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာလည်း အမှုကို တရားရုံးက ကြားနာဖို့ စီစဉ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်