ပါကစ္စတန်ဝန်ကြီးချုပ်ကို ရာထူးကဖယ်ရှားရေး လွှတ်တော်ကြိုးပမ်းချက် အောင်မြင်မှု မရခဲ့ပါဘူး။
အမေရိကန်ရေတပ်အတွက် နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော USS Delaware ကို Delaware ပြည်နယ် Wilmington မြို့က အခမ်းအနားမှာ သမ္မတ Joe Biden တရားဝင် တာဝန်အပ်နှင်းလိုက်ပြီး အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အားဖြည့်ပေးနိုင်မှာ ဖြစ်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ နိုင်ငံငယ်တခုအတွက် အလွန်ကြီးမားတဲ့ ကြေကွဲစရာလုပ်ရပ်အဖြစ် ပါကစ္စတန်စစ်တပ် အကြီးအကဲက ပြစ်တင်ရှုတ်ချလိုက်ပြီး အမြန်ဆုံး အပစ်အခတ် ရပ်စဲဖို့လည်း တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူအရှေ့မှာတော့ အမေရိကန်ရောက် မြန်မာနဲ့ ယူကရိန်းနိုင်ငံသားတွေက ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော် တိုက်ခိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ယူကရိန်းတပ်တွေဟာ စနေနေ့မှာ ရုရှားသံချပ်ကာကားတွေ၊ အပျက်အစီးပုံတွေနဲ့ ပြည့်နေတဲ့ မြို့တော် Kyiv မြောက်ပိုင်းက နေရာအတော်များများကို ပြန်လည်သိမ်းယူနေပါတယ်။
ယူကရိန်းနိုင်ငံမှာ အရပ်သားတွေကို လူသားစာနာမှု အကာအကွယ်ပေးဖို့ ကြိုတင်သတ်မှတ်ထားတဲ့ နေရာတချို့ကို ဆက်ပြီး ထိန်းသိမ်းထားရေး ပြဿနာတွေ ရှိနေတဲ့ကြားမှာပဲ နိုင်ငံရဲ့ လူဦးရေများတဲ့ အဓိကနေရာတချို့မှာ အပြင်းအထန်ဖြစ်နေတဲ့ တိုက်ပွဲတွေကနေ လွတ်အောင် ထောင်ပေါင်းများစွာသော ယူကရိန်းနိုင်ငံသားတွေ ထွက်ပြေးနေရပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲကို တွန်းလှန်တာမှာ ဘဲလာရုစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသူတွေလည်း ပါဝင်နေပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်ဖို့အတွက် "လုံခြုံရေးဆိုင်ရာ အကူအညီ" ဒေါ်လာ သန်း ၃၀၀ လျာထားတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဌာနက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ "အခြေအနေ ဘယ်လိုပဲပြောင်းသည်ဖြစ်စေ အချုပ်အခြာ အာဏာပိုင်မှု၊ လွတ်လပ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်တာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံသွားမယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လိင်အင်္ဂါပြောင်းလဲထားသူတွေကို သူတို့ရဲ့ နိုင်ငံကူးလက်မှတ်မှာ ကျား ဒါမှမဟုတ် မ အစား X သင်္ကေတကို ရွေးချယ်ခွင့် ခွင့်ပြုလိုက်သလို လူမှုဖူလုံရေး မှတ်ပုံတင် Social Security ကဒ်တွေမှာ လည်း ကျား၊ မ ရွေးချယ် ထည့်သွင်းခွင့် ခွင့်ပြုတော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ သက်ဆိုင်ရာအသံအားလုံးကို အာဆီယံက ဂရုတစိုက် နားထောင်ဖို့လိုကြောင်း ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာအထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn နဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ လူဦးရေ ၉ သန်းလောက် အစာရေစာ ငတ်မွတ်ခေါင်းပါးနေပြီး မိသားစုတွေဟာ အသက်ရှင်ရပ်တည်ဖို့ ကလေးတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ရောင်းနေကြောင်းနဲ့ အကြွင်းမဲ့ လူသားချင်းစာနာမှုအကူအညီ အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ ဘီလျံ ထောက် ပံ့ပေးဖို့အတွက် ကုလသမဂ္ဂက မနေ့က နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
(၁) - မြန်မာနိုင်ငံကို စာနာမှု အကူအညီပေးနိုင်ရေး သက်ဆိုင်သူတွေ ပါတဲ့ ညှိနှိုင်းဆွေးနွေးပွဲ မေလမှာ ကျင်းပရေး၊ (၂) - ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ Video ကတဆင့် တွေ့ဆုံ ဆွေးနွေးရေးနဲ့ (၃)-့ အာဆီယံကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ရေး...
ရိုဟင်ဂျာအမျိုးသမီးတဦးကို မတ်လ ၂၂ ရက်နေ့မှာ အိန္ဒိယအစိုးရက အတင်းအကျပ် ပြန်ပို့လိုက်တဲ့ဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အသက်အန္တရာယ်ကြီးမားတဲ့ ဒုက္ခအခက်အခဲတွေကို မီးမောင်းထိုးပြရာ ရောက်နေကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell အပေါ်စွဲထားတဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) နဲ့အမှုကို ဒီနေ့ ဇမ္ဗူသီရိအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုတွဲပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ရုံးချိန်း တက်ရောက်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။
ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကျားရှင်ဈာ (Peng Jiasheng) ရဲ့ ဈာပန အခမ်းအနားမှာ မြန်မာနိုင်ငံစစ်ကောင်စီအဖွဲ့ခေါင်းဆောင်တွေနဲ့ ဒေသဆိုင်ရာ စစ်ဘက်ခေါင်းဆောင်တွေက လွမ်းသူ့ပန်းခြင်းတွေ အသီးသီးပေးပို့ခဲ့ကြပါတယ်။
ယူကရိန်းကစစ်ဆင်ရေးတချို့ကို လျှော့ချမယ်လို့ ရုရှားက ပြောဆိုပြီး နာရီပိုင်းအကြာမှာ သူတို့ကို အကူအညီတွေထပ်ပေးဖို့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့က အမေရိကန်ကို တောင်းဆိုလိုက်ပါတယ်။
၃၆ ရက်ကြာ ရုရှားကျူးကျော်စစ် အဆုံးသတ်ဖို့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ စေ့စပ် ညှိနှိုင်းပွဲအတွင်း ယူကရိန်းက တောင်းဆိုချက်တွေကို စာပေးပို့ခဲ့တဲ့အပေါ် ရုရှားအစိုးရက ကြိုဆိုပေမယ့် နောက်ဆုံးသဘောတူညီချက် တခုရဖို့ ဘယ်လို အလားအလာကောင်းမျိုးမှ မတွေ့ဘူးလို့ ရုရှားပြောခွင့်ရ Peskov က သတင်းထောက်တွေကိုပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ဟာ အာရှဒေသသုံးနိုင်ငံကို ခရီးထွက်နေပြီး အခုခရီးစဉ်အတွင်း သူသွားတဲ့နိုင်ငံတိုင်းမှာ မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးဖို့ရှိပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုကြောင့် ဒုတိယကမ္ဘာစစ်ကတည်းကဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာဆိုင်ရာ အဆိုးရွားဆုံး အကျပ်အတည်းနဲ့ ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) အကြီးအကဲက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်