ကိုဗစ်ကပ်ရောဂါ ရဲ့ မူလဇစ်မြစ်ကို နောက်ဆုံးအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ခိုင်လုံမှုမရှိနိုင်တာဟာ တရုတ်နိုင်ငံဖက်က အချက်အလက်တွေ ပျောက်ဆုံးကုန်တာက အဓိက အကြောင်းအရာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြာသပတေးနေ့က ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ ပထဝီဝင်နိုင်ငံရေးအရ အားပြိုင်မှုတွေ ကြီးထွားလာနေချိန်မှာပဲ အာရှဒေသက မော်လဒိုက်နိုင်ငံမှာ အမေရိကန်က ပထမဆုံးအကြိမ်အဖြစ် သံရုံးဖွင့်လှစ်နိုင်အောင် အမြန်ဆုံး စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။
အီရန်နိုင်ငံက နျူကလီးယားစက်ရုံတွေမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ ၂၇ ခုကို ဖယ်ရှားလိုက်တာကြောင့် နျူကလီးယား လုပ်ငန်းတွေကို စောင့်ကြည့်ဖို့ မလွယ်တော့ကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲက ပြောလိုက်ပါတယ်။ အီရန်ရဲ့ လုပ်ရပ်ဟာ စိုးရိမ်စရာ စိန်ခေါ်မှုဖြစ်တယ်လို့ IAEA က ပြောပါတယ်။
ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းတပ်တွေဖက်က ဝင်တိုက်ပေးခဲ့သူတွေအဖြစ် ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ မော်ရိုကိုနိုင်ငံသား ၁ ဦးတို့ကို သေဒဏ်စီရင်ချက် ချမှတ်လိုက်ကြောင်း ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ပြောလိုက်ပါတယ်။ ယူကရိန်းဖက်က ကြေးစားအဖြစ် တိုက်ခိုက်ခဲ့တာကြောင့် ဆုံးဖြတ်ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုမှာ Los Angeles မြို့မှာ ကျင်းပနေတဲ့ အမေရိကတိုက်နိုင်ငံများ ထိပ်သီးစည်းဝေးပွဲဖွင့်ပွဲမှာ ကမ္ဘာ့စိန်ခေါ်မှုတွေကို ဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့ အတူတွဲ ဖြေရှင်းသွားမယ်လို့ သမ္မတ Joe Biden က ကတိပြုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွက် ASEAN က လူသားချင်းစာနာတဲ့ အကူအညီတွေပေးတဲ့အဖွဲ့ထဲမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကိုလည်း ထည့်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah ကပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဆေးကုသမှုအတွက် တရားဝင် စိုက်ပျိုး၊ သုံးစွဲခွင့်ပေးလိုက်ပေမယ့် အပျော်မသုံးဖို့တော့ ဆက်ပြီး ကန့်ထားပါတယ်။
NLD အစိုးရရဲ့ စီးပွားရေးအကြံပေး Australia နိုင်ငံသား Sean Turnell ဆီကတွေ့ရှိတဲ့အချက်အလက်တွေကြောင့် Sean Turnell နဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့အပေါ် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဒီနေ့စွဲချက်တင်လိုက်ပါတယ်။။
ဆူဒန်နိုင်ငံမှာ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂရဲ့ကျိုးပမ်းမှုနဲ့ ဗုဒ္ဓဟူးနေ့မှာ စတင်ဆွေးနွေးပါတယ်။ ကုလသမဂ္ဂရဲ့ကြားဝင်ဆောင်ရွက်မှုနဲ့ ဆူဒန်၊ အာဖရိကသမဂ္ဂနဲ့ အရှေ့အာဖရိကအရှေ့ပိုင်းနိုင်ငံ ၈ ခုကြား ခုလို ဆွေးနွေးနေကြတာပါ။
