ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေ ကြာသာပတေးနေ့က မြို့တော် ဒက်ကာမှာ ချီတက် ဆန္ဒပြကြပြီး တမန်တော် မိုဟာမက်အပေါ် စော်ကားပြောဆိုခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အိန္ဒိယ အာဏာရပါတီ တာဝန်ရှိသူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အစိုးရတွေက တရားဝင် ပြစ်တင်ရှုံ့ချပေးဖို့ တောင်းဆိုကြပါတယ်။
ရုရှားကျုးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပြင်သစ်သမ္မတ Emmanuel Macron ဂျာမန်ဝန်ကြီးချုပ် Olaf Scholz နဲ့ အီတလီဝန်ကြီးချုပ် Mario Draghi တို့ Kyiv မြို့တော်ကို ကြာသပတေးနေ့က သွားရောက်ကြပါတယ်။ ယူကရိန်းပြည်သူတွေအတွက် ညီညွတ်ကြောင်း သတင်းစကားပါးဖို့ ပြောဆိုခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ တဝိုက်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှား သူတွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်ဆီးနိတ် လွှတ်တော်ကိုယ်စားလှယ် တချို့ကို ကြာသာပတေးနေ့က သွားရောက်တွေ့ဆုံ တိုက်တွန်းခဲ့သလို၊ ထိုင်းနိုင်ငံသရုံးရှေ့မှာလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ အရေးယူအပြစ်ပေးမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ ၁၀ နှစ်ဆက်တိုက် တိုးလာနေပြီး၊ မှတ်တမ်းပြုစုချိန်ကစလို့ ၂၀၂၁ ခုနှစ်မှာ အမြင့်ဆုံးဖြစ်ကြောင်း UNHCR ကထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာဖော်ပြပါတယ်။
အကြမ်းဖက်မှု စွပ်စွဲချက်နဲ့ သေဒဏ်ချမှတ်ထားတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို ကွပ်မျက်မယ့် အစီအစဉ်ကို ချက်ခြင်းရပ်ဖို့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့အစည်း ၁၀၀ ကျော်က စုပေါင်းတောင်းဆိုလိုက်ပါတယ်။ ကွပ်မျက်ဖို့ စီစဉ်နေတဲ့အပေါ် စိုးရိမ်ကြောင်းထုတ်ပြန်ကြတာပါ။
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံနေရတဲ့ ယူကရိန်းနိုင်ငံကို အားပေး ထောက်ခံမှု ပြသတဲ့အနေနဲ့ ပြင်သစ်သမ္မတ Emmanuel Macron ၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ၊ အီတလီဝန်ကြီးချုပ် Mario Draghi နဲ့ Romanian သမ္မတ Klaus Iohannis (ကလောက်စ် ယိုဟန်းနစ်) တို့ ယူကရိန်းနိုင်ငံကို ဒီနေ့ သွားရောက်ပါတယ်။
ရေနယ်နိမိတ်မှာ တရုတ်ရေတပ်ရဲ့ခြေလှမ်းဖြန့်နိုင်မှုကို ပြသတဲ့အနေနဲ့ တရုတ်နိုင်ငံက အကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး ဖျက်သင်္ဘောတစီး ဂျပန်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေပါတယ်။
အိန္ဒိယနိုင်ငံ New Delhi မြို့တော်မှာ ဒီနေ့ ဇွန်လ ၁၆ ရက်စတင်ကျင်းပတဲ့ အာဆီယံနဲ့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကြား အထူးစည်းဝေးပွဲမှာ ၂ ဘက်ဆက်ဆံရေး ပိုပြီးခိုင်မာအောင်လုပ်ဖို့ အရေးကြီးတဲ့အကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးတင်းမာနေချိန်မှာပဲ ကမ္ဘာတဝှမ်း တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး စုံစမ်းနိုင်အောင် China House လို့ ခေါ်တဲ့ ဌာနအသစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွဲ့စည်းလိုက်ပါတယ်။
