ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ ပြင်သစ်အခြေစိုက် FATF အဖွဲ့ရဲ့ အမည်မည်းစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းမယ့်ပုံရှိကြောင်း အနောက်နိုင်ငံနဲ့ အာရှအစိုးရအရာရှိ ၄ ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Nikkei Asia သတင်းစာမှာ ရေးပါတယ်။
မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေကို ထိန်းချုပ်နိုင်ပြီး ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း လာမယ့်နှစ် ပြုလုပ်သွားနိုင်မယ့် အခြေအနေရှိတယ်လို့ မြန်မာစစ်ကောင်စီခေါင်းဆောင်က ရုရှားသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုပါတယ်။
ဗြိတိန်မှာစီးပွါးရေး ကသောင်းကနင်းဖြစ်ပြီး မီတာခတွေ ထိုးတက်နေချိန်မှာ ဝန်ကြီးချုပ်ဟောင်း Boris Johson ရဲ့နေရာကို ဆက်ခံသူ နိုင်ငံခြားရေးဝန်ကြီး Liz Truss ဟာ ဒီကနေ့ အင်္ဂါနေ့မှာ ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ် သစ် ဖြစ်လာပါပြီ။
ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို ခရီးသွားတာနဲ့ပတ်သက်ပြီးကန့်သတ်မှုကို ဗြိတိန်နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၆ ရက်မှာ သက်တမ်းထပ်တိုးလိုက်ပြီး မသွားမဖြစ်ကိစ္စမှတပါး မသွားဖို့၊ ရန်ကုန်ကလွဲလို့ တခြားနေရာတွေကို မသွားရောက်ဖို့ တားမြစ်ထားပါတယ်။
မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားစွမ်းအင်စက်ရုံတခု ကူညီ တည်ဆောက်ပေးနိုင်ရေးအတွက် ရည်မှန်းထားတယ်လို့ ရုရှားအစိုးရပိုင် Rosatom နျူကလီးယားစွမ်းအင်ကော်ပိုရေရှင်းက ထုတ်ပြန်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်နားမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ ကြုံရပြီးတဲ့နောက် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာဒုက္ခသည်အသစ်တွေဝင်လာကြောင်း အိန္ဒိယအာဏာပိုင်တွေ ကို ကိုးကားပြီး NDTV သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်သစ်အဖြစ်ခန့်အပ်နိုင်ဖို့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး Liz Truss ကို ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ပါပြီး မနက်ဖြန် အင်္ဂါနေ့ကျရင် Liz Truss ကို ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ဘုရင်မကြီး Elizabeth က တရားဝင် ခန့်အပ် ချီးမြှောက်ပေးမှာ ဖြစ်ပါတယ်။
လူမှုအခွင့်အရေးတွေအတော်များများပေးထားပြီး ကမ္ဘာပေါ်မှာ အတိုးတက်ဆုံးဖွဲ့စည်းပုံတခုဆိုပြီးတင်စားကြတဲ့ ချီလီနိုင်ငံဖွဲ့စည်းပုံအသစ် အဆိုပြုတာကို ချီလီမဲဆန္ဒရှင်တွေ ပယ်ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာကျရောက်တဲ့ အလုပ်သမားနေ့အခမ်းအနားမှာ ပါဝင်ဆင်နွှဲဖို့ သမ္မတဂျိုးဘိုင်ဒန်က ဝတ်စ်ကွန်ဆင်နဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေဆီ ဒီကနေ့ သွားရောက်မှာပါ။
အထိန်းသိမ်းခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို အထူးစိုးရိမ်ကြောင်းနဲ့ တွေ့ဆုံခွင့်မရဘူးဆိုရင် နောက်တခေါက် မြန်မာနိုင်ငံကိုသွားမှာမဟုတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ပြောဆိုတာကို Aljazeera သတင်းမှာ ဖေါ်ပြပါတယ်။
ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက် ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကုလသမဂ္ဂ နျူကလီယားရေးကျွမ်းကျင်သူတွေ အခု စစ်ဆေးနေတဲ့ ရုရှားထိန်းချုပ်ထိန်းချုပ်ထားရာ Zaporishshia နျူကလီယားစွမ်းအင်စက်ရုံအနီး Enerhodar ခရိုင်ကိုလည်း လက်နက်ကြီးတွေ ကျရောက်နေတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အခု သောကြာနေ့ ထုတ်ပြန်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ရွေးကောက်ပွဲမသမာမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် နေပြည်တော် အကျဉ်းထောင်တရားရုံးက ဒီနေ့ ချမှတ်လိုက်ပါတယ်။
မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ ဇနီးဖြစ်သူ Rosmah Mansor ကို အစိုးရ ကန်ထရိုက်အတွက် အဂတိလိုက်စားတယ်ဆိုတဲ့ စွဲချက်နဲ့ မလေးရှား တရားရုံးကနေ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ယူကရိန်းက Zaporizhzhia နျူကလီယား ဓါတ်အားပေးစက်ရုံကနေ နျူကလီယားအဆိပ်သင့် အန္တရာယ်ကြုံမှာကို အများက စိုးရိမ်နေကြချိန်မှာပဲ စက်ရုံတဝိုက် ပစ်ခတ်မှုတွေတိုးလာနေတယ်လို့ IAEA အကြီးအကဲ Rafael Grossi က ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet တာဝန်သက်တမ်း ကုန်ဆုံးဖို့ မိနစ်ပိုင်း အလိုမှာပဲ အချိန်အတော်ကြာ စောင့်ဆိုင်းနေကြတဲ့ တရုတ်နိုင်ငံ ရှင်ကျန်းဒေသက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။
အိုမီခရွန် ကိုဗစ်မျိုးကွဲ အန္တရာယ်က ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ ပထမဆုံး အားဖြည့်ကာကွယ်ဆေး အမျိုးအစားသစ်တွေကို အမေရိကန် အစားအစာနဲ့ ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး (FDA) က အတည်ပြုလိုက်ပါတယ်။
ဆိုဗီယက်ယူနီယံ ခေါင်းဆောင်ဟောင်း Mikhail Gorbachev ကွယ်လွန်သွားတဲ့အပေါ် ကမ္ဘာတလွှားက ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ ဝမ်းနည်းစကား ပါးခဲ့ကြပါတယ်။ Gorbachev ဟာ စစ်အေးခေတ်ကို အဆုံးသတ်ပြီး ကွန်မြူနစ်အရှေ့ဥရောပကို ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့သူဖြစ်ပေမဲ့၊ သူ့လက်ထက်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲ ခဲ့ပါတယ်။
ယူကရိန်း Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ပစ်ခတ်တိုက်ခိုက်မှုအတွက် ရုရှားနဲ့ယူကရိန်း နှစ်နိုင်ငံကြား အပြန်အလှန် စွပ်စွဲပြောဆိုနေကြချိန်မှာပဲ ကုလသမဂ္ဂရဲ့ နျူကလီးယားလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ ဓာတ်အားပေးစက်ရုံကို ရောက်သွားပါပြီ။ လုံခြုံရေးစနစ်တွေကို စစ်ဆေးမှာပါလို့ IAEA က ပြောပါတယ်။
ယူကရိန်းက Zaporizhzhia နျူကလီယားဓာတ်အားပေးစက်ရုံ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး အကဲဖြတ်စစ်ဆေးဖို့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့တဖွဲ့ ရုရှားထိန်းချုပ်ထားတဲ့ စက်ရုံရှိရာကို ဒီကနေ့ သွားရောက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်