ယူကရိန်းစစ်ပွဲအတွင်း အိုးမဲ့အိမ်မဲ့ ကလေးငယ်တွေကို ကူညီဖို့ နိုဘယ်ငြိမ်းချမ်းရေးဆုကို လေလံတင် ရောင်းချတဲ့ ရုရှားသတင်းစာဆရာ Dmitry Muratov မနေ့က သူဆုအတွက် ဒေါ်လာ ၁၀၃ သန်းနဲ့ ၅ သိန်း ရရှိသွားပါတယ်။
အာဖဂန်နစ္စတန်မှာ ၆ လကြာ ဖမ်းဆီးထားတဲ့ ဗြိတိန်နိုင်ငံသား (၅)ကို တာလီဘန်တွေက ပြန်လွှတ်ပေးလိုက်ကြောင်း တာလီဘန် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ သူတို့နိုင်ငံသား (၅)ဦး ပြန်လည်လွတ်မြောက်လာပြီလို့ ယူကေက ကြေညာခဲ့အပြီး မကြာခင်မှာပဲ တာလီဘန်တို့ဖက်က အတည်ပြုခဲ့တာပါ။
သီရိလင်္ကာနိုင်ငံရဲ့အကြပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ဟာ အရေးပါတဲ့ဆွေးနွေးမှုတွေကို တနင်္လာနေ့မှာ စတင်လုပ်ဆောင်နေပါတယ်။
နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ရဲ့ အာရှပစ္စဖိတ်ဒေသဆိုင်ရာအကြီးအကဲ Christine Cipolla ဟာမြန်မာနိုင်ငံကို ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိသွားရောက်ခဲ့ပြီးလူသားခြင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီပေးရေးကိစ္စတွေအတွက်စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့ကြာင်း တနင်္လာ နေ့မှာ ICRC ကပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးနေပြီး ဒီရက်ပိုင်းတွေအတွင်းမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့နဲ့ ဆွေးနွေးခဲ့ပါတယ်။
ကိုလံဘီယာ သမ္မတ အဖြစ် ယခင် ပြောက်ကျားတပ်ဖွဲ့ဝင်ဟောင်း Gustavo Petro ကို ပြည်သူတွေ က တနင်္ဂနွေနေ့ က ရွေးကောက်တင်မြှောက်လိုက်ကြပါတယ်။ ဒါ ဟာ လက်တင် အမေရိကတိုက် လက်ဝဲသမားတွေ ရဲ့ သမိုင်းဝင် အောင်ပွဲလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်က အကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ တိုတယ်ရေနံကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးတွေဆက် မပေးနေနိုင်အောင် တားမြစ်ဖို့ ပြင်သစ်အစိုးရကို မြန်မာနဲ့ နိုင်ငံတကာ လူထုအခြေပြုလူမှုအဖွဲ့ အစည်းတွေက ဝိုင်းဝန်း တောင်းဆိုလိုက်ပါတယ်။
“အဲ့ဒီဆရာရဲ့ ဆွေမျိုးဖြစ်တယ်၊ နောက် ဆရာမရဲ့အမေ သူတို့ကတော့ ခရိုင်အုပ်ချုပ်ရေးမှူးရုံမှာပိုက်ဆံလွှဲဖို့ စီစဉ်နေတယ်ပေါ့နော် ဒီနေ့ ဟုတ်ကဲ့ပါ။ ငွေကြေးက တာကာ သိန်း ၅၀ လို့ ပြောပါတယ်။ ဒီ ကာတာက သိန်း ၅၀ က ကျနော်တို့ မြန်မာငွေ သိန်း ၁,၀၀၀ နဲ့ညီမျှတယ်လို့တော့ ပြောတာပေါ့။ (ဦးဘထွီးစိန်-ပြည်နယ်ပညာရေးမှူ̔း)
ရုရှား သတင်းစာဆရာ Dmitry Muratov က သူ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု တံဆိပ် ကို ယူကရိန်း ဒုက္ခသည် ကလေးတွေအတွက် ဒီနေ့ တနင်္လာနေ့ မှာ လေလံပစ်ပြီး၊ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ (UNICEF) ကို တိုက်ရိုက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ဆုတောင်းပေးကြတဲ့ပြည်သူတွေကိုကျေးဇူးတင်ကြောင်း၊ ကျန်းမာရေးဂရုစိုက်ဖို့နဲ့ အချင်းချင်းကူညီရိုင်းပင်းကြဖို့ ပြည်သူတွေဆီကိုသတင်းစကားပါးလိုက်ပါတယ်။