အမေရိကန်သမ္မတဖြစ်လာအပြီး ပထမဆုံး အရှေ့အလယ်ပိုင်းခရီးစဉ်စဖို့ သမ္မတ Joe Biden စီစဉ်နေပြီး အစ္စရေး၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကို မကြာခင်သွားဖို့ရှိတယ်လို့ အိမ်ဖြူတော်က မနေ့က ကြေညာလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအစည်းအဝေးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေ အင်္ဂါနေ့က အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။
လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးဂျင်မီ ခေါ် ဦးကျော်မင်းယုတို့ကို ရည်ညွှန်းပြီး ဒီမိုကရေစီရေးလှုပ်ရှားကြသူနဲ ချမှတ်ထားတဲ့ ကြိုးမိန့်တွေကို ရပ်လိုက်ဖို့ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ ပြောသွားပါတယ်။
ရုရှားကျူးကျော်စစ် ၄ လ နီးနီး ရှိလာတဲ့အခါမှာ ယူကရိန်းကို စစ်ရေးအကူအညီ တိုးပေးနိုင်ရေး ဆွေးနွေးဖို့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေနဲ့ အစည်းအဝေးတရပ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဗုဒ္ဓဟူးနေ့မှာ ဦးဆောင်ကျင်းပခဲ့ပါတယ်။
သြစတြေးလျမှာ ပညာတော်သင်အဖြစ် ရောက်နေကြတဲ့ မြန်မာကျောင်းသူ ကျောင်းသားတွေဟာ အရင် သတ်မှတ်ချက်တွေအတိုင်း ပြန်သွားရမယ်ဆိုရင် သူတို့လုံခြုံရေး စိတ်မချရတာအပြင် မြန်မာတိုးတက်ရေးအတွက် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်က ပြောပြီး နေထိုင်ခွင့်သက်တမ်းတိုးပေးဖို့ တောင်းဆိုပါတယ်။
မြန်မာဆိုင်ရာ ကုလလူ့အခွင့်ရေး အထူးကိုယ်စားလှယ်အနေနဲ့ လာမယ့်သောကြာနေ့မှာ မလေးရှားသွားပြီး မြန်မာနိုင်ငံက ဆိုးဝါးလာတဲ့ လူ့အခွင့်အရေးတွေအကြောင်း ဖော်ထုတ် မှတ်တမ်းတင်ဖို့ ရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံကို အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ထားတဲ့ နေပြည်တော်နဲ့ ရန်ကုန်တို့မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာရယူမှု၊ အဆောက် အဦး ဆောက်လုပ်မှု စတဲ့အမှုတွေအတွက် ပြန်ခေါ်သက်သေတွေကို ဒီတပတ်မှာ စစ်ဆေးပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီအနေနနဲ့ ညှိနှိုင်းလိုတဲ့ ဆန္ဒရှိတယ်ဆိုတာမျိုး တစုံတရာမပြတဲ့အပြင် သူတို့အာဏာခိုင်မြဲအောင် ဆက်လုပ်နေတဲ့အတွက် မြန်မာပြည်သူတွေ ပေးဆပ်နေကြရတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလကတည်းက စစ်အာဏာသိမ်းမှုရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ခံနေကြရတဲ့ မြန်မာပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှု၊ အိုးအိမ်စွန့် ထွက်ပြေးရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု သံသရာထဲက မထွက်နိုင်ကြဘဲ လူ့အခွင့်အရေးအခြေအနေဟာ သိသိသာသာကျဆင်းလာတယ်လို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Bachelet က ပြောပါတယ်။
ဘဏ္ဍာရေးအကျပ်အတည်းနဲ့အတူ လောင်စာဆီကလည်း ပြတ်လပ်လာတာကြောင့် အစိုးရဝန်ထမ်းတွေ တပတ် ၄ ရက်ပဲ အလုပ်လုပ်ဖို့ သီရိလင်္ကာအစိုးရအဖွဲ့ က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
မြန်မာနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတွေဟာ အရှေ့တောင်အာရှ လုံခြုံရေး ရဲ့ ထိပ်တန်းကိစ္စတွေအဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd J Austin နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး Prayut Chan-o-cha တို့ရဲ့ တနင်္လာ နေ့ အစည်းအဝေးမှာ ပါဝင်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်