အမေရိကန်ဟာ NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ထားသလို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကလည်း NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံကြဖို့ တိုက်တွန်းကြောင်း အရှေ့တောင်အာရှ ၃ နိုင်ငံကို ခရီးထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ကို ကိုးကားပြီး Straits Times က ဖော်ပြပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေးထုတ်လုပ်မှုနဲ့ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ ကုလ မူးယစ် တိုက်ဖျက်ရေးအစီရင်ခံစာမှာဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံမှာ ရှေ့သီတင်းပတ်အတွင်း ကျင်းပဖို့ရှိတဲ့ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုမဖိတ်ဖို့ အိန္ဒိယအစိုးရက ဆုံးဖြတ်လိုက်ကြောင်း သံတမန် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး အန္ဒိယသတင်းတွေမှာ ရေးပါတယ်။
မြောက်ကိုရီးယားက မကြာမီ နျူကလီယား လက်နက်တရပ်ကို စမ်းသပ်တော့မယ့် လက္ခဏာပြနေချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က တိုက်လေယာဉ် ၂၀ နဲ့ လေကြောင်းအင်အားတရပ်ကို ပြသလိုက်ကြပါတယ်။
ဘဏ္ဍာရေးအကြပ်ရိုက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လာမယ့် ၆ လစာ ဒေါ်လာ ၅ ဘီလျံလိုအပ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းကို ဂျာမနီနိုင်ငံက လက်နက်တွေ ဆက်လက်ထောက်ပံ့သွားမယ်လို့ ဂျာမနီဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှုကို ကန့်သတ်တာ၊ ဖြတ်တောက်တာ၊ အွန်လိုင်းဆင်ဆာလုပ်တာ၊ ထောက်လှမ်းတာတွေလုပ်နေတဲ့အပေါ် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေက ဝေဖန်အပြစ်တင်လိုက်ကြပါတယ်။
“ကိုဗစ်ဆေး အခု ၅ နှစ်ကနေ ၁၂ နှစ်အထိ မူလတန်းအဆင့် ကျောင်းသူကျောင်းသားတွေကို ဇွန်လ ၂ ရက်နေ့ကနေ စထိုးတယ်။ ကျောင်းသူကျောင်းသားနဲ့ပတ်သက်ပြီးတော့ ပညာရေးဌာနကတော့ အားလုံး တစ်သိန်းနဲ့ ခြောက်သောင်းလောက်ရှိတယ်လို့ သူတို့ ခန့်မှန်းထားပါတယ်။” (ဦးလှသိန်း-ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်မှုတွေကို ဖြိုခွင်းနိုင်ဖို့ စစ်တပ်က ကြိုးစားနေတာနဲ့ အတူဘဲ မြန်မာ စစ်တပ်ဟာ နိုင်ငံမြောက်ပိုင်းမှာ ၃ ရက်တာ နယ်မြေ ရှင်းလင်းမှုတွေ အတွင်း အိမ်ခြေ ရာချီ မီးရှို့ခဲ့တယ်လို့ ဒေသခံ မီဒီယာနဲ့ ဒေသခံပြည်သူတွေက ပြောဆိုကြပါတယ်။
ဗြိတိန်လွှတ်တော်မှာ တနင်္လာနေ့က ဝန်ကြီးချုပ် Boris Johnson အပေါ် အယုံအကြည်ရှိ မရှိ ပါတီတွင်း မဲခွဲဆုံးဖြတ်ရာမှာ ဝန်ကြီးချုပ် Johnson ကို ၅၉ % က အယုံကြည်ရှိကြောင်း မဲထည့်ခဲ့ကြပါတယ်။
ဗြိတိန်ကယူကရိန်းကို အရေအတွက်ဖေါ်ပြထားခြင်းမရှိတဲ့ မစ်ဇိုင်းဒုံး လက်နက်တွေပေးအပ်သွားမှာဖြစ်ပြီး ဒီဒုံးလက်နှက်တွေကိုကိုင်တွယ်ပစ်ခတ်နိုင်ဖို့ ယူကရိန်း တပ်ဖွဲ့တွေကို လာမယ့်အပတ်အတွင်း ဗြိတိန်နိုင်မှာခေါ်ယူသင်တန်းပေးသွားမှာဖြစ် ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက တနင်္လာနေ့မှာထုတ်ဖေါ်ကြေငြာပါတယ်။
နောက်ထပ်ကြည့်ရှုရန်