အာဏာသိမ်းပြီးကတည်းက ဒုက္ခကြုံတွေ့နေကြတဲ့ လူပေါင်း ၃ သိန်းဝန်းကျင်ကို ကူညီနိုင်ခဲ့ပေမယ့် အခက်အခဲတွေကို ကြီးကြီးမားမား ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ဒီနေ့ ကမ္ဘာ့ဒုက္ခသည်နေ့မှာ ပြောပါတယ်။
သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီဖြန့်ဖြူးတဲ့နေရာမှာ အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့အတွက် အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ ရဲတွေကသေနတ်တွေ ပစ်ဖေါက်ခဲ့ကြကြောင်း တနင်္ဂနွေနေ့မှာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ လောင်စာဆီဝယ်ယူလိုသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား အဓိကရုဏ်းဖြစ်ခဲ့ပြီး ရဲတွေက သေနတ်ပစ်ဖေါက် လူစုခွဲခဲ့ပါတယ်
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေအကြား ပြည်သူတွေ အသက်အိုးအိမ် ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး ပုပ်ရဟန်းကြီး ဖရန်စစ်က မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင် ရပ်တည်ခွင့်ကို လေးစားဖို့ တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
တာဝန်က အနားယူတော့မယ့် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့သမီးဖြစ်သူ Sara Duterte ဟာ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲမှာ အနိုင်ရထားတာကြောင့် တနင်္ဂနွေနေ့က ဖိလစ်ပိုင် ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲကို သူမရဲ့ မွေးရပ်ဇာတိ ဖိလစ်ပိုင်တောင်ပိုင်း Davao မြို့မှာကျင်းပခဲ့ပါတယ်။
အမေရိကန်မှာ စားသုံးသူတွေရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု သက်သာစေဖို့ ဓာတ်ဆီအပေါ် ဗဟိုအစိုးရက ကောက်ခံတဲ့အခွန်ကို ကာလတခုအထိ ကင်းလွတ်ခွင့်ပေးဖို့နဲ့ တရုတ်သွင်းကုန်တွေကို အခွန်လျော့ပေးဖို့ သမ္မတဂျိုးဘိုင်ဒင်အနေနဲ့ စဉ်စားနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရေကြီးမှုတွေကြောင့် လူ (၁၉) ယောက်ထက်မနည်း သေဆုံးပြီး၊ (၆) သန်းလောက် ရေဘေးဒဏ်ခံနေရတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
အင်တာနက်ကွန်ယက် စသုံးစဉ်တုန်းက လူသုံးများခဲ့တဲ့ Internet Explorer IE browser ကို ၂၇ နှစ်နီးပါးအကြာမှာ Microsoft ကုမ္ပဏီ အပြီးတိုင် အနားပေးလိုက်ပါပြီ။
မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ယူကရိန်းအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ ရုရှားကို ထောက်ပံ့သူတွေကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထောက်ခံလိုက်ပါတယ်။
ယူကရိန်းကို ဥရောပသမဂ္ဂ အီးယူအဖွဲ့ထဲမှာ ပထမအဆင့် အဖွဲ့ဝင်လောင်းအဖြစ် လက်ခံဖို့ ကိစ္စ ဥရောပကောင်စီကို ဥရောပကော်မရှင်က ဒီကနေ့ အကြံပြုလိုက်ပါတယ်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အမေရိကန် ပြည်ထောင်စုက မြို့ကြီး ၁၁ မြို့ အပါအဝင် နိုင်ငံ ၃ နိုင်ငံက မြို့ကြီး ၁၆ မြို့မှာ ကျင်းပဖို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA က ကြေညာလိုက်တာကြောင့် မနေ့က နယူးယောက်နဲ့ နယူးဂျာစီပြည်နယ် ခေါင်းဆောင်တွေ အောင်ပွဲခံခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်